What's happening?

Video Sources 569 Views Report Error

  • Watch trailer
47 Ronin MMSub

47 Ronin MMSub

For courage. For loyalty. For honor.Dec. 06, 2013Hungary119 Min.PG-13
Your rating: 0
10 1 vote

Synopsis

Download Small File Here

Download Large File Here

47 Ronins (သို့မဟုတ်) ဂျပန်နိုင်ငံရဲ့သမိုင်းထဲကအံ့ဩမှင်သက်ဖွယ်ရာဖြစ်ရပ်မှာန်ဇာတ်လမ်းတစ်ပုဒ်အပြစ်တစ်ခုကိုလုပ်မိတဲ့အတွက် ပြစ်ဒဏ်ခတ်ခြင်းမခံရတဲ့အခါကမ္ဘာကြီးကဟန်ချက်ပျက်လာတယ်။ အမှားတစ်ခုကိုကျူးလွန်ခဲ့တယ်သူဟာဒဏ်ခတ်အပြစ်ပေးခြင်းမခံရတဲ့အခါ ကောင်းကင်ဘုံကငါတို့ကိုရှက်စရာလူတွေအဖြစ်သတ်မှတ်လိုက်တယ်။ဒီညငါတို့ရဲ့သခင်အတွက်ကလဲ့စားခြေပြီး ဆုံရှုံးသွားတဲ့တို့ရဲ့ဂုဏ်သိက္ခာကို ပြန်အဖက်ဆယ်ကြမယ်။ငါတို့ထဲကဘယ်သူမှဘယ်အချိန်သေမယ် ဘယ်လောက်ကြာကြနေရမယ်ဆိုတာ မသိဘူး။ဒါပေမယ့် အနှေးနဲ့အမြန်ငါတို့သေသွားတဲ့အခါ ငါတို့ရဲ့ရင်သွေးတွေအတွက်ချန်ထားခဲ့နိုင်တဲ့အရာဟာငါတို့ရဲ့နာမည်ကိုသူတို့ရဲ့ပါးစပ်ကထွက်တဲ့အခါ ဘယ်လောက်များများဂုဏ်ယူရမလဲဆိုတဲ့ခံစားချက်သာဖြစ်တာ်။ဒါကဇာတ်ကားထဲက ဒိုင်ယာလော့တစ်ချို့ပါ။ဒီဇာတ်ကားမှာ ဂျပန်နိုင်ငံရဲ့ အမှတ်အသားလိုဖြစ်နေတဲ့ဆာမူရိုင်းတွေရဲ့ စည်းလုံးပုံနဲ့ ဆာမူရိုင်းရယ်လို့နာမည်တစ်လုံးနဲ့ကမ္ဘာမှာခုချိန်ထိကျော်ကြားလောက်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့သူတို့ရဲ့သတ္တိနဲ့ မဆုတ်မနစ်တဲ့စိတ်ဓာတ်တွေကိုတွေ့မြင်ခံစားရမှာပါ။ဂျပန်တွေဟာ သတ္တိအရမ်းကောင်းတယ်။ သေရမှာထက် ရှုံးရမှာကိုပိုပြီးရှက်ကြတယ်။ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ခေါင်းဆောင်တွေဟာလက်နက်ချကြောင်းတရား၀င်ကြေငြာမယ့်သူကလွဲရင်ကျန်တဲ့စစ်ဗိုလ်တွေအားလုံး အဆုံးစီရင်သွားကြတယ်လို့ဖတ်ဖူးတယ်(မှန်မမှန်တော့မသိပါဘူး)။သေတဲ့အခါမှာလည်း ဂုဏ်သိက္ခာရှိတဲ့သေခြင်းဆိုတာကိုကျွန်တော်တို့ချမ်းသာစည်းစိမ်ကိုလိုချင်တပ်မက်သလိုမျိုးကိုမက်မောကြတယ်။ဒီဇာတ်ကားမှာလဲ ဆာမူရိုင်းတွေရဲ့သေခြင်းနဲ့ပက်သက်တဲ့စိတ်ထားကိုရင်သပ်ရှုမောစွာခံစားကြရလိမ့်မယ်။သူတို့ဟာသေပြီးတဲ့နောက်မှာ ဂုဏ်သိက္ခာကိုအရမ်းတန်ဖိုထားနေ‌ေသးတာကိုလေးနက်စွာနားလည်ရပါလိမ့်မယ်။ဂျပန်နိုင်ငံရဲ့ဆာမူရိုင်းလောကမှာ ရိုနင်တွေဟာရှက်စရာအကောင်းဆုံးလူတွေဖြစ်တယ်။ဆာမူရိုင်းတစ်‌ေယာက်ဟာသတ္တိကြောင်ပြီးတိုက်ပွဲကနေထွက်ပြေးခဲ့ရင်ပဲဖြစ်ဖြစ်တိုက်ပွဲမှာရင်ဆိုင်တိုက်ခိုက်ကြရင်း ရှုံးနိမ့်သွားခဲ့ရင်ပဲဖြစ်ဖြစ် သူ့သခင်အပေါ်မှာတာ၀န်မကျေခဲ့ရင်ပဲဖြစ်ဖြစ် ရိုနင်တစ်ယောက်ဖြစ်လာရပါတယ်။ ဆာမူရိုင်းတွေရဲ့တာ၀န်ဟာသူတို့ရဲ့ဆရာသခင်နဲ့ သူတို့နေတဲ့ဒေသကိုကာကွယ်စောင့်ရှောက်ဖို့ဖြစ်တဲ့အတွက်ရိုနင်တွေထဲမှာ ရှက်စရာအကောင်းဆုံးကတော့ ကိုယ့်ရဲ့ဆရာသေသွားလို့ ရိုနင်ဖြစ်လာတဲ့သခင်မဲ့ဆာမူရိုင်းတွေပဲ။ ကိုယ့်ရဲ့အသုံးမကျညံ့ဖျင်းမှုနဲ့တာ၀န်မကျေမှုရဲ့ပြယုတ်မလို့ပါပဲ။ဆာမူရိုင်းတို့ရဲ့စည်းကမ်းတွေဟာတင်းကြပ်လှပါတယ်။တင်းကြပ်သလောက်လဲ ဖောက်ဖျက်မိရင် ရရှိမယ့်ပြစ်ဒဏ်ကပြင်ထန်လွန်းလှတယ်။ဒီဇာတ်လမ်းမှာ အာကို‌ဆိုတဲ့ဒေသကိုအုပ်ချုပ်ရတဲ့သခင်အာဆိုနိုဟာ သူ့ဆီကိုအလည်လာတဲ့သခင်ကီရာကို ဓားနဲ့ရွယ်ခဲ့မိတယ်။ဖြစ်ချင်တော့ အဲ့ဒီ့အချိန်က ဂျပန်နိုင်ငံကိုအုပ်ချုပ်တဲ့စစ်ဗိုလ်ကြီးရှော့ဂန်းကလည်းသခင်အာဆာနိုရဲ့အိမ်မှာကျင်းပတဲ့ပြိုင်ပွဲအတွက်ရောက်နေတဲ့အချိန်လည်းဖြစ်တယ်။အိမ်သူအိမ်သားတွေရှိနေတဲ့ ရဲတိုက်ထဲမှာ ဓားအိမ်ထဲကဓားကိုဆွဲထုတ်ခြင်းအတွက်ပြစ်ဒဏ်ကသေခြင်းပါ။ဒီလိုနဲ့ သခင်အာဆာနိုရဲ့လက်အောက်က ဆာမူရိုင်းတွေဟာသခင်မဲ့ရိုနင်တွေဖြစ်လာကြပါတယ်။ဒါပေမယ့်သူတို့ဟာ သူတို့သခင်ရဲ့သေဆုံးခြင်းဟာတစ်စုံတစ်ယောက်ရဲ့ပယောဂပါနေတယ်ဆိုတာကိုရိပ်မိခဲ့ကြပါတယ်။ အဲ့ဒီလိုနဲ့ပဲအရှက်ကွဲခဲ့တဲ့ရိုနင်တွေဟာ သူတို့ရဲ့သိက္ခာကိုပြန်ဆယ်ဖို့နဲ့သူတို့သခင်ရဲ့ဝိညဉ်တမလွန်မှာငြိမ်းချမ်းစွာအိပ်စက်အနားယူနိုင်ဖို့အတွက်ကလဲ့စားခြေနိုင်ဖို့ကြိုးစားခဲ့ပါတယ်။ဘာတွေဘယ်လိုဆက်ဖြစ်ကြမှာလဲသူတို့ကလဲ့စားခြေတာကရော အောင်မြင်မှာလားအဲ့ဒီ့နောက်မှာရော ဘာတွေဆက်ဖြစ်ကြမလဲခံစားကြည့်ပါဦး။—————-ဒီဇာတ်ကားမှာ ထူးထူးခြားခြားလေးကတော့John Wickဇာတ်ကား‌ေတွနဲ့ကျွန်တော်တို့ရဲ့အချစ်တော်ကြီးဖြစ်လာတဲ့ မင်းသားကြီး Keanu Reevesပါလာတာပါပဲ။သူဟာဒီဇာတ်ကားမှာမှော်ဆန်တဲ့ကျွန်းတစ်ခုကနေထွက်ပြေးလွတ်မြောက်ပြီးဆာမူရိူင်းတို့ရဲ့နေရာကိုရောက်လာတဲ့ကောင်လေးတစ်ယောက်ရဲ့နေရာမှာသရုပ်ဆောင်ထားပါတယ်။ဆာမူရိုင်းတို့ရဲ့နေရာမှာ နေရတဲ့ဆာမူရိုင်းမဟုတ်တဲ့လူတစ်ယောက်အနေနဲ့ နေရထိုင်ရတာမလွယ်ပါဘူး။အနှိမ်ခံရတယ်။ အချိုးခံရတယ်။ဒါပေမယ့် သူကျေးဇူးမမေ့တတ်ပါဘူး။အိမ်ယာမဲ့သူ့ကိုကယ်ထားတဲ့ သူ့ရဲ့သခင်ကို သူချစ်တယ်။ဒါပေမယ့် သူ့သခင်သွေသွားတဲ့နောက်မှာရောသူ့ရဲ့ကံကြမ္မာက ဘယ်လိုဖြစ်လာမှာလဲ။ဆာမူရိုင်းမဟုတ်တဲ့သူကရော ရိုနင်တစ်ယောက်ဖြစ်လာမှာလား။ကလဲ့စားခြေတဲ့အချိန်ကျရင်ရော သူက ဘယ်ဘက်ကရောက်နေမှာလဲဆိုတာလေးတွေပါကြည့်ရှုခံစားလိုက်ကြပါဦး။

Kai—an outcast—joins Oishi, the leader of 47 outcast samurai. Together they seek vengeance upon the treacherous overlord who killed their master and banished their kind. To restore honour to their homeland, the warriors embark upon a quest that challenges them with a series of trials that would destroy ordinary warriors.

47 Ronin MMSub
47 Ronin MMSub
47 Ronin MMSub
47 Ronin MMSub
47 Ronin MMSub
47 Ronin MMSub
47 Ronin MMSub
47 Ronin MMSub
47 Ronin MMSub
47 Ronin MMSub
Original title 47 Ronin
IMDb Rating 6.2 159,830 votes
TMDb Rating 6.142 3,254 votes

Director

Carl Rinsch
Director

Cast

Similar titles

Erotic Sister MMSub
Budak Flat MMSub
Derailed MMSub
This Is Me…Now MMSub
The Bad Seed MMSub
I’m Professional MMSub
Sultan MMSub
Paranoia MMSub
Parundhaaguthu Oor kuruvi MMSub
Blood Karma MMSub
In Merry Measure MMSub
Supercool MMSub

Leave a comment

Name *
Add a display name
Email *
Your email address will not be published