VIVANT MMSub

VIVANT MMSub

Jul. 16, 2023
Your rating: 0
9 1 vote

Seasons and episodes

1Season 1 Jul. 16, 2023

Creator

Cast

Masato Sakai isYusuke Nogi
Yusuke Nogi
Hiroshi Abe isMamoru Nozaki
Mamoru Nozaki
Fumi Nikaido isKaoru Yuzuki
Kaoru Yuzuki
Tori Matsuzaka isShun Kurosu
Shun Kurosu
Koji Yakusho isNogōn Beki
Nogōn Beki
Ryo Ryusei isKotaro Shinjo
Kotaro Shinjo
Kento Hayashi isSuguru Nogi
Suguru Nogi
Rin Takanashi isAkemi Nogi
Akemi Nogi
Fumiyo Kohinata isToshihiko Nagano
Toshihiko Nagano

Synopsis

Up To Date Ep05
ဂျပန်ဇာတ်လမ်းတွဲတွေရဲ့ ဇာတ်အထနှေးတာကို မကြိုက်တဲ့လူတွေ ကိုရီးယားဇာတ်လမ်းတွဲကြိုက်တဲ့လူတွေတောင် ဒီဂျပန်ဇာတ်လမ်းတွဲကို တော်တော်လေးကြိုက်လောက်ကြမယ်။ ဒီလိုပြောလို့ ဂျပန်ဇာတ်လမ်းတွဲတွေရဲ့ ပေးနေကျအရသာပျက်သလားဆိုတော့လည်း မပျက်ပြန်ဘူး။ ဒါပေမဲ့ ဂျပန်ဇာတ်လမ်းတွဲနဲ့ တူသလားဆိုတော့လဲ မတူပြန်ဘူး။ တော်တော်လေး ကြားကျသလို ဇာတ်လမ်းတည်ဆောက်ပုံ ကာရိုက်တာတည်ဆောက်ပုံ နောက် သရုပ်ဆောင်တွေကအစ လန်ပြန်ထွက်နေတယ်။ သရုပ်ဆောင်တွေကျလည်း ဟ ဒီဇာတ်လမ်းတွဲထဲ ဒီဘဲတွေ ဘာကိစ္စပါလာတာလဲ ပြောရမယ့်ဘဲတွေချည်း။ ဖျော်ဖြေရေးအရတော့ တော်တော်ကွာလတီကောင်းတဲ့ စီးရီးပါပဲ။ဇာတ်လမ်းကလည်း စိတ်ဝင်စားစရာကောင်းတယ်။ ဂျပန်ကုမ္ပဏီတစ်ခုက နိုင်ငံခြားကုမ္ပဏီတစ်ခုကို ရင်းနှီးမြုပ်နှံငွေလွှဲပေးရာမှာ ဒေါ်လာ၁၀သန်းနဲ့ သန်း၁၀၀ မှားလွှဲမိရာကစတယ်။ ငွေပမာဏက တော်တော်ကွာနေတော့ ကုမ္ပဏီတစ်ခုလုံး ဒါဘယ်လိုဖြစ်တာလဲဆိုပြီး ဂျွမ်းပြန်ကုန်ရော။ ဒီတော့ ဒီကိစ္စရဲ့တာဝန်ရှိသူလို့ အားလုံးဝိုင်းသတ်မှတ်လိုက်ကြတဲ့ နိုဂိဆိုတဲ့ ဝန်ထမ်းက ဒီကိစ္စကိုဖြေရှင်းရဖို့ ဖြစ်လာတယ်။ကန္တာရကြားက Balka လို့ ခေါ်တဲ့ နိုင်ငံလေးကို ရောက်လာပြီး အဲဒီငွေတွေကို ပြန်ရဖို့ကြိုးစားတယ်။ ဒါပေမဲ့ ငွေတွေကို လက်ဝယ်ရှိနေတဲ့သူလို့ သူသိထားတဲ့သူက လျှို့ဝှက်ပြီး အင်အားကြီးတဲ့ အကြမ်းဖက်အဖွဲ့က ခေါင်းဆောင်ပိုင်းအဖွဲ့ဝင်ဖြစ်နေတယ်။ အဲဒီလူက သူရောက်လာတော့ အံ့ဩသွားပြီး မင်းက “Vivant” ကလား လို့ မေးပြီး သူ့ကိုယ်သူ ဗုံးခွဲသတ်သေရင်း အားလုံးပါ အပါခေါ်ဖို့ လုပ်တယ်။ ဒီအချိန် Hiroshi Abe ရဲ့ ဇာတ်ကောင် နိုဇခိက နိုဂိကို လာဝင်ကယ်သွားတယ်။ ဒီနောက် Balka ရဲတွေက နိုဂိကို ဗုံးခွဲလိုက်တယ်ထင်လို့သက်သက်ပဲလား ဘာအကြောင်းကြောင့်လားမသိ အသည်းအသန်လိုက်ရှာနေသလို သံရုံးအရာရှိနိုဇခိကလည်း နိုဂိကို အသည်းအသန်ကြိုးစားကယ်ခဲ့တယ်။ ဒါတွေအကုန်လုံးက Vivant ဆိုတဲ့ စကားလုံးတစ်လုံးကနေစပြီး Vivant ဆိုတာ ဘာလဲဆိုတာကို အက်ရှင်တွေ ပဟေဠိတွေ လှိုင်လှိုင်နဲ့ စိတ်ဝင်တစားကြည့်ရမယ့် ဇာတ်လမ်းပါ။ သူတို့စကားတွေအရတော့ နိုဂိဝင်ပတ်သက်မိတဲ့ ကိစ္စက ကမ္ဘာနဲ့ချီပြီးဂယက်ရိုက်သွားနိုင်တဲ့ ကိစ္စလို့တော့ ပြောကြတာပါပဲ။ ဘယ်နိုင်ငံတွေထပ်ရောက်ပြီး ဘယ်လိုသည်းထိတ်ရင်ဖိုတွေ ကြုံဦးမလဲတော့ စောင့်ကြည့်ကြရမှာပဲ။Wings of Desire တို့၊ Paris, Texas တို့လို ကားတွေကို ရိုက်ခဲ့တဲ့ Wim Wenders ရဲ့ကားအသစ် Perfect Days နဲ့ ဒီနှစ်တင် Cannes မှာ Best Actor Award ကို ရခဲ့တဲ့ Kôji Yakusho လို ဂျပန်ရဲ့လက်ရှိထိပ်သီး ဘဲကြီးတောင် ဒီဇာတ်လမ်းတွဲမှာပါပါတယ်။ ဒီဘဲကြီးက Babel တို့၊ Memoirs of a Geisha တို့၊ Cure တို့လို ကားတွေမှာပါ ပါဖူးတဲ့လူ။ ဒီကားတွေက ဘယ်လိုကားတွေလဲသိတဲ့လူတွေတော့ ဒီဘဲ ဘယ်လောက်ကြမ်းလဲသိကြမှာပါပဲ။ ဆောင်းကန်ဟိုတို့ ဘာတို့ထက် သာချင်သာမယ် မလျော့တဲ့ အနေအထားမှာရှိတယ်။နောက်အာရှရုပ်ရှင်လောကတစ်ခုလုံးမှာမှ ငါးယောက်လားပဲ ရထားဖူးတဲ့ Asian Film Excellence Award ကို ရဖူးတဲ့ Hiroshi Abe… ဒီဘဲကိုတော့ Kore-eda ဖန်တွေ ကောင်းကောင်းရင်းနှီးကြမှာပဲ။ Kore-eda ရဲ့ I Wish, Still Walking, After the storm တို့လို ရုပ်ရှင်တွေမှာ အဓိကဇာတ်ကောင်ဖြစ်ခဲ့တဲ့ဘဲ။ အငြိမ်လည်းပီပြင်သလို အက်ရှင်ဆန်ဆန်မှာလည်း ကြမ်းတယ်။ ဒီကားရဲ့ အက်ရှင်တွေ သည်းထိတ်ရင်ဖိုတွေကလည်း ဒီဘဲပေါ်လာတဲ့အချိန်မှာ စအသက်ဝင်လာတာပဲ။ အဓိကဇာတ်ကောင် Masato Sakai ကိုတော့ ကျွန်တော်လည်း မရင်းနှီးဘူး။ ဒါပေမဲ့ လက်ရှိသူ့ကာရိုက်တာရဲ့ ဂလည်အူကြောင် စိတ်ကောင်းရှိတဲ့ပုံစံမျိုးနဲ့တော့ သူက လုံးဝအံကိုက်ပဲ။ ဂျပန်ကားတွေနဲ့ ရင်းနှီးတဲ့လူတွေ သိလောက်မယ့် တခြားနာမည်ရ သရုပ်ဆောင်တွေလည်းပါသလို Abbas Kiarostami ရဲ့ Like Someone in Love ထဲက မင်းသမီး Rin Takanashi တောင် အဆစ်ပါသေးတယ်။ ဒီ Cast တွေ ဒီစီးရီးထဲ စုပြုံပြီး ဘာဝင်လုပ်နေတာလဲလို့တောင် မေးယူရမယ့်အထိ ကြမ်းတယ်။
Vivant ကို တချို့ကတော့ The Best Japanese TV Show လို့ပြောကြတယ်။ မှန်မမှန်တော့ ကိုယ်တိုင်ပဲ အကဲဖြတ်ကြည့်ပေါ့။ ကျွန်တော်တော့ ရာနှုန်းပြည့် မထောက်ခံချင်ဘူး။ ဒါပေမဲ့ ဖျော်ဖြေရေးလည်းဆန်၊ TV Show လည်းဆန်တဲ့ TV Show ဖြစ်ရမယ်ဆိုရင်တော့ ဒါကို ငြင်းလို့ရမှာလည်းမဟုတ်ဘူး။ ဒါကိုသိဖို့ အများကြီးတောင်ကြည့်စရာမလိုပါဘူး။ ပထမတစ်ပိုင်းပဲ ကြည့်ကြည့်လိုက်ရင်ကို ရပြီ။ ပထမတစ်ပိုင်းနဲ့တင် အက်ရှင်တွေရော သည်းထိတ်ရင်ဖိုတွေရော Hiroshi Abe ရဲ့ မာန်အပြည့် ဇာတ်ဝင်ခန်းတွေရော ခပ်ထေ့ထေ့ဇာတ်ဝင်ခန်းတွေရော Kôji Yakusho ရဲ့ ပဟေဠိဆန်ဆန် မျက်လုံးတွေရော အကုန်မြင်ရမှာဖြစ်သလို ဒီကားရဲ့ နာမည် Vivant ဆိုတာရဲ့ ပဟေဠိဆန်ခြင်းကိုရော ဩဇာလွှမ်းခြင်းကိုရော ပြပြီး Vivant ဆိုတာ ဘာကြီးမှန်း အရိပ်တောင်မပြထားတာကလည်း တော်တော်ဆွဲဆောင်မှုရှိနေတယ်။ သေချာတာကတော့ တစ်ပိုင်းကြည့်ပြီးရင် ခင်ဗျား ဆက်မကြည့်ရမနေနိုင် တကယ်ဖြစ်မှာပဲ။ တစ်ချက်က ဒီလို စုံပလုံနေအောင်ပြထားပေမဲ့ ကေဒရာမာက အက်ရှင်ဘက်သွားတဲ့ ကားအများစုလို လျှောက်ပြချင်တာများ ဇာတ်ကမနိုင်ပြသွားတာမျိုးမဟုတ်ဘဲ သေသေချာချာလေးကို အချိန်ယူပြသွားတယ်။ Hiroshi Abe ဇာတ်ကောင်ဆို မထီတထီနဲ့ တော်တော်လည်းတော်နေတဲ့၊ ပြောရရင် သူ့ကာရိုက်တာကို မြင်နေရတာက ဆားပုလင်းနှင်းမောင်ကာရိုက်တာကို မင်းသိင်္ခအမွှန်းတင်ပြောပြနေသလို အငွေ့အသက်မျိုးရနေအောင် လုပ်ပြထားပေမဲ့ အိုဗာဖြစ်တယ်လို့ တစ်စက်မှ မခံစားရအောင်လည်း ထိန်းပြသွားနိုင်ခဲ့တယ်။ တစ်ခါတလေ သောက်ဆန်းကြီးတွေလည်းလုပ်ပြနေပေမဲ့ မတော်တရော် သောက်လန်းကြီးတွေတော့ ဇွတ်မပြသွားဘူး။ ဘတ်ဂျက်လည်း တော်တော်သုံးထားပုံပါပဲ။ Vivant ဟာ အချိန်လည်းရ ဇာတ်လမ်းကောင်းကောင်း သရုပ်ဆောင်ကောင်းကောင်းနဲ့ ဇာတ်လမ်းကို အားရပါးရကြီး ထိုင်ကြည့်ချင်တဲ့သူတွေ ရေငတ်တုန်း ရေတွင်းကျမယ့် ဇာတ်လမ်းမျိုးလို့ ပြောလို့ရပါတယ်။ ပုံမှန်ဂျေဒရာမာကားတွေဟာ ကေဒရာမာတို့ အီးစီးရီး ပရိသတ်တွေရဲ့ အကြိုက်နဲ့ တော်တော်လေးကွဲလွဲနေမှာဖြစ်ပေမဲ့ Vivant ကတော့ ဘယ်လိုဇာတ်လမ်းတွဲမျိုးကြိုက်တဲ့လူမဆို ကြည့်လို့ကောင်းမယ့် ဇာတ်လမ်းတွဲပါပဲ။အင်တာပရိသတ်တွေကတော့… ဇာတ်အိမ်လည်း တော်တော်သေသပ်သလို ကာရိုက်တာတွေက လက်တွေ့ကျပြီး ကာရိုက်တာတွေ ဆုံးဖြတ်ချက်တွေ ရွေးချယ်မှုတွေလုပ်တာလည်း အသက်ပါတယ်။ တခြားအက်ရှင်ဇာတ်လမ်းတွေလို သိပ်လက်တွေ့မကျတဲ့ ဆုံးဖြတ်ချက်တွေ ရွေးချယ်မှုတွေမလုပ်ဘူး။ ဇာတ်လမ်းကလည်း တော်တော်လေး ကိုယ်ပိုင်ဇာတ်လမ်းဆန်သလို Plot-twist တွေကလည်း လုပ်ယူထားတယ်ဆိုတာနဲ့ တော်တော်ဝေးတယ်။ လိုတာတွေကို ပြချင်ဇောနဲ့ကျော်မချသွားသလို မလိုတာတွေကိုလည်း အတင်းသွင်းမထည့်ထားဘူးလို့ တော်တော်ကြီးကို အမွှန်းတင်ထားတာရှိပါတယ်။ ဒါပေမဲ့လည်း အနုပညာဟာ ဘုရားမဟုတ်နေတော့ ခြောက်ပြစ်တော့ ကင်းချင်မှကင်းပါလိမ့်မယ်။ ခုကြည့်ထားသလောက်တော့ ကင်းသလောက်ပါပဲ။ ပသို့ပဲဆိုဆို တော်တော်တော့ ကောင်းတဲ့၊ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်လမ်းတွဲတစ်တွဲပေါ့။

Original title VIVANT
TMDb Rating 8.6 7 votes
First air date Jul. 16, 2023
Last air date Sep. 10, 2023
Seasons 1
Episodes 10
Average Duration 60 minutes

Similar titles

Before and After Plastic Surgery Clinic MMSub
The Fabulous MMSub
Good Job MMSub
สามีชั่วคืน (Husband Overnight)MMSub
Based on a True Story MMSub
Tell Me Lies MMSub
Joseon Attorney: A Morality MMSub
It’s Beautiful Now MMSub
The Kingdom MMSub
Dickinson MMSub
Irreverent MMSub
Lost in the Kunlun Mountains MMSub

Leave a comment

Name *
Add a display name
Email *
Your email address will not be published