
ဒန်နီရယ်ဆိုတဲ့လူငယ်လေးဟာ ဘော်ဒါတစ်သိုက်နဲ့ နိုက်ကလပ်မှာအပီကဲ၊ အိပ်ပျော်အောင် ဆေးလေးဘာလေးချပြီးသကာလ အိမ်လည်းပြန်ရောက်ရော မူးမူးနဲ့အိပ်ပျော်သွားတယ်ပဲဆိုကြပါစို့။ မနက်ရောက်တော့သူ့စောင်ပေါ်မီးတင်ရှို့ခံရလို့နိုးလာရာကနေ သူဆေးရုံကုတင်ပေါ်ရောက်နေမှန်းသိလိုက်ရတယ်။ ရိုးရိုးဆေးရုံမဟုတ်ပဲ စိတ်ကျန်းမာရေးဆေးရုံဖြစ်နေတာပါပဲ။အဲ့ကဆရာဝန်က သူဒီမှာတစ်ပတ်တိတိ ကုသမှုခံယူရမယ်လို့ပြောလိုက်တော့သကောင့်သားက မျက်ကလူးဆန်ပြာနဲ့ထငြင်းပါလေရော။ လောကဓံဆိုတာကြီးကပျော်တဲ့သူကိုငိုအောင်၊ ငိုတဲ့သူကိုပျော်အောင် ကျီစားတယ်ဗျ။ လူတွေအားလုံးမှာသူ့အကြောင်းနဲ့သူချည်းပါပဲ။ ကံကောင်းခြင်းတွေစုနေရာကနေ ကံဆိုးခြင်းတွေဗြုန်းခနဲပေါ်လာတတ်တာပဲမလား။ ဒန်နီရယ်တွေ့ရမယ့်သူတွေကလည်းအဲ့လိုပဲပေါ့။သူဘာလို့အဲ့ဆေးရုံကိုအပို့ခံရတာလဲ။ သူမမှတ်မိတဲ့အရာတွေကဘာတွေလဲ။အဲ့ဆေးရုံမှာနေရင်း သူဘာတွေသင်ယူလာရမလဲ။ အဲ့ဆေးရုံကတခြားလူနာတွေနဲ့အတူတူတစ်ပတ်တိတိ ဘယ်လိုနှစ်ပါးသွားရမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်ဗျာ။
A young man spends a week in a psychiatric ward, where he meets five other patients and must contend with research-happy doctors and cynical nurses.