What's happening?

Duma MMSub

Duma MMSub

Some friendships are wilder than othersApr. 22, 2005South Africa100 Min.PG
Your rating: 0
8 1 vote

Synopsis

Download File Here

ဒီဇာတ်ကားက တိရစ္ဆာန်​လေး​တွေကို ချစ်မြတ်နိုးသူ​တွေ အ​တော်သ​ဘောကျမယ့် ဇာတ်ကား​လေးပါ။ ဒါ​ပေမဲ့ ခါတိုင်းလို ​ခွေး​လေး၊​ကြောင်​လေး​တွေရဲ့ ဇတ်လမ်းမျိုးမဟုတ်ဘဲ အိမ်​မွေးတိရစ္ဆာန်​လိုဖြစ်​နေတဲ့ ချီတာကျားသစ်​လေးတစ်​ကောင်အ​ကြောင်းပါ။ IMDb7.2နဲ့ RT 95% ရထားပါတယ်။ ဇန်ဆိုတဲ့​ကောင်​လေးရဲ့ အိမ်မှာ ​လသား​လေး အရွယ်ကတည်းက​​ရောက်ရှိ​နေတဲ့ ဒူးမားဆိုတဲ့ကျားသစ်​လေးကို တစ်အိမ်လုံးဝိုင်းပြီးချစ်ခင်ကြသလို သူကိုယ်တိုင်လည်း အိမ်​မွေးတိ​လေးတစ်​ကောင်လိုမျိုး အရမ်းယဉ်ပါးတဲ့ ​ကောင်​လေးတစ်​ကောင် ဖြစ်​နေတာပါ။ဒါ​ပေမဲ့ ဇန်ရဲ့ဖခင်ဖြစ်သူ ဆုံးပါးပြီး​နောက် သူတို့​မိသားစုရဲ့အိမ်မှမြို့​ပေါ်​ကို ပြောင်း​​ရွှေ့​နေထိုင်ရချိန်မှာ​​တော့ ဘယ်​လိုပဲ လူယဉ်တဲ့တိ​လေးဖြစ်​နေပါ​စေ၊ ကျားသစ်က ကျားသစ်၊ ​သားရဲက သားရဲပဲဖြစ်လို့ ခေါ်ထားဖို့အဆင်မ​ပြေတဲ့ အ​ခြေအ​နေဖြစ်လာပါတယ်။ဒါ​ကြောင့်ပဲ ဇန်က သူကိုယ်တိုင် ဒူးမား​လေးကို ​စ​တွေ့ခဲ့တဲ့​တောထဲပြန်ပို့​ပေးဖို့ ဆုံးဖြတ်လိုက်ပါ​တော့တယ်။ ဒီဇာတ်ကား​​လေးထဲမှာဇန်နဲ့ ကျားသစ်​လေး ဒူးမားတို့ရဲ့ သံ​ယောဇဉ်​​တွေ၊ သူတို့ကြုံရမယ့်အခက်အခဲ​ပေါင်းများစွာနဲ့ စွန့်စားမှု​တွေကို ကြည့်ရှုခံစားရမှာပါ။ချစ်ဖို့​ကောင်းတဲ့ တိကား​လေးဖြစ်လို့ မိသားစုနဲ့အတူတူကြည့်ရှုဖို့အဆင်​ပြေမယ့် ဇာတ်ကား​လေးပဲ ဖြစ်ပါတယ်။

An orphaned cheetah becomes the best friend and pet of a young boy living in South Africa.

Duma MMSub
Original title Duma
IMDb Rating 7.2 8,467 votes
TMDb Rating 7.314 175 votes

Similar titles

Ma Rainey’s Black Bottom MMSub
The Physician MMSub
Double Impact MMSub
Brothers MMSub
Everything Went Fine MMSub
Harry Potter and the Deathly Hallows: Part 2 MMSub
Larry Crowne MMSub
This Must Be the Place MMSub
Vanishing Time: A Boy Who Returned MMSub
Crazy, Stupid, Love. MMSub
Blind Detective MMSub
Save the Green Planet! MMSub

Leave a comment

Name *
Add a display name
Email *
Your email address will not be published