
–
မိစ္ဆာဂိုဏ်းကို နှိမ်နင်းခဲ့ပြီးနောက် နဂါးဂိုဏ်းခေါင်းဆောင် လန်ယန်ဟာလုံတူးမြို့ကို တည်ထောင်ခဲ့ပြီး တိုင်းပြည်တည်ငြိမ်ဖို့အတွက် လုံချွဲ့တပ်ကို ဖွဲ့စည်းခဲ့တယ်။၁၂ နှစ်ကြာပြီးနောက်မှာ နဂါးဂိုဏ်းကို ပင့်ကူတွေက တိုက်ခိုက်ခဲ့တယ်။လန်ယန်လဲ အဆိပ်မိသွားပြီး တစ်မြို့လုံးမှာ ဘေးအန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်။လုံချွဲ့တပ်ခေါင်းဆောင် ဖန်းယွမ်နဲ့ နတ်မယ်တော် ကျီးရှင်းယဲ့တို့ဟာမိစ္ဆာမြို့မှာ နတ်သမားတော် ကျန်းလျန်ဟွာကို ရှာပုံတော်ထွက်ခဲ့ပါတယ်။သူတို့ ၃ ယောက်သား အခက်အခဲအဆင့်ဆင့်ကို ဘယ်လို ကျော်ဖြတ်ကြမလဲ……မိစ္ဆာဂိုဏ်းဆက်ခံသူတို့က မြို့တော်ငြိမ်းချမ်းရေးကို ဖျက်ဆီးမဲ့အကြံအစည်တွေကို တားဆီးနိုင်ပါ့မလားဆိုတာကိုခံစားကြည့်ရှုလိုက်ရအောင်နော်။