
အရာအားလုံး မျက်စိတစ်မှိတ် တစ်ညအတွင်းမှာ မိုးနဲ့မြေ လိုပြောင်းလဲသွားတဲ့သူမဘဝ…ခပ်အေးအေးနဲ့ ရိုးသားလွန်းတဲ့ သူမ…ဘာမဆို ပြောင်းလဲပစ်ဖို ဆုံးဖြတ်ထားတဲ့ ညမှာတင်ပဲ တိုက်ဆိုင်စွာဖြင့် သူ့ဂုဏ်ပုဒ်ပါ ပြောင်းလဲသွားသော သူမအဖြစ်…ကိုယ် မသိသော သူစိမ်းယောကျာ်းတစ်ယောက်နဲ့ တစ်ညလုံး တစ်ခုတင်တည်း အတူနေမိခြင်းကြောင့်သူမရဲ့ လှပသောကမ္ဘာကြီးဟာ ချက်ချင်းဆိုသလို မှောင်မိုက်ကာ အမေတစ်ခု သားတစ်ခုဘဝဖြင့်
ဘဝလမ်းကြီးကို လျှောက်လှမ်းဖို အခြေအနေ ဖြစ်လာသောမခါ….တစ်ညတာ အမှားကြောင့် အကြောင်းဖန်လာသော သူမဘဝကရော ခက်ခဲကြမ်းတမ်းမလား ဖြောင့်ဖြူးမလား?Single mother တွေရဲ့ ဘဝကိုပါ တွင်တွင်ကျယ်ကျယ်ကြည့်ရှုရမှာဖြစ်ပြီးတစ်ညတာအမှားကြောင့် ဖြစ်လာမယ့်အကျိုးဆက်တွေကို ဒီဇာတ်လမ်းမှာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်ယခု ဇာတ်ကားအား အပတ်စဉ် သောကြာနေ့မှ တနင်္ဂနွေနေ့တိုင်း စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။