
–
ပရိသတ်တွေအတွက် သိုင်းကွက်လှလှလေးတွေနဲ့ကွန်ဖူးသိုင်းကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့-ဟုန်ဟွားအဖွဲ့ရဲ့ဌာနချုပ်ဟာ ညတွင်းချင်းဖျက်ဆီးခံခဲ့ရပြီး ဂိုဏ်းချုပ် ၄ဝိန်ထိုက်လိုင်ဟာ ဖမ်းဆီးခံခဲ့ရပါတယ်။ ဓားသိုင်းပညာသင်ယူပြီးပြန်လာတဲ့ ချန်ကျားလော့ဟာ ဟန်ကျိုးမှာ ကြေးစားလူသတ်သမားအများအပြားရဲ့လုပ်ကြံခြင်းကို ခံရပြီး ပိုင်ဟွားကယ်မှအလှမယ် ယွိရူယိရဲ့ ကယ်တင်ခြင်းကို ခံခဲ့ရပါတယ်။ယွိရူယိထံမှ ချန်ကျားလော့ဟာ ဟုန်ဟွားအဖွဲ့ရဲ့ ဂိုဏ်းချုပ်အသစ်ဖြစ်သွားပြီး
အရင်ခေတ်ဖူဝမ်ရဲ့ရတနာလျှို့ဝှက်ချက်ကိုသိထားကြောင်းကောလာဟလထွက်နေတဲ့အကြောင်းကို သိခဲ့ရပါတယ်။ချန်ကျားလော့ဟာလည်း ထိုကောလာဟလကို အသုံးချပြီးရတနာရဲ့လျှို့ဝှက်ချက်နဲ့ ရုပ်ပြောင်းရုပ်လွှဲကျွမ်းကျင်တဲ့ ယွိရူယိနဲ့ အပေးအယူလုပ်ခဲ့ပါတယ်။သူတို့ဟာ စားရေးချန်ဆီမှ ဝိန်ထိုက်လိုင်ကို ဟန်ကျိုးရှိလျှို့ဝှက်ထောင်ထဲမှာဖမ်းထားကြောင်း သိခဲ့ရပါတယ်။ လျှို့ဝှက်ထောင်အပြင်မှာ ချန်ကျားလော့နဲ့ယွိရူယိတို့ဟာ ဟုန်ဟွားအဖွဲ့မှ ကျောက်ပန့်ရှန်း၊ လော့ပင်း၊လီဟန့်ဝိန်တို့နှင့် တွေ့ဆုံခဲ့ပါတယ်။ သူတို့ ၅ ယောက်ပူးပေါင်းပြီး
ဝိန်ထိုက်လိုင်ကို ကယ်တင်ချိန်မှာ ပုန်းလျှိုးတိုက်ခိုက်ခြင်း ခံခဲ့ရပါတယ်။ဂိုဏ်းချုပ်ကြီး သေဆုံးသွားပြီးနောက် ယိုယွင်းပျက်ဆီးနေတဲ့ဟုန်ဟွားအဖွဲ့ကြီးကို ချန်ကျားလော့တစ်ယောက် ဘယ်လိုပြန်ပေါင်းစည်းမလဲ……ဟုန်ဟွားအဖွဲ့ထဲက သစ္စာဖောက်သူတွေကရော ဘယ်သူတွေ ဖြစ်နေမလဲ……ဖူဝမ်ရဲ့ရတနာကိုရော ချန်ကျားလော့တို့တတွေ ရှာတွေ့နိုင်ပါ့မလား……