
ဒီကားကတော့ လူတိုင်းသိပြီးသားနာမည်ကြီးကားတစ်ကားပဲဖြစ်ပါတယ်….တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားတဲ့ ရာဇဝင်ကားတစ်ကားပဲဖြစ်ပါတယ်…ကိုရီးယားရဲ့နာမည်ကြီး မင်းသားကြီးတစ်လက်ဖြစ်တဲ့ Joo Jin Mo နဲ့ အခုလက်ရှိမှာလူသိများနေတဲ့Sex is Zero 2 , မြဝတီမှထုတ်လွှင့်သွားခဲ့တဲ့ ဂျူမုံဇာတ်လမ်းတွဲမှာကော , Running Man မှာလည်းပါဝင်ခဲ့တဲ့မင်းသမီး Song Ji Hyo တို့မှဦးဆောင်ပါဝင်ထားတာပဲဖြစ်ပါတယ်…..ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်….Gore ရဲ့ဘုရင်တစ်ပါးဖြစ်တဲ့ Joo Jin Mo ဟာ ယမ်မင်းဆက်ရဲ့မင်းသမီး Song Ji Hyo နဲ့လက်ထပ်ခဲ့ပေမယ့်သူတို့မှာထီးနန်းကိုဆက်ခံနိုင်မယ့် သားသမီးမထွန်းကားလာခဲ့ပါ….အဲ့ဒါကြောင့်ပဲ မင်းကြီး Joo Jin Mo နဲ့ ယမ်မင်းဆက်ဘုရင်ကြီးတို့မှာ ဖိအားတွေရှိလာခဲ့ပါတယ်…တစ်ဖက်မှာတော့ မင်းကြီး Joo Jin Mo ရဲ့ ကိုယ်ရံတော်ဖြစ်တဲ့ Hong Rim ဟာ မင်းကြီးရဲ့ချစ်သူလည်းဖြစ်နေခဲ့ပါတယ်…နောက်ဆုံးမှာ မင်းကြီးဟာဆုံးဖြတ်ချက်ပြတ်ပြတ်သားသားချပြီး သူ့ကိုယ်ရံတော်ဖြစ်တဲ့ Hong Rim နဲ့ သူ့မိဖုရားနဲ့ကိုအတူပေးနေစေပြီးတော့ ရင်သွေးရအောင်ကြံရပါတော့တယ်…အဲ့လိုနေပေးပြီးတဲ့ တစ်လျောက်မှာ မိဖုရားနဲ့ ကိုယ်ရံတော်တို့မှာ အထိအတွေ့ကိုမလွန်ဆန်နိုင်တော့ပဲတစ်ယောက်နဲ့တစ်ယောက်ချစ်မိသွားရာကနေ မင်းကြီးအတွက် Hong Rim ရင်ထဲမှာနေရာမရှိဖြစ်လာပါတော့တယ်…မင်းကြီးဟာဒီကားထဲမှာ ဂေးတစ်ယောက်ဖြစ်ပါတယ်…ဒီလိုမျိုး ချစ်ရသူဆီကဒီလိုပစ်ပယ်တာတွေခံလာရတော့ မင်းကြီးရင်ထဲမှာဘယ်လိုတွေဖြစ်လာမလဲ…သူကိုယ်ရံတော်နဲ့ မိဖုရားကကော သူတို့ရဲ့အချစ်တွေကိုရပ်တန့်နိုင်ကြမလား….ဘယ်လိုတွေဆက်ပြီးဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာကြည့်ရမှာပဲဖြစ်ပါတယ်…မိသားစုနဲ့ကြည်ရန်မသင့်သည့်အခန်းများပါသည့်အတွက် ၁၈ နှစ်နဲ့အထက်ကြည့်ရန်သာသင့်တဲ့နာမည်ကြီးကားကောင်းတစ်ကားပဲဖြစ်ပါတယ်…
Crd GoldChannel
A historical drama set in the Koryo dynasty and focused on the relationship between a king and his bodyguard. Under the dominance of Yuan Dynasty China, the king of Goryeo Dynasty Korea is pressured to produce a successor to the throne. Unable to make love to his queen because he is in love with his bodyguard, Hong Lim, the king asks the two of them to sleep together instead. This sexual contact formulates a forbidden love between Hong Lim and the Queen.
Good movie 🍿
I like this movie