What's happening?

Monday MMSub

Monday MMSub

Love is no small thing.Sep. 11, 2020Greece116 Min.R
Your rating: 0
9 1 vote

Synopsis

Download File Here

ဂရိ ကမ်းခြေတစ်ခုမှာ ဖင်တုံးလုံးနဲ့ အဖမ်းခံလိုက်ရတဲ့ လူငယ်နှစ်ယောက်ကနေ ဇာတ်လမ်းစတယ်။အေသင်ကို ခဏတာ လာရောက်တဲ့ ခလိုဝီနဲ့ ဂရိမြေမှာကုန်ဆုံးတာခုနစ်နှစ်ကြာပြီ ဖြစ်တဲ့ မစ်ကီ တို့ အမေရိကန် နှစ်ယောက် ဖူးစာဆုံကြတယ်။နှစ်ယောက်ချင်း ရေမြေသင့်ပြီး အပျော်ကြီး ပျော်လိုက်ကြတာကနေတကယ် ချစ်မိသွားရော ဇာတ်လမ်းလေးက စလာရော။မစ်ကီကတော့ ပေါ့ပေါ့ပါးပါး အလေးအနက် မထားချင်တဲ့ သူမျိုး။တစ်ဖက်မှာတော့ ထိုအရာတွေကို ညှိပေးနိုင်ပေမဲ့ အရက်ကလေးဝင်လာရင်ဂြိုဟ်ကြွလာတတ်တဲ့ ခလိုဝီ နှစ်ယောက်ပေါင်း ရည်းစားဘဝကို တက်လှမ်းကြပါလေရော။နှစ်ယောက်သား ဘဝတည်ထောင်တော့ အခြေအနေတွေက မတူတော့ဘူး။မစ်ကီမှာက ၆ နှစ်သား ကလေးလေး ရှိနေတယ်။ သူ့ဟာနဲ့သူ အလေးအနက်မနေတတ်တဲ့သူက ကလေးအ‌ဖေဘဝနဲ့လည်း အဆင်မပြေပါ။ဒါတွေကို အသက်ကြီးတဲ့ ခလိုဝီက လိုက်စီမံ ပေးပြန်တော့ သူ့ဘက်ကရည်းစားဟောင်း ပြဿနာက ဝင် သရုပ်ဆောင်ပြန်လေရော။ဒီလိုနဲ့ နှစ်ယောက်သား ကိုယ်ဖောက်တစ်လှည့် သူဖောက်တစ်လှည့်သမီးရည်းစား ဘဝကို ထူထောင်ကြတာကို မြင်တွေ့ရမှာပါ။
အမေရိကန်တွေရဲ့ နေထိုင်မှု ပုံစံနဲ့ စိတ်သဘောထား စတာတွေကို မြင်ရမှာပါ။Body Positivity လို့ဆိုရမလား လိင်မှုပွင့်လင်းတဲ့ သဘောကိုလည်းသေချာရိုက်ပြထားတာကို တွေ့ရပါတယ်။ ကလေးကြည့်ဖို့တော့ မသင့်တော်ပါဘူး။MONDAY ဆိုတဲ့ ဇာတ်လမ်းနာမည်နဲ့ ပတ်သက်ရင်တော့ စဉ်းစားရရင်ဇာတ်ကားထဲမှာ တောက်လျှောက်ပြသမျှက FRIDAY ပဲ ဖြစ်နေပြီးနှစ်ယောက်သား ပျော်ပါး လွတ်လပ်ချိန် ဘာမှ ပူပင်မှု မရှိတဲ့ ကာလကို ပြချင်တယ်။အတည်တကျ ရည်းစားဘဝ ကိုလည်းရောက်ရော အရင်လိုဟေးလားဝါးလား လုပ်မနေနိုင်တော့ဘူး။တနင်္လာမှာ တာဝန်ယူမှုတွေရှိလာပြီ။FRIDAY လို Carefree မနေနိုင်တော့တဲ့ သဘောကို ဆောင်တယ်။ဒါကို‌ တော့ MONDAY အဖြစ် တင်စားပြီး ဆက်ဆံရေးဘဝ အပြောင်းအလဲကိုရက်သတ္တပတ်တွေအမည်နဲ့ ဥပမာကြွယ်ထားတယ်လို့ အတွေး ပေါက်မိပါတယ်။

A spark on a Friday can lead to a sizzling weekend fling, but what happens when you get to the inevitable Monday?

Monday MMSub
Monday MMSub
Monday MMSub
Monday MMSub
Monday MMSub
Monday MMSub
Original title Monday
IMDb Rating 5.7 5,686 votes
TMDb Rating 6.6 160 votes

Similar titles

Man in Love 2014 MMSub
Empire of Light MMSub
Nightmare MMSub
Au Revoir les Enfants MMSub
Molli and Max in the Future MMSub
In the Realm of the Senses MMSub
Dismay MMSub
The Matador MMSub
Atashira MMSub
Princess Daya Reese MMSub
I Lost My Body MMSub
Gadar 2 MMSub

Leave a comment

Name *
Add a display name
Email *
Your email address will not be published