What's happening?

10 Days of a Good Man MMSub

10 Days of a Good Man MMSub

Mar. 03, 2023Turkey124 Min.Not Rated
Your rating: 0
6 1 vote

Synopsis

Download File Here

ဇာတ်ကားနာမည်ကတော့ မြန်မာလိုဘာသာပြန်ရရင် “လူကောင်းတစ်ယောက်ရဲ့ဆယ်ရက်တာ” တဲ့။ လူကောင်းဆိုတာ ဘယ်လိုလူမျိုးတွေသတ်မှတ်ကြတာလဲ။အကြမ်းဖျင်းသတ်မှတ်ရရင် သူများကို ဒုက္ခမပေး၊အန္တရာယ်မပေး၊ သစ္စာရှိပြီးယုံကြည်ရတဲ့လူမျိုးတွေပေါ့။ဒီဇာတ်ကားထဲက ဆာဒစ် ဟာလည်း အဲ့လိုလူစားမျိုးပဲ။“ကောင်းလွန်းရင် လူပါးဝခံရတတ်တယ်” ဆိုတဲ့စကားအတိုင်းပဲ ဆာဒစ်လည်းအဲ့ဒဏ်ကိုကောင်းကောင်းခံခဲ့ရတယ်။ ဘယ်လောက်ထိလဲဆိုရင် သူ့ဘဝကြီးပြောင်းပြန်လှန်သွားတဲ့အထိပဲ။ ဒီလိုနဲ့ ရှေ့နေအလုပ်ကနေပါ နားလိုက်ရပြီးအလွတ်တမ်းစုံထောက်သဘောမျိုးပဲ လုပ်ကိုင်နေတော့တယ်။ တစ်ရက်ကျသူ့ရဲ့ ရှေ့နေမိတ်ဆွေတစ်ယောက်က သူ့ကလေးထိန်းရဲ့ သားပျောက်သွားလို့စုံစမ်းပေးပါဆိုပြီး အလုပ်အပ်လာခဲ့တယ်။ ဒီလိုနဲ့ လူကောင်းတစ်‌ယောက်ရဲ့ဆယ်ရက်တာ အစပြုခဲ့တာပေါ့။တစ်ဖက်မှာလည်း ထူးဆန်းတဲ့လူနှစ်ယောက်က လူတွေသတ်ပြီး လက်စဖျောက်ပစ်နေတဲ့ကိစ္စကလည်းဖြစ်နေသေးတယ်။ ဒါတွေနဲ့ ပျောက်ဆုံးနေတဲ့ ကောင်လေးကရောဘယ်လိုအဆက်အစပ်ရှိတာလဲ။ ဒီကောင်လေးကဘာလို့ပျောက်ဆုံးသွားတာလဲ။အဲ့ကောင်လေးကရော ဘယ်လိုလူမျိုးလဲ။ ဒီလိုမေးခွန်းတွေအပြင်ကိုမှ လူတွေရဲ့အရှုံးပေးသူကိုမှ အနိုင်လိုချင်တတ်တဲ့ စိတ်ထားတွေ၊ ကိုယ်ချစ်ရတဲ့သူက သစ္စာဖောက်တဲ့အခါ နှစ်ခါပြန်သေခဲ့ရတာမျိုးတွေ၊ ကိုယ်ကျိုးပဲကြည့်ပြီး ဘယ်သူဘာဖြစ်ဖြစ်ဆိုတဲ့ စိတ်ထားမျိုးတွေ၊ ဒီလိုတွေ့နေမြင်နေကျ လူ့သဘောလူ့သဘာဝတွေကိုလည်းဒီဇာတ်ကားထဲမှာတွေ့ရမှာဖြစ်ပါတယ်။ဒီဇာတ်ကားက တူရကီ film တစ်ခုဖြစ်ပြီးCrime/ mystery အမျိုးအစားမျိုးဖြစ်တာကြောင့် လူပျောက်ရှာပုံတော်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဆယ်ရက်တာအတွင်း လူကောင်းတစ်ယောက် ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကြည့်ရှုခံစားလိုက်ကြပါဦး။

A lawyer turned private investigator takes on a missing person case, propelling him on an unexpected and life-altering quest.

10 Days of a Good Man MMSub
10 Days of a Good Man MMSub
Original title İyi Adamın 10 Günü
IMDb Rating 6.6 11 votes
TMDb Rating 6.6 9 votes

Similar titles

Maaran MMSub
Teen Wolf: The Movie MMSub
The Naked Gun: From the Files of Police Squad! MMSub
Spider in the Web MMSub
Wolf Pack MMSub
Segfault MMSub
The Big Hit MMSub
Rigodon MMSub
Killed My Wife MMSub
Breath MMSub
Pipa MMSub
Memory of Water MMSub

Leave a comment

Name *
Add a display name
Email *
Your email address will not be published