What's happening?

Video Sources 16 Views Report Error

  • Watch trailer
Unknown: Cosmic Time Machine MMSub

Unknown: Cosmic Time Machine MMSub

Jul. 24, 2023USA64 Min.Not Rated
Your rating: 0
5 1 vote

Synopsis

Download File Here

အာကာသနဲ့ နက္ခတ်ဗေဒပညာရှင်တွေကြားမှာရောကမ္ဘာမှာပါဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့တဲ့ဂျိမ်းစ်ဝက်ဘ်တယ်လီစကုပ်ကြီးရဲ့ လွှတ်တင်တဲ့အကြောင်းနဲ့ဂျိမ်းစ်ဝက်ဘ်တယ်လီစကုပ်ရဲ့ တည်ဆောက်ပုံတွေ လူတိုင်းကမဖြစ်နိုင်ဘူးဆိုပြီးယုံကြည်ထားကြတဲ့ အာကာသထဲမှာ
တယ်လီစကုပ်ထားမယ်ဆိုတဲ့အကြောင်းတွေကိုဝေဝေဆာဆာ စုံစုံလင်လင်နဲ့တွေ့မြင်ရမဲ့Documentary လေးတင်ဆက်ပေးလိုက်ပါတယ်။စကြာဝဠာကြီးဟာ နှစ်ပေါင်း ၁၃.၈ ဘီလီယံသက်တမ်းရှိပြီး စကြာဝဠာကြီးရဲ့ဟိုးအစွန်ဆုံးမှာရှိတဲ့ စတင်ဖြစ်ပေါ်လာရာ အလင်းတန်းဟာဆိုရင် ကမ္ဘာကိုရောက်ဖို့အလင်းနှစ်ပေါင်း ၁၃.၈ နှစ်ထိလာရမှာပါ။ ဒီတော့ကျွန်တော်တို့တွေညတိုင်းတွေ့မြင်နေရတဲ့ကြယ်တွေဆိုတာ ဟိုးအရင်အတိတ်ကအလင်းရောင်ပါ။ဒီလိုမျိုးစကြာဝဠာကြီးရဲ့ ပထမဆုံးဖြစ်ပေါ်လာတဲ့ အလင်းရောင်ကိုမြင်ရဖို့အတွက်အရင်က အာကာသကြည့်မှန်ပြောင်းဆိုတာ မရှိသေးပါဘူး။ ဒါကိုမဖြစ်ဖြစ်အောင်လူသားတွေအတူတကွကြိုးစားအားထုတ်ခဲ့ကြတာပါ။ ဒီဂျိမ်းစ်ဝက်ဘ်တယ်လီစကုပ်ကိုတည်ဆောက်ပြီးလွှတ်တင်နိုင်ဖို့အတွက် ဆယ်စုနှစ် ၂ ခုကျော်ကျော်လောက်ကြာခဲ့ပါတယ်။ ဒါ့အပြင် အင်ဂျင်နီယာပိုင်းဆိုင်ရာအခက်အခဲတွေအခြားအခက်အခဲတွေများစွာကြုံတွေ့ခဲ့ရပါတယ်။လူတိုင်းသိကြတာက ဂြိုလ်တုတွေကို ကမ္ဘာ့အပြင်ဘက်လွှတ်တင်ပြီးကမ္ဘာရဲ့ပတ်လမ်းကြောင်းထဲမှာတင် လှည့်ပတ်နေကြတာပါ။ဂျိမ်းစ်ဝက်တယ်လီစကုပ်ကတော့ ဒီလိုမဟုတ်ပါဘူးကမ္ဘာ့ပတ်လမ်းကြောင်းကနေကျော်ပြီး ကမ္ဘာလိုပဲ နေကိုပတ်နေတဲ့ပတ်လမ်းကြောင်းဆီ လွှတ်တင်ပေးရမှာပါ။ဒီခရီးစဉ်ဟာ ကမ္ဘာနဲ့လရဲ့အကွာအဝေးထက်လေးဆကွာဝေးပါတယ်။ဒါ့အပြင် ဒီလောက်ဝေးကွာတဲ့အကွာအဝေးကို ကမ္ဘာရဲ့ထိန်းချုပ်ခန်းကနေတယ်လီစကုပ်ကို ဖြန့်ကျက်ဖို့အတွက် ရှုပ်ထွေးလှတဲ့ ကွန်ပျုတာပိုင်းဆိုင်ရာကုဒ်တွေကိုပို့လွှတ်ပြီးတော့ လုပ်ဆောင်ရပါတယ်။ အလုပ်တစ်ခုဟာ ကိုယ့်လက်နဲ့ကိုင်ပြီးလုပ်ရင်တောင်ပြည့်စုံတယ်ဆိုတာမရှိပါဘူး။ဒါကိုမိုင်ပေါင်းများစွာက တယ်လီစကုပ်ကြီးကို အမှားအယွင်းမရှိဖြန့်ကျက်ဖို့ဆိုတာမဖြစ်နိုင်ဘူးဆိုပြီး လူတိုင်းကပြောဆိုဝေဖန်ခံနေရပြီးအကြိမ်ကြိမ် ပိတ်သိမ်းဖို့ဖိအားပေးခံရတဲ့ ဂျိမ်းစ်ဝက်ဘ် ရဲ့နောက်ကွယ်ကသောင်းချီနေတဲ့လူတွေရဲ့ မလျော့တဲ့ဇွဲနဲ့ အားထုတ်မှုတွေကြောင့် ကျွန်တော်တို့အခုမြင်နေရတဲ့အာကာသရဲ့ရင်သပ်ရှုမောရတဲ့ပုံရိပ်တွေကို တွေ့မြင်နေနိုင်တာပဲဖြစ်ပါတယ်။
အိမ်ဖြုတော်ရဲ့ ပြောရေးဆိုခွင့်ရသူပြောသလိုပါပဲ ဒီလိုအပြောကျယ်လှတဲ့စကြာဝဠာကြီးကိုတွေ့မြင်လိုက်ရတော့ ငါဘယ်သူလဲ ငါဘယ်ကနေဖြစ်ပေါ်လာတာလဲငါဒီစကြာဝဠာကြီးထဲဘယ်လိုဝင်ဆံအောင် နေနိုင်မလဲဆိုတာကိုငေးမောတွေးတောရင်း ကြည့်ရှုအားပေးလိုက်ကြပါဦး။

A unique behind-the-scenes access to NASA’s ambitious mission to launch the James Webb Space Telescope, following a team of engineers and scientists as they take the next giant leap in our quest to understand the universe.

Unknown: Cosmic Time Machine MMSub
Unknown: Cosmic Time Machine MMSub
Unknown: Cosmic Time Machine MMSub
Original title Unknown: Cosmic Time Machine
IMDb Rating 7.2 2,599 votes
TMDb Rating 7.5 49 votes

Director

Shai Gal
Director

Cast

Similar titles

ONEFOUR: Against All Odds MMSub
Unknown: Cave of Bones MMSub
Justin Bieber: Never Say Never MMSub
Burning Sun: Exposing the Secret K-pop Chat Groups MMSub
Van Gogh: Painted with Words MMSub
The Crash Reel MMSub
XY Chelsea MMSub
To End All War: Oppenheimer & the Atomic Bomb MMSub
Katy Perry: Part of Me MMSub
Winter on Fire: Ukraine’s Fight for Freedom MMSub
Hot Girls Wanted MMSub
Gandhada Gudi MMSub

Leave a comment

Name *
Add a display name
Email *
Your email address will not be published