
Up To Date EP17
နာဆစ် အဖြစ် Bank Artitရမ် အဖြစ် Anna Glucksခနွတ် အဖြစ် Bom Phongsakornခနစ်ထာ အဖြစ် Jean Chartinnaraဇာတ်လမ်းအကျဉ်းနာဆစ်က အာဆနပ်မွန်တရီကုမ္ပဏီကြီးရဲ့ ပိုင်ရှင် ခွန်ဆဆစ်နဲ့ ခွန်နေရီတို့ရဲ့တစ်ဦးတည်းသောသားဖြစ်ပါတယ်ခွန်ဆဆစ်က မယားငယ်ရှိနေခဲ့တယ်ဆိုတဲ့သံသယကြောင့် ခွန်နေရီနဲ့ ခွဲနေခဲ့ပေမဲ့ ကုမ္ပဏီရှယ်ယာပိုင်ဆိုင်မှုတွေမှာတော့ ရှင်းလင်းပြတ်သားမှုရှိမနေခဲ့ပါဘူးတစ်နေ့ ခွန်ဆဆစ်ဆီ မယားငယ်ရဲ့သမီးဖြစ်သူလို့ယူဆရတဲ့ ရမ်ရဒါတစ်ယောက်ရောက်ရှိလာခဲ့ပါတယ်
ရမ်ရဒါနဲ့နာဆစ်က အရင်ကတည်းက သိကျွမ်းဖူးကြပြီး နာဆစ်တစ်ယောက်သဘောကျနေခဲ့တဲ့မိန်းကလေးလည်းဖြစ်နေခဲ့တယ်ဒါပေမဲ့ သဘောကျရတဲ့မိန်းကလေးက သူအရမ်းမုန်းရတဲ့ သူတို့မိသားစုကိုဖျက်ဆီးခဲ့တဲ့မယားငယ်ရဲ့သမီးလို့ထင်သွားခဲ့တဲ့အခါမှာတော့ နာဆစ်တစ်ယောက် ဘယ်လိုဆက်လုပ်မလဲခွန်ဆဆစ်က တကယ်ရောမယားငယ်ရှိခဲ့တာလားရမ်ရဒါကရော တကယ်မယားငယ်ရဲ့သမီးဖြစ်နေခဲ့တာလားမိဘတွေရဲ့ အငြိုးတွေ လှည့်စားမှုတွေကြားမှာ နာဆစ်နဲ့ရမ်တို့အချစ်ရေးဘာတွေဆက်ဖြစ်လာမလဲဆိုတာ “အကြင်နာမုသား”ဇာတ်လမ်းတွဲမှာကြည့်ရှုကြရအောင်