
–
ရှေးသမိုင်းတွေစိတ်ဝင်စားတဲ့သူတွေအကြိုက်တွေ့စေမယ့်ဟန်ခေတ်ကနယ်စပ်မြို့လေးမှာအခြေတည်ပြီးရိုက်ထားတဲ့စစ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ဘီစီ၃၀၀ခုနှစ်လောက်မှာ အရှေ့ဥပရောပမှာနေထိုင်တဲ့ရှုံနူလူမျိုးတွေရှိခဲ့ပါတယ်။သူတို့ဟာရေကြည်ရာမြက်နုရာလှည့်လည်ကျက်စားတတ်ပြီးတရုတ်ပြည်မြောက်ပိုင်းကိုအကြိမ်ကြိမ်ကျူးကျော်ဖို့ကြိုးစားခဲ့သူတွေလဲဖြစ်တယ်။ဒီဇာတ်ကားလေးမှာတော့ ဟန်တိုင်းပြည်နယ်စပ်မြို့လေးဖြစ်တဲ့စူးလော့မြို့လေးကိုစစ်သည်အင်အား၃၀၀နဲ့စစ်သူကြီးတစ်ယောက်ဟာ
ရှုံနူတွေရဲ့ရန်ကနေပြီး ဘယ်လိုခုခံကာကွယ်မလဲ…..မြို့လေးကိုသေသည်အထိကာကွယ်မယ်ဆိုပြီးသစ္စာဆိုခဲ့တဲ့ဟန်စစ်သားတွေဟာသူတို့ရဲ့တာဝန်ကိုဘယ်လိုစိတ်ဓာတ်အားမာန်တွေနဲ့ဘယ်လိုကျေပွန်အောင်ထမ်းဆောင်ခဲ့လဲဆိုတာကို ခံစားကြည့်ရှုရမှာဖြစ်ပါတယ်