What's happening?

Deadly Love Poem MMSub

Deadly Love Poem MMSub

Jan. 05, 2023Indonesia105 Min.Not Rated
Your rating: 0
9 1 vote

Synopsis

Download File Here

Ranum ဆိုတဲ့ မိန်းမလှလေးတစ်ယောက်၊ လှပစွာ၊ ပျော်ရွှင်စွာ၊ အေးချမ်းစွာနေထိုင်လာခဲ့တယ်။ သူက ကဗျာလေးတွေကိုချစ်တဲ့သူ။ စာသားအနုအရွ‌လေးတွေနဲ့ အရာရာကို စိတ်ကူးယဉ်တတ်သူ၊ နှလုံးသားလေးလှသလို ပန်းတွေလိုပွင့်ဖူးလာတဲ့ စကား‌လုံးလေးတွေကို နှင်းဆီငုံနှုတ်ခမ်းက မြွတ်ဟတတ်သူတစ်ယောက်ပေါ့။ တစ်နေ့မှာတော့ Ranum ဆီကို Rendy ဆိုတဲ့ စားဖိုမှူးလေး ဝင်လာခဲ့တယ်။ သူ့ရဲ့အချက်အပြုတ်စွမ်းရည်နဲ့ နှုတ်စကားချိုချိုလေးတွေက Ranum ကို ဖမ်းစားတယ်‌ပေါ့လေ။ ဒါပေမဲ့ Rendy ဟာ ‌ကောင်ဆိုးလေးတစ်ယောက်၊ တစ်ဖက်မှာ Ranum ဆီကိုချဉ်းကပ်ရင်း အခြားတစ်ယောက်ဆီမှာလည်း ခြေရှုပ်နေသတဲ့။ Rendy ဟာ လှေနံနှစ်ဖက်နင်းနေရင်း ရုတ်တရက် အသေဆိုးနဲ့သေသွားခဲ့တယ်။ အဲဒီနောက်ပိုင်းကစလို့ Ranum ရဲ့ဘဝမှာ မုန်တိုင်းထန်လာတယ်ပေါ့။ နောက်ပြီးတော့ အဝတ်အစားတွေကို နှလုံးသားနဲ့ ချုပ်ပါတယ်ဆိုတဲ့ ဖက်ရှင်မမတစ်ယောက်က အညုစကားတွေနဲ့ Ranum ကို ဆွဲဆောင်ပြန်ရော။ မိန်းကလေးနှစ်ယောက် ချစ်သူအဖြစ် လက်တွဲကြဖို့ သိမ်းသွင်းခံရတဲ့ Ranum တစ်ယောက် စိတ်ပါလုလုအဖြစ်မျိုး။ ဒါပေမဲ့ အဲဒီမမကလည်း နောက်ကြောင်းမရှင်းတဲ့ စားဆော်ကြီး။ အဲဒီမမကြီးက သူ့ရဲ့ သူငယ်ချင်းဟောင်း ကောင်မလေးနဲ့ ပလူးနေပြန်ရော။ ဖက်ရှင်မမလည်း မကြာပါဘူး။ သေတာပဲ။ Ranum အပေါ် ဖောက်ပြန်သမျှလူတွေ အသေဆိုးနဲ့ သေလာရတဲ့အချိန် Ranum နောက်မှာ အကောင်အထည်မဲ့၊ လျှို့ဝှက်ဆန်းကြယ်အရာတစ်ခု အရိပ်လိုကပ်ပါလာခဲ့တယ်။ ဒီတော့ ဖောက်ပြန်သူတွေကို Ranum ကပဲသတ်တာလား။ အသံမပေး အကောင်အထည်မပြတဲ့ အဲဒီအရိပ်နဲ့ပဲဆိုင်နေသလား။ အဲဒီနောက်ပိုင်း ဘယ်လိုကြုံရမယ်ဆိုတာတော့ အင်ဒိုနီးရှား သရဲကားတွေရဲ့ Vibe နဲ့ ခံစားနိုင်ပြီဖြစ်ကြောင်းပါ။

The story of Ranum, who is always tricked by the sweet words of men who then betray her and later ends with death by a mysterious figure. Ranum’s family drama revolves around deceit; it is poetic, romantic, and hilarious which instantly turns into terror. Ranum decides to keep looking for true love, which is beautiful and brings kindness to ward off the tragedy she has experienced. Who is the figure who spreads the vile terror, and can Ranum find her love?

Original title Puisi Cinta Yang Membunuh
IMDb Rating 5 49 votes
TMDb Rating 6 2 votes

Similar titles

A Hard Day MMSub
Once Upon a Time… in Hollywood MMSub
Karthik Calling Karthik MMSub
Howling MMSub
Tell It Like a Woman MMSub
Nitham Oru Vaanam MMSub
Drunk Bus MMSub
Operation Sniping MMSub
Dante s Peak MMSub
Sorry We Missed You MMSub
Housebound MMSub
Deception MMSub

Leave a comment

Name *
Add a display name
Email *
Your email address will not be published