
Up To Date S02EP04
ပရိတ်သတ်ကြီးကို ဒီတစ်ခါ IMDb 7.3 ရှိတဲ့ ဇာတ်လမ်းတွဲလေးတင်ဆက်ပေးလိုက်ပါမယ် လူဆိုတဲ့အမျိုးက ထိန်းချုပ်ခြယ်လှယ်ခံရတာကို အနည်းနဲ့အများလက်မခံချင်ကြပါဘူး အဲဒါကိုမှ ကိုယ်တိုင်မသိဘဲနဲ့ ထိန်းချုပ်ခံနေရတာဆိုရင်တော့ တော်တော့်ကိုခံပြင်းစရာကောင်းတဲ့ ကိစ္စဖြစ်သွားပါပြီ ဒီလိုပဲ လူတစ်ယောက်ရဲ့ အမြင်တို့ သီဝရီတို့ဟာ ကန့်သတ်ချက်တစ်ခုထိပဲကောင်းပါတယ် အဲဒီထက်ပိုသွားပြီး အစွန်းရောက်သွားပြီဆိုရင်တော့ ကိုယ်တိုင် ဒါမှမဟုတ် သူတပါးအတွက် နစ်နာစရာတွေဖြစ်လာမှာပါပဲ ကဲ ဒီဇာတ်လမ်းကတော့ ယောကျာ်းတွေချည်းပဲ ကြီးစိုးနေတဲ့ ကမ္ဘာကြီးကို မိန်းမတွေက အုပ်စိုးနိုင်ပါတယ်ဆိုတဲ့အကြောင်း သက်သေပြချင်လွန်းလို့ လူ ၁၆ယောက်ကို လူမနေတဲ့ကျွန်းပေါ်ဆီ သူတို့မသိအောင် ပို့ပြီး သုတေသနလုပ်စောင့်ကြည့်တဲ့ကားလေးပါပဲ လူ ၁၆ယောက်မှာတော့ ဆယ်ကျော်သက် မိန်းကလေး ၈ယောက် ယောကျာ်းလေး ၈ယောက်ပါ သူတို့ကို လူမနေတဲ့ ကျွန်းတစ်ကျွန်းစီကို ပို့ပြီး ဘာတွေလုပ်နိုင်မလဲ ဘယ်လောက်တောင့်ခံနိုင်မလဲ ဘယ်လိုဖြတ်ကျော်ကြမလဲဆိုတာကို စောင့်ကြည့်တာပေါ့ ဇာတ်လမ်းရဲ့ ကျောရိုးကတော့ အဲဒါပါပဲ ဒါပေမဲ့ ကျွန်းပေါ်ရောက်ပြီး ဒုက္ခတွေဝေနေတဲ့အခါ လူတွေကစိတ်ဓာတ်က ဘယ်လိုဖြစ်သွားကြမလဲ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကြမလဲ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုဆက်ဆံကြမလဲ ပြီးတော့ သူတို့ရဲ့ သုတေသနရည်မှန်းချက်ကြီးက အောင်မြင်မှာလား သူတို့ကို တမင်ပစ်ထားပြီး စမ်းသပ်နေပါတယ်ဆိုတာကို သူတို့သိသွားရင်ရော ဘာဖြစ်သွားမလဲ သူတို့မိဘတွေကရော ခွင့်လွှတ်ကြည့်ဖြူပါ့မလား ကိုယ်သာ အဲဒီလိုဘာမှမရှိတဲ့ ကျွန်းကြီးပေါ်ရောက်နေရင် ဘာလုပ်မလဲ ဆိုတာ…….ဆိုတာတွေကို ကြည့်ရှုခံစားရင်း မခံချိမခံသာလေးဖြစ်လိုက်ကြပါဦးလို့………………
A group of teen girls from different backgrounds must fight for survival after a plane crash strands them on a deserted island. The castaways both clash and bond as they learn more about each other, the secrets they keep, and the traumas they’ve all endured. But there’s just one twist… these girls did not end up on this island by accident.