
Up To Date S02EP06
အားလုံးမျှော်တလင့်လင့်ဖြစ်နေကြတဲ့ oppa Song Joong-Kiနဲ့ unnie Kim Ji-Wonတို့ရဲ့ခေတ်ဦးကဒီဇိုင်းလန်းလန်းတွေနဲ့ပုံဖော်ထားတဲ့ Arthdal Chronicles ဆိုတဲ့ကားလေး လာပါပြီနော်….ကမ္ဘာ့ခေတ်ဦးအချိန်အခါတုန်းကတော့ လူသားတွေမှာ နိုင်ငံ တိုင်းပြည် ဘုရင်ဆိုတာတွေမရှိကြပါဘူး။ဒီလိုနဲ့တဖြည်းဖြည်း မီး ဓားသွား လက်နက်နဲ့ ထွန်ယက်စိုက်ပျိုးနည်းတွေကိုသိလာတဲ့လူသားတွေဟာလောကကြီးကိုစိုးမိုးဖို့ကြိုးစားကြပါတယ်။Eunsun ဆိုတဲ့ကလေးလေးဟာ နိမိတ်ဆိုးနဲ့မွေးဖွားလာပြီး ကျိန်စာသင့်နေတယ်လို့သတ်မှတ်ခံထားရတာကြောင့် ဒီကလေးရဲ့ရှင်သန်မှုအတွက် Arthdalမြို့သူမိခင်ဟာ ခက်ခက်ခဲခဲကြိုးစားခဲ့ရတာပါ…..တာဂွန် ကတော့ Arthdal မြို့ကစစ်သူကြီးတစ်ဦးဖြစ်ပြီး အသက်ငယ်ရွယ်စဉ်ကတည်းကထက်မြတ်သူတစ်ဦးဖြစ်ပြီး Arthdal မြို့ကို အောင်မြင်မှုတွေဆောင်ကြဉ်းပေးသူတစ်ဦးလဲဖြစ်ပါတယ်။သူ့ရဲ့အိမ်မက်ကတော့ Arthdalရဲ့ ဘုရင်ဖြစ်လာဖို့ပါပဲ။Wahan မျိုးနွယ်စုရဲ့ ဆက်ခံသူတစ်ဦးဖြစ်ပေမယ့် ခက်ခဲမှုတွေကိုကျော်လွှားရသူTan-Ya ကတော့ Eunsunရဲ့အချစ်ဦးဖြစ်ပြီး တာဂွန် ချစ်မြတ်နိုးတဲ့သူလဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးထဲမှာတော့…ထူးခြားတဲ့ကံကြမ္မာဆန်းနဲ့မွေးဖွားလာတဲ့ Eunsun….ရည်မှန်းချက်ကြီးတဲ့ TagonWahan မျိုးနွယ်စုရဲ့ ဆက်ခံသူ Tanya နဲ့Asdal ရဲ့ပထမဆုံးဘုရင်မ Tae Al-ha တို့ကြားထဲကရည်မှန်းချက်တွေ အခက်အခဲတွေဝိုင်းရံနေတဲ့ ပြိုင်ဆိုင်မှုတွေကြားထဲကအချစ် ကံကြမ္မာနဲ့ အားပြိုင်တိုက်ခိုက်မှုတွေကို တခြားDrama တွေနဲ့လုံးဝကွဲထွက်ပြီးမြင်ရမှာဖြစ်တဲ့အပြင်ပရိတ်သတ်အချစ်တော် နာမည်ကြီးမင်းသားနှစ်လက်ဖြစ်တဲ့ Song Joong-Ki နဲ့ Jang Dong-Gunတို့ရဲ့ ဒဏ္ဍာရီဆန်ဆန် အားပြိုင်မှုမြင်ကွင်းတွေကိုလဲ တွေ့ရမှာမို့အပတ်စဉ် စနေ တနင်္ဂနွေနေ့ ညတိုင်း စောင့်ကြည့်ဖို့မမေ့သင့်တဲ့ drama ကောင်းလေးတစ်ခုအဖြစ် ညွှန်းဆိုလိုက်ပါတယ်နော်…Main cast အဖြစ် ပါဝင်ထားသူတွေကတော့
Eun- Sum အဖြစ် Song Joong-Ki
Ta-Gon အဖြစ် Jang Dong-Gun
Tan-Ya အဖြစ် Kim Ji-Won
Tae Al-ha အဖြစ် Kim Ok-vin စတဲ့ ပရိတ်သတ်နဲ့ရင်းနှီးပြီးသား နာမည်ကြီးသရုပ်ဆောင်များပဲဖြစ်ပါတယ် ။
In a mythical land called Arth, the inhabitants of the ancient city of Arthdal and its surrounding regions vie for power as they build a new society.