
Jan Dara အဖြစ် Pee Mark ရဲ့ နာမည်ကျော်မင်းသားMario Maurer ကပါဝင်သရုပ်ဆောင်ထားတာပါJandra = အမှိုက်ကောင်လေး သင် ဒီကားကိုကြည့်မယ်ဆိုရင်တော့ဖခင်မေတ္တာဟာ ဘာလဲဆိုတာကို အရင်ဆုံး နားလည်အောင်သိထားသင့်တယ်လို့ထင်ပါတယ်။ မွေးကတည်းက မိခင်ဆုံးပါးသွားပြီးဖခင်ဖြစ်သူရဲ့ မုန်းတီးခြင်းကိုခံ ခဲ့ရတဲ့ ဂျန် အဘွားဖြစ်သူရဲဲ့ကယ်တင်မှုကြောင့် မွေးမွေးပြီးခြင်း အသက်ဘေးကလွတ်ခဲ့ရတဲ့ဂျန်မိခင်ဖြစ်သူရဲ့ ညီမဝမ်းကွဲ အဒေါ်ဖြစ်သူရဲ့ ပြုစုစောင့်ရှောက်မှုကြောင့်လူလားမြောက်ခဲ့ရတဲ့ ဂျန် ဆိုတဲ့ကောင်လေး ၁၉၁၅ ခုနှစ် မုန်တို်င်းထန်တဲ့ ညတစ်ညဘန်ကောက်မြို့ ဗလန်ပူးအိမ်တော်ကြီး မှာ ပျားပန်းခေတ်မျှအလုပ်ရှုပ်နေကြတဲ့အလုပ်သမားများနဲ့ မခံမရပ်နိုင်နာကျင်မှုကို အံတုပြီးမိမိ၏ ရင်သွေးကို မွေးဖို့ ကြိုးစားနေတဲ့ အိမ်တော်ရဲ့ သခင်မ ဒါရာဟာ သူ၏ သားလေး ဂျန် ကို မွေးမွေးပြီးခြင်း လောကကြီးကို ကျောချုင်းစွန့်ခွာသွားခဲ့ပါတယ်။မိန်းမဖြစ်သူကို ဆုံးရှုံလိုက်ရတဲ့ ဖခင်ဖြစ်သူ ဝစ်စနန်ဒီချာ က ဂျန် အား သတ်ပြစ်ရန််ကြိုးစားခဲ့သော်လည်းဘွားအေဖြစ်သူ၏ကယ်တင်မှုကြောင့် လောကကြီးတွင်ဆက်လက်ရှင်သန်ခွင့်ရခဲ့ပြီးဖခင်ဖြစ် သူ၏ အမုန်းတရားကို မွေးမွေးပြီးခြင်းလက်ခံရရှိလိုက်ပါတယ်။မိခင်ဖြစ်သူ၏ ညီမဝမ်းကွဲ အဒေါ်ဖြစ်သူ ဝက်ဒ် ၏ ပြုစုမှုကြောင့်လူလားမြောက်ခဲ့ရပါတယ်။ဖခင်ဖြစ်သူ ဝစ်စနန်ဒီချာ ဟာ မိန်းမဖြစ်သူ သေဆုံးပြီး အစောပိုင်းတွင် ငြိမ်နေခဲ့သော်လည်းဗလန်ပူးအိမ်တော်ကြီး ၏ အုပ်ချုပ်သူ မိန်းမ၏ ဘွားအေ ခရီးထွက်နေချိန််မှာတော့ဗလန်ပူးအိမ်တော်ကြီးအား သိမ်းပိုက်ရန်ကြိုးစားပါတော့တယ်……………………သူ၏ အမိန့််မနာခံသော အစေခံယောကျာ်းများအား အလုပ်ထုပ်ပြစ်ပြီးအစေခံမိန်းမများအား အပျို/အအို မရွေးဘဲ သူ့နည်းသူ့ဟန်ဖြင့်စည်းရုံးသိမ်းသွင်းပါတော့တယ် နောက်ပိုင်းတွင်အိမ်ကြိီးတခုလုံးအား သိမ်းပိုက်ပြီး မရီးဖြစ်သူ ဝက်ဒ်အားသိမ်းပိုက်ရန်ကြံစည်ရာ အမေ တဖြစ်လဲ အဒေါ်ဖြစ်သူ ဝက်ဒ်ကဂျန််၏ နောင်ရေးအတွက် ဘယ်လိုပင်ဖြစ်ဖြစ် ဂျန် ၏အသက်အားရန်မရှာရန် ကတိတောင်းခံပြီး သူမ၏ ဘဝဖြင့် အလဲအထပ်ပြုလုပ်လိုက်ပါတယ်။ဒီလိုနဲ့ အရွယ်ရောက်လာချိန်မှာတော့ ဖခင်ဖြစ်သူရဲ့မုန်းတီးနှိပ်စက်မှုတွေကြောင့် စိတ်ဒဏ်ရာများစွာရရှိခဲ့တဲ့ ဂျန်ဟာမမျှော်လင့်ထားဘဲ ဖအေတူမအေကွဲညီမဖြစ်သူ ကာအော ရဲ့အရွယ်ရောက်ချိန်မှာ သူငယ်ချင်းဖြစ်သူနဲ့ ဖြစ်ပျက်နေကြပုံကိုတွေ့မြင်ပြီး ဘယ်လိုဖြစ်သွားမလဲ……………..ငယ်ရွယ်စဉ်ကတည်းက ဖခင်ဖြစ်သူ နဲ့အစေခံမိန်းမတွေရဲ့ ဖောက်ပြန်မှုတွေကို တွေ့မြင်ဖူးထားတဲ့ဂျန်ကကော ဘယ်လို လက်တည့်စမ်းမှုတွေပြုလုပ်မလဲ ဖခင်ဖြစ်သူရဲ့ရည်းစားဟောင်းကို ဖခင်ဖြစ်သူက အိမ်ကို ခေါ်ဆောင်လာတဲ့ အခါမှာကောဂျန်နဲ့ဘယ်လိုတွေဖြစ်ကြမလဲ ဖခင်ဖြစ်သူ ဝစ်စနန်ဒီချာ ကကောဘယ်လို အသုံးချခံခဲ့ရသလဲ ဘွားအေဖြစ်သူကကော ဘယ်လိုလှည့်ကွက်တွေပြုလုပ်ထားခဲ့သလဲ ဆိုတာကိုတော့CM ပရိတ်သက်ကြီးအနေနဲ့ ဆက်လက်ရှုစားရမှာပါ(တခုအကြံပြုခြင်တာကတော့ ဒီကားဟာ ဆင်ဆာ အခန်းတွေပါတဲ့အတွက် မိသားစုဖြင့် အတူကြည့်ရန်မသင့်တော်ဘဲ ၁၈နှစ်အထက်များသာကြည့်ရှုသင့်ကြောင်းကိုတော့ အကြံပြုလိုပါတယ်)
Crd ChannelMyanmar
Based on a famous Thai erotic novel, the film tells the story of Jan, a boy who grows up in a house lorded over by his sadistic and debauched father, Luang Wisnan. Set in the 1930′s the story recounts the growing pains of Jan, whose mother dies while giving birth to him and who’s intensely hated by his father. Jan grows up with Aunt Wad, his stepmother, and he struggles to reconcile his guilt and longing with different women in his life, including a girl called Hyacinth, whom he adores, and later Madame Boonleung, his father’s lover who becomes a key to Jan’s sexual awakening.