
ဒီတခါ ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားကတော့ “Goliyon Ki Raasleela Ram-Leela” ဆိုတဲ့ အချစ် ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်း ဒါရိုက်တာက ရိုမီယို နဲ့ ဂျူးလိယက် အချစ်ကို အမှီပြုပြီး ရိုက်ကူးထားတာပါရိုမီယို နဲ့ ဂျူးလိယက် ဆိုတော့ စိတ်ဝင်စားဖို့ ကောင်းသွားပြီဇာတ်လမ်းအညွှန်းကတော့ ဒီလိုပါ…ရာဂျာဒီ မျိုးနွယ်စု နဲ့ စန်နရာ မျိုးနွယ်စု ဟာ နှစ်ပေါင်း ၅၀၀ ကျော်ကြာ ရန်ငြိုးရှိခဲ့ပါတယ်…ရာဂျာဒီ တွေက အာဃာတ မီးတွေ မငြိမ်းသတ်နိုင်ပေမယ့် ရာဂျာဒီ အကြီးအကဲ ရဲ့ အငယ်ဆုံးသား ရမ် ကတော့ ငြိမ်းချမ်းရေးကို မြတ်နိုးသူပါ..ရမ် က အဖေ နဲ့ အကို ကို ဆန့်ကျင်ပြီး ဆိုးချင်တိုင်း ဆိုးနေပါတော့တယ်..တစ်နေ့မှာ တော့ ရမ် ဟာ စန်နရာက ကောင်မလေးတွေကို ကြူချင်တာနဲ့ စန်နရာ ဘက်ကို ခိုးသွားခဲ့ပါတယ်..အဲ့နေ့မှာဘဲ စန်နရာ အကြီးအကဲ ရဲ့ သမီး လီလာ နဲ့ ချစ်မိသွားကြပါတယ်..ဒီအချစ်ဇာတ်လမ်းကို လီလာ အမေကြီး သိတာနဲ့ လီလာကို လက်ထပ်ဖို့ အမြန်စီစဉ်တော့တာဘဲ…အချစ်ဌက်နှစ်ကောင် ဟာ ခိုးပြေးဖို့ တိုင်ပင်ရပါတော့တယ်…ဒါပေမယ်… ခိုးပြေးမယ့် မနက်မှာဘဲ လီလာရဲ့ အကို ကန်ဂျီဟာ ရမ် ရဲ့ အကို မတ်ဂျီးကို မတော်တဆ သေနတ် နဲ့ ပစ်မိသွားပါတယ်… အဲ့မှာ ဇာတ်လမ်းစတော့တာပါဘဲ… ခိုးပြေးမယ့် အစီအစဉ်လဲ ပျက်သွားပါတော့တယ်…ရန်သူ နှစ် ခု ပေါင်းစည်းပြီး ရမ် နဲ့ လီလာကို သဘောတူပါ့မလား…ရမ်နဲ့ လီလာကဘဲ သူတို့ရဲ့ အမေ နဲ့ အဖေ လို ရန်သူတွေ ဖြစ်သွားမလား…ရိုမီယို နဲ့ ဂျူးလိယက် လို ဘဲ သေကွဲကွဲ ရမလား ဆိုတာတော့ Channel Myanmar ပရိတ်သတ်တို့ ကြည့်လိုက်ပါတော့…ကြေကွဲ စရာ ဇာတ်သိမ်းဆိုရင်တော့ ဒီဇာတ်ကားပြီးတာနဲ့ ရင်ထဲမှာ ယူကြုံးမရတဲ့ ရသ မျိုး ခံစားရမှာပါ
Ram and Leela, passionately in love with each other, realize that the only way to stop the bloodshed between their respective clans is to sacrifice their own lives.