
–
“Apache” ဆိုတဲ့ စကားလုံးကတော့ ဇူနီဘာသာစကားမှာ ရန်သူ ဒါမှမဟုတ် လူမိုက်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ ဇာတ်ကားရဲ့ နာမည်အတိုင်း ပြင်သစ်လူမိုက်တွေအကြောင်းကို ဇာတ်အိမ်တည်ပြီးတော့ သရုပ်ဖော် ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာ အဲလစ်၊ ပေါလ်နဲ့ ထရစ်ကီဆိုတဲ့ မိဘမဲ့ကလေးသုံးယောက်ရှိပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး တစ်ကမ္ဘာလုံးငတ်မွတ်ခေါင်းပါးပြီး ပြန်လည်ထူထောင်နေကြရတဲ့အချိန်ပေါ့။ အဲလစ်တို့ကလည်း ဒီလိုအခြေအနေတွေမှာ လစ်ရင်လစ်သလို သူများပစ္စည်းတွေကိုလိုက်သုတ်တဲ့ သူခိုးလေးတစ်ဖွဲ့ဖြစ်ပါတယ်။ သူတို့နောက်ကွယ်မှာတော့ အပါချီလို့ခေါ်တဲ့ နယ်ခံဂိုဏ်းတစ်ခုရှိပါတယ်။ သူတို့က အဲလစ်တို့သုံးယောက်ကို ခြိမ်းခြောက်ပြီး ပစ္စည်းတွေလိုက်ခိုးခိုင်းတာပေါ့။ တစ်နေ့မှာတော့ အဲလစ်ရဲ့အစ်ကို ပေါလ်က သူဌေးမကြီးတစ်ယောက်ဆီကနေ သူ့ညီမ ပစ္စည်းကို ဂိုဏ်းဆီသွားမပေးဘဲ မလှိမ့်တပတ်လုပ်ပြီး တခြားပွဲစားဆီမှာသွားရောင်းစားပြီးတော့ အဲဒီကာလက ရွှေသီးသီးနေတဲ့ အမေရိကားကို ထွက်ပြေးဖို့လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ အဲလစ်တို့သုံးယောက်ကို ဂိုဏ်းကမိသွားပြီး ပေါလ်ကအသတ်ခံရ၊ အဲလစ်လည်း ထောင်ထဲမှာတိုက်ပိတ်ခံလိုက်ရပါတယ်။အဲလစ်ဟာ ထောင်ထဲနေခဲ့ရတဲ့တစ်လျှောက်လုံး သူ့အစ်ကိုကို့လက်စားချေဖို့ ငြိုးတေးထားခဲ့ပါတယ်။ ၁၅ နှစ်အကြာ အဲလစ်တစ်ယောက် ထောင်ထဲကအထွက်မှာ သူ့အစ်ကိုသတ်ခဲ့တဲ့ “အပါချီ”လို့ခေါ်တဲ့ လူမိုက်ဂိုဏ်းကို အမြစ်ဖြုတ်လက်စားချေဖို့ သူတို့နေခဲ့တဲ့မြို့လေးကို ပြန်လာခဲ့ပါတော့တယ်။ အဲလစ်တစ်ယောက် အပါချီဂိုဏ်းကို ဘယ်လိုလက်စားပြန်ချေမလဲ… သူ့ရဲ့ပျောက်သွားတဲ့ညီ ပေါလ်ကရော ဘယ်တွေရောက်နေလဲ… နောက်ဆုံးမှာ ဘယ်လိုရလဒ်တွေထွက်လာမလဲ… ဆိုတာကို ဒီဇာတ်ကားထဲမှာ ရှုမြင်ခံစားရမှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာဆိုရင်တော့ အမျိုးသမီးဇာတ်ကောင်ကို ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်လို့ သမားရိုးကျ မင်းသမီးမင်းသားဇာတ်ကားတွေလို အီဆိမ့်နေမှာမဟုတ်ပါဘူး။ ဒါ့အပြင် စာရိတ္တပိုင်းဆိုင်ရာသင်ခန်းစာတွေကို များစွာထည့်သွင်းပေးထားတာဖြစ်လို့ ယူရင်ယူတတ်သလို သုတကော ရသပါပေးစွမ်းနိုင်တဲ့ အက်ရှင်၊ ဒရာမာဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။
Paris, 1884. The lives of three orphaned children wandering the streets dominated by ruthless criminals change tragically when they carry out a daring robbery.