
ဒီရုပ်ရှင်ကတော့ အိုလံပတ်ဖောလန်း၊လန်ဒန်ဖောလန်း ရုပ်ရှင်တွေရဲ့ အဆက်လို့ပြောလို့ရသလိုရသတစ်မျိုးခံစားရအောင် အဆင့်မြှင့်ထားတယ်လို့ ပြောရင်လည်းရပါတယ်..သမ္မတလုပ်ကြံခံရတယ်၊ မိုက်ဘန်းနင်းက လိုက်ကယ်တယ်။သို့ပေမယ့် ဘာကွာသွားလဲဆိုတော့ကျွန်တော်တို့ဇာတ်လိုက်ကျော်ကြီး မိုက်ဘန်းနင်းကြောင့်လုပ်ကြံခံရမှုကြီး အထမြောက်သွားတယ်လို့တကမ္ဘာလုံးက ထင်အောင်ကို အကွက်ဆင်ခံလိုက်ရတာပါပဲ…မိုက်ဘန်းနင်းခဗျာ အစိုးရဘက်က လူတွေရန်ကလည်း လွတ်အောင်အသည်းအသန်ရှောင် ရသလို အချိန်မရွေးအသက်ပျောက်သွားနိုင်တဲ့သမ္မတကြီးကိုလည်း ကယ်ဖို့အတွက် စက္ကန့်မလပ်ကြိုးစားရပါတယ်…အမိုက်စားအက်ရှင်ခန်းတွေ ဝေဝေဆာဆာပါသလို သုံးထားတဲ့လက်နက်တွေ အခြားအထောက်အကူပြုပစ္စည်းတွေကလည်းအကုန် Upgrade ပါပဲ…ခံစားကြည့်ကြပါဦး…
After a treacherous attack, Secret Service agent Mike Banning is charged with attempting to assassinate President Trumbull. Chased by his own colleagues and the FBI, Banning begins a race against the clock to clear his name.