
–
၂၀၀၁ ခုနှစ်တုန်းက Disney ကနေ ထွက်ရှိပြီးလူကြိုက်များခဲ့တဲ့ Atlantis The Lost Empire ရဲ့အဆက်ရုပ်ရှင် ဖြစ်ပါတယ်။ဒီကားလေးမှာတော့ ပထမကားတုန်းက အဖြစ်အပျက်တွေပြီးတော့မိုင်လိုကလည်း အတ္တလန်တစ်မှာ ကီဒါနဲ့ အတူနေနေကြပါတယ်ကီဒါကလည်း ဘုရင်မ အဖြစ်ကို ရောက်ရှိနေပါပြီ။အဲဒါနဲ့ နှစ်ယောက်သားအတူတူ ပုံဆောင်ခဲစွမ်းအင်ကိုအသုံးချပြီး သူတို့မြို့လေးကို ပြန်ပြုပြင်တည်ဆောက်လျက်ရှိပါတယ်။ဒီလိုနဲ့ တစ်နေ့ကျ ပထမကားတုန်းက မိတ်ဆွေဟောင်းတွေဖြစ်တဲ့မစ္စတာဝှစ်မောတို့ ဗင်နီတို့ သြဒရီတို့ မိုးလ်တို့ အတ္တလန်တစ်ကိုရောက်လာကြပြီး ကုန်းမြေကမ္ဘာမှာ အတ္တလန်တစ်နဲ့ ဆက်နွယ်နေနိုင်လောက်တဲ့အန္တရာယ်တွေကျရောက်နေပြီ ဖြစ်လို့ အတ္တလန်တစ်ကျွမ်းကျင်သူမိုင်လို့ကို လာ အကူအညီတောင်းကြပါတော့တယ်။ဒီလိုနဲ့ ဘုရင်မဖြစ်နေတဲ့ ကီဒါကပါ ဒါကလည်း သူ့အဖေ လက်ထက်တုန်းကစနက်တွေ ကင်းရဲ့လား သံသယဖြစ်မိတာကြောင့်အတူလိုက်ပါမယ်ဆိုပြီး အုပ်စုလိုက် ခရီးထွက်ခဲ့ကြတဲ့အခါမှာတော့ရန်စွယ်ဟာ တစ်ခုတည်း မဟုတ်ပဲ ၃ ခုလောက် ဖြစ်နေပြီးအကုန်လုံးက ကမ္ဘာပျက်လောက်တဲ့အထိ ဆိုးဝါးနေခဲ့တော့မိုင်လိုတို့တသိုက် စွန့်စွန့်စားစားနဲ့ ဖြေရှင်းဖို့ ဖြစ်လာကြတာပေါ့။မြောက်ဖက်သမုဒ္ဒရာထဲက ခရာကန်ရန်စွယ်နဲ့ထူးခြားတဲ့ရွာလေးတို့ သဲကန္တာရထဲက ထူးဆန်းတဲ့ ဝံပုလွေတို့ နောက်ပြီးနော်ဝေနတ်ဘုရား အိုဒင်နဲ့ ကမ္ဘာပျက်ကိန်း ရက်ဂနောရော့တို့စသဖြင့် စွန့်စားခန်းပေါင်းများစွာကို ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။
Milo and Kida reunite with their friends to investigate strange occurances around the world that seem to have links to the secrets of Atlantis.