
–
ပရိတ်သတ်တွေအတွက် သဲထိတ်ရင်ဖိုရုပ်ရှင်လေးတစ်ကား ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့-ရှန်းရှီးလူမျိုးတွေဟာ ဇာတိမြေကို တန်ဖိုးထားကြပြီး သစ်ရွက်ကြွေဟာအမြစ်ဆီပြန်ရမယ်ဆိုတဲ့ ရိုးရာရှိပါတယ်။ နယ်မြေလမ်းခရီးကြမ်းတမ်းလှတဲ့အတွက်အလောင်းနှင်သူဆိုတဲ့ လုပ်ငန်းတစ်မျိုးလည်း ပေါ်ထွက်လာပါတယ်။လုံချီးရဲနဲ့ တပည့်ဖြစ်သူ လုံဖျင်အန်းတို့ဟာ ထိုနယ်မြေမှာနာမည်ရှိတဲ့ အလောင်းနှင်သူတွေပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ် ၂၀ လောက်က လုံချီးရဲဟာ အလောင်းနှင်စဉ်အလောင်းနှင်သူတို့ အကြောက်ဆုံးဖြစ်တဲ့အလောင်းပြန်ရန် နေရာမရှိခြင်းကို ကြုံတွေ့ခဲ့ရပါတယ်။နှစ် ၂၀ ကြာပြီးနောက် ခေါင်းမဲ့အလောင်းတစ်ခုပေါ်လာခဲ့ပြီးမြို့ထဲမှာ ထူးဆန်းကြောက်လန့်စရာကောင်းတဲ့ ကိစ္စတွေဆက်တိုက်ဖြစ်ပျက်နေပါတယ်။ ဒီကိစ္စဟာလည်း လွန်ခဲ့တဲ့နှစ် ၂၀ က လုံချီးရဲအလောင်းနှင်စဉ်က ကြုံတွေ့ခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်နေပါသတဲ့။လွန်ခဲ့တဲ့ နှစ် ၂၀ က အဖြစ်ရဲ့ အမှန်တရားက ဘယ်လိုဖြစ်မလဲ……ယခုမြို့ထဲက လူသေမှုပေါင်းများစွာရဲ့ နောက်ကွယ်မှာဘယ်သူက ကြိုးကိုင်ထားတာလဲ…… ဆိုတာကိုရုပ်ရှင်လေးနဲ့အတူ လိုက်ပါ အဖြေရှာလိုက်ရအောင်နော်။