
ဒီကားလေးကတော့ သိပ်ပြီးမိတ်ဆက်စရာမလိုလောက်အောင်အားလုံးသိထားပြီးတဲ့ ကားလေးဖြစ်ပါတယ်…Disney ကနေထုတ်လုပ်ပြီးတော့ ၂၀၁၉ မှာ Animation ကိုLive Action အသွင်ပြောင်းပြီးရိုက်ကူးပြီးတင်ဆက်ခဲ့ပါတယ်…Animation မှာအရမ်းကိုအောင်မြင်ခဲ့တဲ့ဒီကားလေးကအခု Live Action မှာကော အောင်မြင်မလားဆိုတာကိုဒီကားလေးကိုကြည့်ပြီးဆုံးဖြတ်လိုက်ရအောင်လား……ဇာတ်ကားထဲမှာ အာလာဒင်ဆိုတဲ့ သူခိုးတစ်ယောက်က မြို့သူအယောင်ဆောင်ပြီး မြို့ထဲကိုထွက်လာတဲ့ မင်းသမီးလေးနဲ့တွေ့ပြီးချစ်မိသွားကြတယ်…သူခိုးတစ်ယောက်နဲ့မင်းသမီးတစ်ပါးနဲ့ မဖြစ်နိုင်တော့ဂျဖာက အာလာဒင်ကိုဖမ်းပြီး မီးခွက်ခိုးခိုင်းတာကနေပြီးတော့မီးခွက်စောင့်ကြီး တဖြစ်လဲ Will Smith နဲ့တွေ့ဆုံပါတော့တယ်…Will Smith မီးခွက်ပုံစောင့်ပုံကြီးနဲ့ ပိုစတာထွက်လာတုန်းကဆိုရင်တော်တော်လေးကို ကြည့်ရဆိုးပြီလို့ တွက်ခဲ့ဖူးတယ်….ဒါပေမယ့် ကိုယ်တိုင်ကြည့်လိုက်တဲ့အခါမှှာတော့ Will Smith တစ်ယောက် သူ့ရဲ့အကောင်းဆုံး Genie ပုံစံကိုပြသနိုင်ခဲ့ပါတယ်…Disney ရဲ့ထုံးစံအတိုင်းပဲ နောက်ခံတီးလုံးအမိုက်စားတွေနဲ့Live Action အနေနဲ့ထွက်ရှိလာခဲ့တဲ့ ဒီကားလေးဟာကလေးဘဝတွေကိုပြန်လည်တမ်းတနိုင်အောင်ရိုးရိုးလေးနဲ့ရိုက်ကူးထားတဲ့ ကားလေးတစ်ကားပဲဖြစ်ပါတယ်……
A kindhearted street urchin named Aladdin embarks on a magical adventure after finding a lamp that releases a wisecracking genie while a power-hungry Grand Vizier vies for the same lamp that has the power to make their deepest wishes come true.
I like movie