
18+ အခန်း အနည်းငယ်ပါ၍ မိသားစုဖြင့် အတူမကြည့်သင့်ပါ)လူတိုင်းလူတိုင်း ဘဝမှာကောင်းတာတွေပဲဖြစ်ချင်ကြတာပါ ဒါပေမယ့် လောကဇာတ်ဆရာအလိုကျ မဖြစ်ချင်တဲ့ဘဝတွေမှာမလုပ်ချင်တဲ့နေရာ ဌာနတွေမှာသက်ဆိုင်ရာဇာတ်ရုတ်တွေ အတိုင်းကခုန်နေကြတယ်တချို့ကျတော့လဲ အရုပ်ကြိုးပျက်ပြီး နစ်မွန်းသွားကြတယ် တချို့ကြတော့လဲ မီးအလင်းရောင်စုံညီကွန့်မြူ းထားတဲ့စင်မြင့်ထက်မှာအငိုမျက်လုံးအပြုံးမျက်နှာဖြစ်ရတယ်နစ်မွန်းစုတ်ပြတ်သတ်နေတဲ့ဘဝပိုင်ရှင်တွေကို ပျော်လွန်းလို့ဒီဘဝမှာနေနေကြတယ်ထင်ပါသလား ဘယ်လို ခံယူချက်မျိုးနဲ့ ဒီဒဏ်တွေကိုကြံ့ကြံ့ခံတယ် တွေးမိဖူးလားသူတို့မှာအားအကောင်းဆုံးလက်နက်လေးတစ်ခုရှိနေလို့ပါ အဲ့တာကအခြားတော့မဟုတ်ဘူး သူ့နာမည်ကိုတော်တော်များများကြားဖူးကြမှာပါ “မျှော်လင့်ချက်” တဲ့Alanis ဆိုတာ မော်ဒယ်တွေ အဖော်ချွတ်မလေးတွေ နာမည်မဟုတ်ပါဘူး အဆိုတော်မလေးတစ်ယောက်နာမည်ပါ ဒါပေမယ့် အဲ့နာမည်ပိုင်ရှင်လေးမှာ အဆိုတော်ဖြစ်ဖို့အခွင့်မရခဲ့ရှာပါဘူး single mother အဖြစ်နဲ့ကလေးတစ်ယောက် ရင်ဝယ်လွယ်ပြီးသူလုပ်တဲ့အလုပ်ကသိပ်မရင်းရပါဘူး ခန္ဓာပဲရင်းရတဲ့ ပြည့်တန်ဆာအလုပ် သူငယ်ချင်းဖြစ်သူဂျီဆဲလားနဲ့ တိုက်ခန်းတစ်ခုငှား ကြော်ညာစာတွေလိုက်ကပ် ဖောက်သည်တွေလက်ခံလုပ်နေတဲ့ညဉ့်ငှက်လေးတွေကိုအာဂျစ်တီးနားရဲ့ ပြည့်တန်ဆာလုပ်ငန်းတားမြစ်ချက်ဥပဒေအရ အရေးယူဖို့အကြောင်းဖန်လာပါတယ်ဒီကားဟာရိုးရိုးလေး ဇာတ်လမ်းကိုပုံဖော်ထားတာပါ ပြည့်တန်ဆာလုပ်ငန်းကိုတရားဝင်လုပ်ခွင့်မပေးတဲ့နိုင်ငံမှာ sex workerဖြစ်တဲ့ Alanis တစ်ယောက် ဘယ်လိုရုန်းကန်ရလဲ ပဲရိုက်ပြထားတာပါ စစချင်းအဖွင့်မှာတင် ဝစ်လစ်စလစ် scene နဲ့စတာမို့မောင်နှမတွေ မိသားစုတွေနဲ့ကြည့်လို့မသင့်လျော်ပါဘူး တကယ့် reality ကိုပဲချပြချင်တဲ့ကားမျိုးဖြစ်တဲ့ အတွက်အခြားကျန်တဲ့အပိုင်းတွေမှာ သိပ်မျှော်လင့်စရာမရှိဘူး ညဉ့်ငှက်တွေဘဝကို အမှန်တိုင်းအရိုးရှင်းဆုံးမြင်ရမယ်သူတို့ဘဝ သူတို့ဒုက္ခတွေ အာဂျစ်တီးနားကလမ်းကြားတွေမှာ ဘယ်လိုကျင်လည်ရလဲဆိုတာမြင်ရမယ်အထူးပြောချင်တာကတော့ မိခင်နဲ့ကလေးကြားက ဆက်သွယ်မှုအားကိုရိုးရိုးလေးနဲ့အထိမိဆုံးမြင်လိုက်ရတာပါပဲ ကျျွန်တော်ပြည့်တန်ဆာဇာတ်ရုပ်တွေတော်တော်များများကြည့်ဖူးတယ် အကုန်လုံးက တခုခုကိုမြိုသိပ်ထားသလိုကြောက်ရွံ့နေသလို မလုပ်ရဲမကိုင်ရဲမထိရဲသလိုနဲ့ လူတောတိုးဖို့တွန့်ဆုတ်နေသလို အဲ့လိုမျိုးတွေပဲမြင်ရတာများတယ် ဒါပေမယ့် ဒီကားထဲက Alanis ဇာတ်ရုပ်ပိုင်ရှင် Sofia Castiglione မှာတော့အဆိုပါမျက်နှာပေးမျိုးမရှိပါဘူး သူ့အတွက်မျှော်လင့်ချက်ကသူ့သား သူ့သားလေးဒန်တီကိုဘယ်အရာကမှခွဲမသွားစေရဘူူး သူ့သားကိုပြည့်တန်ဆာလုပ်ပြီး ပျိုးထောင်မယ်ငါစိတ်မညစ်ရဘူး ငါမငိုရဘူးဆိုပြီးအားတင်းထားတဲ့ပုံမျိုး သားရှေ့မှာဆိုအမြဲပြုံးပျော်နေတဲ့ အမေမျိုး တစ်ဖက်မှာလဲ သားကိုပြည့်တန်ဆာမတစ်ယောက်သားအဖြစ်မကြီးပြင်းလာစေချင်ဘူး အဲ့လိုအားပြိုင်မှုလေးတွေကို မျက်နှာတစ်ခုထဲမှာမြင်ရမှာပါဒီကားဟာ အတော်လေးကို လက်တွေ့ကျတဲ့ကားတစ်ခုလိုပဲမြင်မိတယ်အဲ့လက်တွေ့တရားထဲကမှ အနုပညာကိုချပြသွားတာ အမှောင်ထဲမှာမီးတောက်လေးတခု ဖျက်ခနဲမြင်လိုက်ရသလိုပေါ့ ဖန်တီးမှုပိုင်းဆိုင်ရာအလှတရားကိုမှခံစားချင်သူတွေအတွက် ကြည့်ချင်လောက်မယ့်ကားမျိုးဟုတ်မယ် မထင်ပါဘူး
Crd ChannelMyanmar
A young Buenos Aires mother and sex worker suffers the hypocrisy of the laws that are supposed to protect her, in this compelling, profoundly political drama about the dismal choices foisted upon vulnerable women.