
Up To Date EP07
ငွေများတရားနိုင်ဆိုတာ လောကကြီးမှာ တကယ်ကိုရှိနေခဲ့တဲ့ အခြေအနေလေးတစ်ခုပါပဲ။ပိုက်ဆံ ရာထူး အာဏာ ဒီသုံးခုဟာ လူသားတစ်ယောက်ကို လူမဆန်စွာ ပြုမူလိုက်နိုင်သလိုကိုယ်ချင်းစာတရားဆိုတဲ့ လောကကျင့်ဝတ်ကို မေ့သွားစေတတ်ပါတယ်။ဒီစီးရီးလေးက အိန္ဒိယနိုင်ငံရဲ့ကြမ္မာငင်တဲ့နေ့လေး တစ်နေ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပါ။၁၉၉၇ခုနှစ် ဇွန်လ ၁၃ရက်နေ့က အပ်ဟာရုပ်ရှင်ရုံအကြီးအကျယ်မီးလောင်မှုဖြစ်စဉ်ထဲမှာ လူပေါင်းရာချီသေဆုံးခဲ့ရတဲ့ အဖြစ်အပျက်လေးပါ။ဒီအမှုဟာ သူကြွယ်ကြီးတွေနဲ့ ကြမ္မာငင်ခဲ့တဲ့ကလေးမိဘတွေအကြား နှစ်ပေါင်း၂၀ကြာ အမှုရင်ဆိုင်ခဲ့ရတဲ့ဝမ်းနည်းစရာ အဖြစ်အပျက်လေးပါပဲ။ပိုက်ဆံရှိတယ်ဆိုတိုင်း ငွေဂုဏ်မောက်ပြီး ဘာမှတာဝန်ယူမှု တာဝန်သိမှုမရှိတဲ့ လူကုံထံတွေအကြောင်းဆိုလည်း မမှားလောက်ပါဘူး။ကဲ ဆိုတော့ ရှုစားပေးကြပါဦးနော်။
After the deadly Uphaar cinema fire, two grief-stricken parents navigate the loss of their kids and a dogged fight for justice.