
IMDb (6.2/10) / Rotten Tomatoes (70%)French-Belgian ဇာတ်ကားဖြစ်ပြီး Erotic,Thriller,Drama အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ကလိုဝီဆိုတဲ့ ကောင်မလေးဟာ စိတ်အားငယ်တတ်သလိုသူ့ကိုယ်သူ ဝေဒနာရှိနေတယ်လို့ထင်နေတဲ့ မော်ဒယ်ဘဝကိုစွန့်ခွာလာတဲ့ မိန်းမလှလေးတစ်ယောက်ပါ။သူ့ဗိုက်အောင့်ရောဂါဟာ စိတ်ကြောင့်ဖြစ်ရတယ်လို့ ယူဆတဲ့အတွက် ဒေါက်တာ ပေါလ်မေယာဆိုတဲ့ စိတ်ကုဆရာဝန်တစ်ယောက်နဲ့တိုင်ပင်ကုသရာကနေ သံယောဇဉ်တွယ်ပြီး အတူတူနေဖြစ်သွားပါတယ်။အတူတူနေကြတဲ့ နောက်ပိုင်း ကလိုဝီ သိလာတာကတော့ သူ့ချစ်သူဟာ လျှို့ဝှက်ချက်တွေ ဖုံးကွယ်မှုတွေ အတိနဲ့ဆိုတာပါပဲ။သူ့ကိုမိတ်ဆက်ထားတဲ့အမည်ဟာ သူ့နာမည်အရင်းမဟုတ်တဲ့အပြင် သူနဲ့ တစ်ထေရာထဲထပ်တူ အမြွှာညီအစ်ကို တစ်ယောက်ထပ်ရှိနေသေးပြီးအဲ့ဒီအမြွှာဟာလဲ သူ့လို စိတ်ကုဆရာဝန်အဖြစ်ပဲ အသက်မွေးနေတဲ့အကြောင်း တစ်စစ သိလာရာကနေသူတို့ဇာတ်လမ်းဟာ သုံးပွင့်ဆိုင်အဖြစ်အသွင်ပြောင်း ရှုပ်ထွေးလာပါတော့တယ်။ဒါမှမဟုတ် လေးပွင့်ဆိုင်ဖြစ်လာမလား?သူကိုယ်တိုင်ဆီမှာကော သူ့ဘဝထဲက ဖျောက်ဖျက်မေ့လျော့ထားချင်မယ့် အတိတ်တစ်ခု ဒါမှမဟုတ် သွေးသားရင်းချာတစ်ယောက်ရှိနေနိုင်မလား?L’Amant Double သို့မဟုတ် Double Lover ဟာအခုချိန်မှာ ရှားပါးနေတဲ့ Erotic thriller ကားကောင်းတစ်ကားပါ။အမေရိကန်ကားတွေနဲ့ တင်ပြပုံဇာတ်လမ်းတစ်မူကွဲပြားနေပြီးအိပ်ယာပေါ်ကအခန်းတွေ ပီပြင်ကြမ်းတမ်းလွန်းတဲ့အတွက် ၂၁ နှစ်ပြည့်ပြီးလောက်မှ ကြည့်သင့်တဲ့ ဇာတ်ကားမျိုးပါ။
Crd ChannelMyanmar
Chloé, a fragile young woman, falls in love with her psychoanalyst, Paul. A few months later she moves in with him, but soon discovers that her lover is concealing a part of his identity.