
–
ပေါ့ပေါ့ပါးပါးအချစ်ဇာတ်အိမ်လေးကိုမှ ပုံပြင်ဆန်ဆန်တင်ဆက်ထားပေးထားတဲ့Love at first sight ဆိုတဲ့ Netflix ကထုတ်လွှင့်ခဲ့တဲ့ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေနော် “ဟာဒလီ” ဆိုတဲ့ကောင်မလေးကတော့ အချိန်နဲ့ပတ်သတ်ရင် အမြဲလိုလိုနောက်ကျပြီးဟိုမေ့ဒီမေ့နဲ့ ရှက်ပြာပြာနိုင်တတ်တဲ့သူပေါ့ တစ်နေ့ လန်ဒန်ကိုအကြောင်းကိစ္စတစ်ခုနဲ့ခရီးသွားဖို့လေဆိပ်အရောက်မှာ ထုံးစံအတိုင်း ချိန်းထားချိန်ထက် နောက်ကျပြီးရောက်သွားတော့ လေယာဉ်မမှီခဲ့ပါဘူး ဒါနဲ့ စိတ်ပျက်လက်ပျက်ဖြစ်နေချိန်မှာပဲ “အိုလီဗာ”ဆိုတဲ့ကောင်လေးနဲ့ အကြောင်းတိုက်ဆိုင်ပြီး တွေ့ဆုံခဲ့ပါတယ်..“အိုလီဗာ” ဆိုတဲ့ကောင်လေးကတော့ မမျှော်လင့်ဘဲ ရုတ်တရက်ဖြစ်လာတဲ့အရာတွေကိုကြောက်ရွံတတ်ပြီး အရာရာကို ကိန်းဂဏန်းသင်္ချာနဲ့ပဲ တိုင်းတာကြည့်တတ်သူပါတူညီချက်အနေနဲ့ နှစ်ယောက်သားကိုယ်စီမှာ အကြောက်တရားသုံးခုစီရှိတတ်ကြပြီးတော့ဒီတူညီတဲ့အကြောင်းတရားလေးတွေက သူတို့ကို ဘယ်လိုကံကြမ္မာမျိုးကိုခေါ်သွားမလဲ……“ဟာဒလီ” နဲ့ “အိုလီဗာ” ကရော ဘာကိစ္စကြောင့် လန်ဒန်ကို သွားကြတာလဲ……စတာတွေကို ဆက်သိချင်ရင်တော့ ဇာတ်ကားလေးကိုကြည့်လိုက်ရအောင်နော်….
Hadley and Oliver begin falling in love on a flight from New York to London, but when they lose each other at customs, can they defy all odds to reunite?