
–
အခုတစ်ခါမှာတော့ တေလဂူမင်းသားကြီး နာဂဂျွန်နာအခီနယ်နီရဲ့Action/Thriller ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်မင်းသမီးချောလေး ဆိုနလ်ချောင်ဟန်ပါဝင်အားဖြည့်ပေးထားပါတယ်…ဗစ်ကရမ်နဲ့ ပရီယားတို့ဟာ ဒူဘိုင်းမှာ တာဝန်ကျနေတဲ့ အင်တာပိုလ်အရာရှိနှစ်ယောက်ပါ..ချစ်သူရည်းစားတွေလည်း ဖြစ်ကြသေးတယ်…ဗစ်ကရမ်က သူ့ဒေါသကို မထိန်းနိုင်ခဲ့ဘူး…ဘာမဆိုခံစားချက်ကို ဦးစားပေးလုပ်တတ်ပြီး ပေါက်ကွဲလွယ်တတ်တယ်ပေါ့ဒီလိုဖြစ်ရခြင်းကလည်း သူ့အတိတ်က ဖြစ်ရပ်ဆိုးကြီးကြောင့်ပါ…သူတို့နှစ်ဦး တာဝန်တစ်ခုကို ထမ်းဆောင်နေတုန်း လွဲချော်မှုလေးတစ်ခုဖြစ်ခဲ့ပါတယ်အဲ့ဒီလွဲချော်မှုလေးတစ်ခုကနေ စတင်ပြီး သူတို့နှစ်ဦး လမ်းခွဲလိုက်ကြပြီးဗစ်ကရမ်ရဲ့စိတ်အာရုံထဲမှာ ဒုစရိုက်လောကကို အမြစ်လှန်ဖို့ဆိုရင်ဒီဒုစရိုက်လောကကြီး မရှိတော့မှဖြစ်မယ်လို့ သန္နိဋ္ဌာန်ချမှတ်ထားလိုက်ပါတယ်…ဒီလိုနဲ့ ဒီကိစ္စကို စတင်အကောင်အထည်ဖေါ်နေတုန်းမှာပဲသူ့မိသားစုဟာ အန္တရာယ်နဲ့ ကြုံလာရပြီး အသက်ကိုခြိမ်းခြောက်ခံလာရပါတော့တယ်…ကဲ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ အပိုင်းကိုတော့ပိတ်ကားထက်မှာ ဆက်လက်ရှုစားပေးပါဦးနော်…
An ex-Interpol officer wreaks havoc and sends shock waves across the global underworld but goes missing in action, only to remerge years later, for his beloved family.