
–
လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ နေရာတကာလိုက်ပြီးတော့ လူ့ဂွစာလုပ်နေတဲ့ဘယ်သူနဲ့မှ အဆင်မပြေကြတဲ့လူတွေက ဒီလောကမှာအများကြီးပါပဲ။အဲ့လိုလူအများစုကလည်း သူတို့အမှားကိုသူတို့မသိကြပဲနဲ့ ဘယ်သူနဲ့မှအဆင်မပြေတာကတခြားလူတွေရဲ့ အပြစ်ကြောင့်လို့ပဲ ထင်တတ်ကြပါတယ်။ တကယ်လို့ကိုယ်လည်းအဲ့လိုလူဖြစ်နေတယ်ဆိုတာကို စိတ်ထဲမှာသိနေတယ်ဆိုရင်တော့ အမြန်ဆုံးပြင်လိုက်တာအကောင်းဆုံးပါပဲ။ ဒီကားထဲမှာလည်း အရာရာကိုဘုကလန့်လိုက်တိုက်နေပြီးလူမျိုးရေးတွေအရမ်းခွဲခြားပြီး လူ့ဂွစာဖြစ်နေတဲ့ ဘန်ကိုတွေ့ရမှာပဲဖြစ်ပါတယ်။အဓိကအဆင်မပြေဖြစ်နေတာကတော့ သူ့ကောင်မလေးမီကိုနဲ့ပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ကအမြဲတမ်း ရုပ်ရုင်အကြောင်းတွေ တစ်ယောက်နဲ့ တစ်ယောက်အတွေးအမြင်တွေနဲ့ပတ်သတ်ပြီး အမြဲတမ်းရန်ဖြစ်နေတတ်ကြပါတယ်။တစ်နေ့မှာတော့ မီကိုနဲ့ ဘန်နဲ့ ပြဿနာအကြီးအကျယ်တက်ကြပြီး မီကို တစ်ယောက်သူအရမ်းသွားချင်နေတဲ့ နယူးယောက်မြို့တော်ကို ထွက်သွားပါတော့တယ်။ဒီလိုနဲ့ဘန်လဲနောက်ဆော်တစ်ယောက်နဲ့ ကောက်တွဲခဲ့ပေမဲ့ သူ့ရဲ့အကျင့်စရိုက်တွေကြောင့်အဆင်မပြေလို့ ဆော်ပစ်ခံရတဲ့အပြင် သူ့အလုပ်ကပါပိတ်သိမ်းသွားရတဲ့အတွက်မီကိုရှိရာ နယူးယောက်မြို့ကိုလိုက်သွားပါတော့တယ်။ဒီလိုနဲ့ သူအဲ့ဒီကိုရောက်သွားတဲ့အချိန်မှာ သူ့အတွက်ပိုဆိုးတဲ့ ကံကြမ္မာတစ်ခုကိုတွေ့ခဲ့ရပါတော့တယ်။လူဆိုတာအဲ့လိုမျိုးမကောင်းတဲ့ စွမ်းအင်တွေကိုသယ်ဆောင်ထားနေရင်တော့ ကိုယ့်အပေါ်မှာမကောင်းတဲ့ အရာတွေပဲဖြစ်နေမှာပါ။ဒီတော့ ဘဝမှာသူများတွေအတွက် ကန့်လန့်တိုက်တဲ့လူ့ဂွစာဖြစ်မနေပဲ ပျော်ရွှင်တတ်တဲ့စိတ်ထားလေးထားပြီး ပျော်ရွှင်စွာနေထိုင်နိုင်ကြဖို့ဒီကားလေးကိုကြည့်ပြီးပညာယူသင့်ပါတယ်။
When his girlfriend leaves for New York City on a 3-month-long internship, a strongly opinionated Berkeley arthouse movie theater manager begins exploring life as a bachelor.