What's happening?

Az almafa virága MMSub

Az almafa virága MMSub

Feb. 16, 2023HungaryNot Rated
Your rating: 0
7 1 vote

Synopsis

Download File Here

ဆောင်ဂ်ဟ ဆိုတဲ့ကောင်မလေးဟာ ဗီယက်နမ်နိုင်ငံကနေ ဟန်ဂေရီကိုတကူးတကရောက်လာပါတယ်။ သူ့အဘွားဟာ ဗီယက်နမ်လူမျိုးဖြစ်ပေမယ့်ထိုစဉ်ကကွန်မြူနစ်နိုင်ငံချင်း ပံ့ပိုးမှုအစီအစဉ်အရ ဟန်ဂေရီမှာ ကျောင်းတက်ခဲ့ရပြီးအဘိုးဖြစ်သူ ဟန်ဂေရီလူမျိုးနဲ့ ချစ်ကြိုးသွယ်ခဲ့ပေမယ့် အဆက်အသွယ်ပြတ်သွားတာကြောင့် ပါ။ သူ့အဘိုးကို တွေ့ချင်လို့ လိုက်လာပေမယ့် အခုမှရောက်ဖူးလို့အိုးတိုးအမ်းတမ်းဖြစ်နေချိန်မှာ ဗစ်တာဆိုတဲ့ သူနဲ့ရွယ်တူ ဟန်ဂေရီသားတစ်ယောက်ကလာမိတ်ဆက်ပြီး သူ့ကိုကူညီပေးပါတယ်။ ထိုဗစ်တာကပဲ သူ့အဘိုးကို လိုက်ရှာတဲ့တချိန်လုံးမှာ သူ့ကို အစွမ်းကုန်ကူညီပေးပါတော့တယ်။ဒီလိုနဲ့ သံယောဇဉ်တွေဖြစ်လာပေမယ့်လည်း သူမမှာ စေ့စပ်ထားပြီးသားသူရှိနေတဲ့ကိစ္စဟာ ပထမပိုင်း၊ဇာတ်သိမ်းခန်းလို အတားအဆီးကြီးဖြစ်နေပါတယ်။သူ့အဘိုးနဲ့အဘွားရဲ့ ချစ်ဇာတ်လမ်းမှာ မဖြောင့်ဖြူးတာတွေတွေ့ရှိလာပြီးနောက်မှာဆောင်ဂ်ဟရော သူ့အချစ်ရေး ကို ဘယ်လိုဆုံးဖြတ်ဖို့ ဖြစ်လာနိုင်မလဲ…။ဗီယက်နမ်နဲ့ ဟန်ဂေရီ သရုပ်ဆောင်တွေ တွဲဖက်ရိုက်ကူးထားတဲ့ ဆွတ်ပျံ့ကြည်နူးစရာ၊ရင်သပ်လွမ်းမော စရာ အချစ်ကားလေးဖြစ်ပါတယ်။ဆောင်ဂ်ဟရဲ့ အဘိုးနဲ့ အဘွား ဘာလို့ကွဲသွားတာလဲ၊ ကွန်မြူနစ်စနစ်ဆိုးကြီးကသူတို့တွေရဲ့ အချစ်ရေးအပေါ် ဘယ်လိုသက်ရောက်ခဲ့ပါလဲ.ဆောင်ဂ်ဟကိုယ်တိုင်ရဲ့အချစ်ရေးကတော့ ကံဆိုးမှာလား ကံကောင်းမှာလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ ရှုစားလိုက်ပါခင်ဗျာ။

Az almafa virága MMSub
Original title Az almafa virága
IMDb Rating 4.6 189 votes

Director

Dóra Szűcs
Director

Cast

Similar titles

Leave a comment

Name *
Add a display name
Email *
Your email address will not be published