
–
ကောင်မလေးတစ်ယောက်ဟာ တစ်နေ့တော့ နာမည်ကြီးရေဒီယိုစတေရှင်တစ်ခုဖြစ်တဲ့ iHeart Radio မှာ ခရစ်စမတ်အထူးအစီအစဉ် ဖွင့်ပွဲမှာသီဆိုယှဉ်ပြိုင်ဖို့ အခွင့်အရေးရလာခဲ့တယ်..ပြည်နယ်တွေကျော်ဖြတ် ကားမောင်းလာရင်း ဟာမိုနီစပရင်းကိုရောက်တဲ့အခါမှာမျှော်လင့်မထားတာတွေဖြစ်ပျက်ပြီးနောက် သူမရဲ့ ဘတ်ဂျက်အနေအထားနဲ့ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကလေးတွေကို ဂီတသင်ပေးဖို့အကြောင်းဖန်လာပါတော့တယ် ပွဲမှာယှဉ်ပြိုင်ဖို့အတွက် သီချင်းတွေရေးရင်း ဒီနေရာလေးမှာပဲအချစ်ဆိုတာကို ရှာတွေ့မှာလား သူမဘဝရဲ့ ဦးတည်ရည်မှန်းချက်တွေ ပြည့်ဝလာနိုင်မလားဆိုတာ …ဒီဇာတ်ကားလေးမှာ လူတစ်ယောက်အတွက် နွေးထွေးမှုရှိတဲ့အိမ်ဆိုတာဘာအဓိပ္ပါယ်လဲဆိုတာကို မြင်သာအောင် ရိုက်ကူးတင်ဆင်ထားတာကိုတွေ့ရမှာပါခရစ်စမတ်ရာသီက မကြာခင်လာတော့မှာဆိုတော့ ကြည့်သင့်တဲ့ ခရစ်စမတ်အငွေ့အသက်ပါတဲ့ ဇာတ်ကားကောင်းလေးတစ်ကားလို့ပဲ ပြောချင်ပါတယ်။
A likeable and talented underdog gets momentarily sidelined from chasing her musical dreams when her van breaks down in a welcoming small town just before Christmas.