Midnight at the Pera Palace MMSub

Midnight at the Pera Palace MMSub

Mar. 03, 2022
Your rating: 0
6 1 vote

Seasons and episodes

1Season 1 Mar. 03, 2022

Creator

Creator

Cast

Synopsis

Up To Date EP08
“Midnight at the Pera Palace: The Birth of Modern Istanbul” ကိုအခြေခံပြီး ရိုက်ကူးထားတာပါ။စိတ်ဝင်စားဖို့ကောင်းတာက ဇာတ်လမ်းမှာပါဝင်တဲ့ ဇာတ်ကောင်တွေ၊ နေရာဒေသတွေ၊အဖြစ်အပျက်တွေက အပြင်မှာတကယ်ရှိတဲ့ ဖြစ်ရပ်မှန်ဖြစ်အပျက်တွေတစ်စိတ်တစ်ပိုင်း ပါဝင်တယ်ဆိုတာပါပဲ။ဒီဇာတ်ကားကို ရိုက်ကူးထားတဲ့ Pera Palace ဟိုတယ် ဆိုတာကလည်းအပြင်မှာတကယ်ရှိပြီးတော့ အစ္စတန်ဘူလ်မှာ လျှပ်စစ်မီးနဲ့ ရေပူရရှိတဲ့အပြင်ပထမဆုံးဓာတ်လှေကားရှိတဲ့ ကနဦး အဆင့်မြင့်ဟိုတယ်ကြီး တစ်ခုပါ။
ဇာတ်လမ်းထဲမှာပါတဲ့ အခန်းပြင်ဆင်ပုံ၊ နေရာထားသိုပုံတွေ သမိုင်းကြောင်းမိတ်ဆက်ပုံတွေကအစ အစစ်အမှန်တွေကိုပဲ ချပြထားပါတယ်။လက်တွေ့မှာလည်း Pera Palace ကို ဇာတ်လမ်းထဲမှာပြောသလို တူရကီသမ္မတနိုင်ငံကိုတည်ထောင်ခဲ့သူ Mustafa Kemal Atatürk မူစတာဖာ ကယ်မာ၊နာမည်ကြီး ဝတ္တုစာရေးဆရာ Agatha Christie၊ King Edward VIII၊ Queen Elizabeth IIအစရှိတဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေ တကယ်ကို တည်းခိုနေကြ၊ တည်းခိုဖူးခဲ့ကြတာ ဖြစ်ပါတယ်။ဇာတ်လမ်းအစကတော့ အက်စ်ရာ ဆိုတဲ့ မိဘမဲ့ တစ်ကောင်ကြွက် သတင်းထောက်မလေးကကိုယ်စိတ်ထင်ရာလုပ်တတ်လွန်းလို့ အထက်လူကြီးတွေက Pera Palace ရဲ့ လာမယ့်နှစ် ၁၃၀ ပြည့်ပွဲကို အကြောင်းပြုပြီး ဟိုတယ်ကို လာရောက်သင့်သောအကြောင်းအရင်း ၁၃၀ ဆိုပြီး‌ ဆောင်းပါးရေးဖို့အတွက် ဟိုတယ်ကိုလွှတ်လိုက်ပါတော့တယ်။ဟိုတယ်အရောက်မှာတော့ မန်နေဂျာဖြစ်သူ အာမက်နဲ့ တွေ့ပြီးသမိုင်းကြောင်းတွေကို နားထောင်အပြီးမှာ နဂိုကတည်းက ထူးဆန်းတဲ့သတင်းတွေ နှိုက်ယူချင်ထွင်ရေးချင်တဲ့ အက်စ်ရာက အာမက်ကို ဘာထူးဆန်းတဲ့သမိုင်းကြောင်းတွေများရှိသလဲဆိုပြီး အစ်အောက်ပါတော့တယ်။အဲမှာ အာမက်က ဖယ်ရီဒဲ ဆိုတဲ့ လူသိနည်းပေမယ့် သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့တယ်လို့ယူဆရတဲ့ မိန်းကလေးတစ်ယောက်အကြောင်းကို ပြောပြပါတော့တယ်။ဘာလို့ သူရဲကောင်းလို့ ယူဆရသလဲဆိုတော့ တူရကီသမ္မတနိုင်ငံကို တည်ထောင်သူဖြစ်လာမယ့် Mustafa Kemal – မူစတာဖာ ကယ်မာ ကို ဗြိတိသျှအရာရှိတွေကလုပ်ကြံသတ်ဖြတ်မယ့် အစီအစဉ်ကနေ လွတ်အောင် ကူညီပေးခဲ့တာမလို့လို့ ဆိုပါတယ်။အဲအမျိုးသမီး နေသွားတဲ့အခန်းက ထူးဆန်းဖွယ်ရာတွေနဲ့ ပြည့်နေသလို
အဲအခန်းမှာ တည်းဖူးတဲ့ နာမည်ကျော်မှုခင်းဝတ္တုစာရေးဆရာ Agatha Christie – အာဂါသာခရစ်စတင်းကလည်း အခန်းကနေ ၁၁ ရက်ကြာ ပျောက်ဆုံးဖူးပါသတဲ့။ ဘယ်လိုပဲရှာရှာရှာမတွေ့ခဲ့ဘဲ သော့ဟောင်းလေး တစ်ချောင်းပဲ ရှာတွေ့ခဲ့တယ်လို့ အာမက်ကအက်စ်ရာကို ပြောပြခဲ့ပါတယ်။ သော့လေးကို အက်စ်ရာ မြင်ရအောင် အာမက်ကခဏ ထုတ်ပြလိုက်သေးတာပေါ့။ အက်စ်ရာကတော့ ဖယ်ရီဒဲဆိုတဲ့ အမျိုးသမီးလေးရဲ့ဇာတ်ကြောင်းကိုပဲ အစွဲကြီးစွဲပြီးဆောင်းပါးတွေထိုင်ရေးနေတော့တာပေါ့လေ။နောက်ပိုင်းညဘက် အက်စ်ရာရဲ့အခန်းထဲကို အဲသော့လေးကရောက်နေတော့အက်စ်ရာက အာမက်လက်ဆောင်ပေးခဲ့တယ်ထင်ပြီး ပျော်နေတုန်းမှာသူတောင်မသိလိုက်ဘဲ ၁၉၁၉ ခုနှစ်ကို အချိန်ခရီးသွားပြီးသား ဖြစ်နေခဲ့ပါတယ်။ကိုယ်တိုင် အချိန်ခရီးသွားမိမှန်းတောင် မသိဘဲ အိပ်မက်မက်နေတယ်ထင်ပြီး
ပြောချင်တာတွေ လျှောက်ပြောပြီး ပြဿနာရှာနေတဲ့ အက်စ်ရာကို ဟိုတယ်ရဲ့အချိန်ခရီးသွားလို့ရတဲ့ လျှို့ဝှက်ချက်ကို သိပြီးသားဖြစ်တဲ့ အာမက်က ပြန်လိုက်ခေါ်ရာကဘယ်လိုအလွဲတွေဖြစ်မလဲ သူတို့နှစ်ယောက် ဘာပြဿနာမှ မရှိဘဲ လက်ရှိအချိန်ကိုပြန်လာနိုင်မလားဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ စိတ်ဝင်တစား ကြည့်ရမှုရမှာဖြစ်သလိုလုပ်ချင်ရာလုပ်နေတဲ့ အက်စ်ရာနဲ့ လိုက်ထိန်းရတဲ့ အာမက်တို့ရဲ့ တူဝရီးပုံစံ ဆက်ဆံရေးလေးမှာလည်းအခွီလေးတွေပါ တဖြတ် ကြည့်ရှုရမှာမလို့ ကြည့်နေရင်းပျင်းသွားရမှာမျိုးကို ပူစရာမလိုပါဘူးနော်။
Time travel ဇာတ်လမ်းတွေကိုမှ ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက်တော့နောက်ထပ်မြည်းစမ်းကြည့်ရမယ့် ဇာတ်လမ်းတွဲလေးတစ်ခုပါပဲ။လက်ရှိအချိန်မှာတော့ Season 2 အတွက် ရိုက်ကူးရေးလုပ်နေတာမလို့ ထွက်လာရင်လည်းကြည့်ရှုခံစားရဦးမှာပါဗျ။
ဘယ်ပြောလို့ရမလဲနော်မူစတာဖာ ကယ်မာ ဆိုတာလည်း တကယ်ရှိခဲ့သလို Pera Palace ကလည်း တကယ်ရှိနေတာဖြစ်လို့ဖယ်ရီဒဲဆိုတဲ့ အမျိုးသမီးလေးကလည်း အပြင်မှာတကယ်ရှိခဲ့ပြီး လူမသိတဲ့ သူရဲကောင်းမလေးတကယ်ဖြစ်နေနိုင်တာပဲမလို့ စိတ်ကူးယဉ်ရယ်လို့ မခံစားရဘဲ တူရကီနိုင်ငံရဲ့ သမိုင်းကြောင်းကိုစိတ်ဝင်စားဖွယ် လေ့လာရသလို ဖြစ်နေမှာပါ။

At a historic Istanbul hotel, a journalist is unexpectedly thrust into the past and must stop a plot that could change the fate of modern Turkey.

Midnight at the Pera Palace MMSub
Midnight at the Pera Palace MMSub
Midnight at the Pera Palace MMSub
Midnight at the Pera Palace MMSub
Original title Pera Palas’ta Gece Yarısı
TMDb Rating 7.1 29 votes
First air date Mar. 03, 2022
Last air date Mar. 03, 2022
Seasons 1
Episodes 8
Average Duration 45 minutes

Similar titles

Bestseller MMSub
The Winter King MMSub
MalaYerba MMSub
Wrong Carriage Right Groom MMSub
Doctor Detective MMSub
Taali MMSub
6ixtynin9 the Series MMSub
Doom Patrol MMSub
The Rain in España MMSub
The Tudors MMSub
My Lovely Boxer MMSub
The Serpent Queen MMSub

Leave a comment

Name *
Add a display name
Email *
Your email address will not be published