
Up To Date EP08
Rating ကောင်းကောင်းရထားတဲ့ Netflix ရဲ့ 2022 ထွက် fantasy-drama စီးရီးလေးတစ်ခု လာပါပြီ။ Rotten tomatoes မှာ ခရမ်းချဥ်သီးပုပ် 93% အထိရထားပြီး 1MDb မှာလည်း rating 7.5 ရထားတာဖြစ်တဲ့အတွက် ကြည့်ပျော်ရှုပျော်အဆင့်ထက်လွန်တယ်လို့ ပြောလို့ရတဲ့ စီးရီးတစ်ခုပါ။ ဇာတ်အိမ်ကလည်း လူငယ်ဇာတ်ကောင်အများစုနဲ့ ပေါ့ပေါ့ပါးပါးတည်ဆောက်ထားလို့ မိသားစုနဲ့ကြည့်လို့ရပါတယ်။ Titans(2018) နဲ့ The Batman(2022) မှာပါဝင်ထားတဲ့ သရုပ်ဆောင် Jay Lycurgoကအဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး Nadia Parkes၊ Emilien Vekemans၊ Isobel Jesper Jones စတဲ့ တက်သစ်စ လူငယ်သရုပ်ဆောင်တွေလည်း ပါဝင်အားဖြည့်ပေးထားပါတယ်။ Colm McCarthy၊ Debs Paterson၊ Rachna Suri တို့က ပူးတွဲရိုက်ကူးပေးထားပြီး ဇာတ်အိမ်ကတော့ Sally green ရဲ့ Halfbad သုံးအုပ်တွဲ fantasy triology ကိုအခြေခံထားတာဖြစ်ပါတယ်။Netflix ကနေ ၂၀၂၂ အောက်တိုဘာမှာ season ၁ ခု၊ episode ၈ ခုနဲ့ စလွှင့်ခဲ့ပြီး နောက်ထပ်အတွဲတွေထပ်မံထုတ်လွှင့်ဖို့ ရည်ရွယ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည်မဖော်ဖြစ်သေးပါဘူး။ ဇာတ်လမ်းကတော့ witch တစ်ယောက်ဖြစ်တဲ့ နေသန်ဘိုင်းန်ဟာ သူ့အဖေ မားကပ်စ်အက်ဂျ်ရဲ့ သူတို့ စုန်းအသိုင်းအဝိုင်းအပေါ် လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်ဆိုးတစ်ခုကြောင့် သူ့ဘဝမှာ အရိပ်မည်းထင်ခဲ့ရပြီး သူအရွယ်ရောက်လို့ witch တစ်ယောက်အဖြစ် မှော်အစွမ်းတွေရလာတဲ့အခါ သူ့အဖေရဲ့ အမည်းစက်ကြောင့် တခြားပြိုင်ဘက် စုန်းအသိုင်းအဝိုင်းနဲ့ စုန်းကောင်စီရဲ့ ပစ်မှတ်ထား witchhunt လုပ်ခြင်းခံရတာကနေ ရုန်းကန်ရှေ့ဆက်ရတဲ့အခြေအနေတွေကို fantasy ကို ဒရာမာနှောပြီး တင်ဆက်ထားတာဖြစ်ပါတယ်။ fantasy ဆိုပေမယ့် witch တွေ၊ beast တွေ၊ spell တွေ၊ magical power တွေကို အတုံးလိုက်အတစ်လိုက် ရိုက်ပြတာထက် adventure action ဆန်ဆန် mutant ဇာတ်လမ်းတွေပုံစံမျိုး superhuman သဘောမျိုး အသားပေးရိုက်ပြသွားတယ့် ဇာတ်မျိုးဖြစ်ပါတယ်။ အရမ်းကြီး fantasy ဆန်တာကြည့်ချင်တဲ့ ပရိသတ်တွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပေမယ့် လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး drama နဲ့ action နှောထားတာမျိုးကို ပိုသဘောကျတဲ့သူတွေအတွက်တော့ Twilight ဇာတ်လမ်းတွေပုံစံမျိုး ကြည့်ကောင်းမှာပါ။
Caught between two warring clans, the son of a notorious witch responsible for a deadly massacre tries to find his place in the world — and his powers.