
“ ငါ့ အသက် ၂၆ နှစ်ပြည့်ရင် ငါသူနဲ့ လက်ထပ်မယ် သူ့အတွက် ဘေဘီလေးတွေ မွေးပေးမယ်”“ နင့်ကို တစ်ရက်မတွေ့ရဘဲ ငါ မနေနိုင်ဘူး”“ နင်နဲ့ဝေးပြီး ငါမနေနိုင်ပါဘူး”အဲဒီလောက်ထိ ချစ်ကြတဲ့ ချစ်သူ ၂ ယောက်ရှိပါတယ်။ဒန် နဲ့ မယ်လ်နင် တဲ့။တက္ကဆပ်မှာနေကြတယ်။ကလေးဘဝတည်းက ခင်မင်လာပြီး ချစ်သူသက်တမ်း ၆ နှစ်တောင် ရှိနေပြီဖြစ်တဲ့ ငယ်ချစ်တွေ။ဘယ်သွားသွား ဘယ်လာလာ အမြဲ တပူးပူးတတွဲတွဲပေါ့။တစ်နေ့ကျရင် လက်ထပ်ကြမယ် သာယာတဲ့အိမ်ထောင်တစ်ခု ကိုထူထောင်ကြမယ် ဆိုတဲ့ အိပ်မက်တွေကိုယ်စီနဲ့ အသက် ၂ဝကျော် Love Bird လေးတွေရဲ့ ဘဝထဲကိုတစ်နေ့တော့ ဘဝရဲ့ စိန်ခေါ်စမ်းသပ်ချက်တွေ ရောက်လာခဲ့ပါတယ်။မယ်လ် တစ်ယောက် သူငယ်ချင်းတွေနဲ့ ပါတီသွားရင်းအမူးလွန်ပြီး ဒန့် ဆီကို သွားရာကနေ စ ဖြစ်လာတဲ့ ကတောက်ကဆ မီးပွားလေးဟာပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေကြောင့် ဟုန်းဟုန်းတောက် လောင်ကျွမ်းလာပါတော့တယ်။ဒါ့အပြင် ဒန့် မှာ အချစ်နဲ့ အလုပ်အခွင့်အရေးကြား ဗျာများစရာတွေ ရှိလာတဲ့အခါသူတို့ရဲ့ ရိုဆန်လှတဲ့ ၆ နှစ်တာ ချစ်သက်တမ်းဟာ နားလည်မှုတွေနဲ့ ရှေ့ဆက်နိုင်ပါ့မလား?ပြီးတော့ အတူရှိခြင်းနဲ့ အချစ်ဟာ ထပ်တူကျနို်င်ပါ့မလား?မျက်စိအောက်ကတောင် အပျောက်မခံနိုင်ပါဘူး ဆိုတဲ့ ချစ်သူတွေကြားဘဝမုန်တိုင်းတွေတိုက်ခတ်တဲ့အခါ တွဲလက်တွေမြဲနိုင်ပါဦးမလား?ဆိုတာကိုတော့ ဇာတ်လမ်းလေးမှာပဲ ဆက်လက်ခံစားလိုက်ကြပါဦးနော်။ဒီဇာတ်လမ်းဟာ လူငယ်အချစ်ဇာတ်လမ်းလေးဖြစ်တာကြောင့် Ro တာတွေ ငို တာတွေကိုတဝကြီး ခံစားရမှာမို့ Tissue Box လေး ဘေးမှာထားပြီး ရှူစားအားပေးကြပါဦးနော်။ဘာသာပြန်နဲ့ အညွှန်းကတော့ Thaw ပါ…
A young couple bound by a seemingly ideal love, begins to unravel as unexpected opportunities spin them down a volatile and violent path and threaten the future they had always imagined.