
Up To Date EP06
ယခုတစ်ခေါက်မှာတော့ Disney+Hotstar ကနေ လောလောလတ်လတ်ထွက်ရှိလာပြီးဖြစ်ရပ်မှန် ပေါ်အခြေခံရိုက်ကူးထားတဲ့စီးရီးလေးကို တင်ဆက်ပေးထားပါတယ်ဒီစီးရီးဟာဆိုရင်ဖြင့် ၂၀၁၈ခုနှစ် ဇူလိုင်လ၁ရက်နေ့ အိန္ဒိယနိုင်ငံ ဒေလီမြို့ Burari မှာတွေ့ရှိခဲ့တဲ့
“Burari Deaths” ဆိုတဲ့ မိသားစုဝင် ၁၁ယောက် သေဆုံးရမှုပေါ် အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာပါဒီဖြစ်ရပ်မှန်နဲ့ပတ်သက်ပြီး “House of Secrets : The Burari Deaths “ဆိုတဲ့ Documentary တစ်ခုလည်းထွက်ရှိထားပြီးဒီ Documentary ကြောင့် မိသားစုဝင် ၁၁ယောက် သေဆုံးရခြင်းက လူသိများခဲ့ရပါတယ် ဖြစ်ရပ်မှန်ဆိုတဲ့အသိကြောင့်မတူတဲ့ခံစားချက်ကို ရစေမှာဖြစ်ပြီး ဘောလိဝုဒ်ချစ်သူတို့အသည်းစွဲ မင်းသမီးချောလေး Tamannaah Bhatia ကရဲမေအဖြစ်ပါဝင်သရုပ်ဆောင်ထားပါသေးတယ်ဇာတ်လမ်းအညွှန်း…မိသားစုဝင် ၁၁ယောက် သေဆုံးမှု.. ဒီသတင်းကဟိုးလေးတကျော်ကျော်ဖြစ်နေခဲ့ပါတယ် ဖြစ်ဆိုသေဆုံးပုံတွေကလည်းမြင်နေကျနဲ့မတူ ၁၀ယောက်က ကြိုးဆွဲချအနေအထားနဲ့ သေဆုံးနေတာဖြစ်ပြီး တစ်ယောက်ကတော့ အခန်းထဲမှာ သေဆုံးနေတာပါ
ကြိုးဆွဲချထားတဲ့လူတွေက လက်ကိုနောက်ပြန်ကြိုးတုပ် မျက်လုံးကိုအဝတ်တွေနဲ့စည်းထားပြီး တန်းစီချိတ်ဆွဲထားပုံတွေကသွေးလန့်ခြောက်ခြားဖွယ်ရာ မြင်ကွင်းတစ်ခုလို..အခင်းဖြစ်ပွားရာမှာလည်း သေဆုံးသူတွေကလွဲရင် ဘာခြေရာလက်ရာမှမပျက် ဘာပစ္စည်းမှမပျောက်နဲ့မို့ ရဲတွေခေါင်းစားရတဲ့အမှုပေါ့သူတို့နဲ့မတည့်တဲ့လူရယ်လို့မရှိတဲ့အပြင် တစ်မိသားစုလုံးကသဘောမနောကောင်း ..ဒီအမှုကိုဖြေရှင်းဖို့တာဝန်ကတော့မင်းသမီးချောလေး အန်ယာ့ပေါ်ရောက်လာခဲ့ပါတယ် အန်ယာဟာဆိုရင် ဆွဲဆောင်မှုအပြည့်နဲ့ မဖြေရှင်းနိုင်တဲ့အမှုရယ်လို့မရှိတဲ့ဌာနမှာအတော်ဆုံးလူတစ်ယောက်..အထက်လူကြီးတွေကပါ လေးစားအားကိုးရတဲ့သူလေးဖြစ်တဲ့အညီ သူ(မ)ရဲ့သူမတူတဲ့တွေးပုံတွေးနည်းတွေနဲ့ ဒီပဟေဠိဆန်တဲ့ သေဆုံးမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာ ကျော်ပစ်စရာတစ်ကွက်မှမရှိတာမို့ ကြည့်ရှုအားပေးကြပါဦးရှင်
A bone-chilling tale that unravels the most twisted ties of fate, the trapped secrets of a family and the terrifying horrors an investigator has ever seen.