
အဝေးက လရိပ်မျှင်မျှင် လေးသည်မှန်ပြတင်းကိုဖြတ်လျက် အခန်းထဲကို တိုးဝင်နေသည်။ အခန်းထဲတွင် လရောင်လင်းရိပ်သာရှိပြီး အခန်းလေးသည် မှုန်ရီ ဝိုးဝါးနေ၏။မှန်ပြတင်းနားတွင် မိန်းကလေးတစ်ယောက် မတ်တပ်ရပ်ပြီး အဝေးကိုငေးကြည့်နေသည်။သူမ၏မျက်ဝန်းကလေးများသည် သောက်ရှုးကြယ်များသဖွယ် အမှောင်ထဲမှာပင် လင်းလက်နေသည်။နှုတ်ခမ်းနှစ်မွှာသည် တုန်ရီလျက်ရှိနေလေသည်။ယောကျာ်းပျိုတစ်ဦး သူမအနားကို ရောက်လာပြီး ပုခုံးလေနှစ်ဘက်ကို ယုယစွာ ဆုပ်ကိုင်လိုက်၏။မိန်းကလေးသည် လည်ပြန် ငဲ့ကြည့်လိုက်ပြီး သူတို့၏မျက်ဝန်းများ နှုတ်ခမ်းများသည် ချစ်ဆိပ်ရည် တို့ဖြင့်ပြည့်ကျံနေကာ တုန်ရီလျက်ရှိနေကြသည်။လရိပ်သည် အရောင်ဖျော့စပြုလာပေပြီ။သူတို့နှစ်ဦး၏ ရမ္မက်အဆိပ်ငွေ့များကမူ တစ်စထက်တစ်စအရောင်တောက်လာပြီ။1938ခုနှစ်။ Wong chia chi(Tang Wei)သည် ဟောင်ကောင်တက္ကသိုလ်မှ ကျောင်းသူတစ်ဦးဖြစ်သည်။အချိန်ကာလကား ဂျပန်တို့သည် အာရှတစ်ခွင်စိုးမိုးနေသည့်ကာလဖြစ်ပြီး တရုတ်ပြည်မကြီးကနေ ဟောင်ကောင်ကျွန်းကိုပါ သိမ်းပိုက်ရန်ကြံစည်နေသည့်အချိန်ကာလဖြစ်၏။ဟောင်ကောင်တွင် ဗြိတိသျှ အလိုတော်ရိများ ။အရေးမလှ၍ ဆုတ်ခွာရန်ပြင်နေသည့် ဗြိတိသျှ အရာရှိများ။ ဟောင်ကောင်ကိုသိမ်းပိုက်ရန် နည်းလမ်းအမျိုးမျိုး သုံးလျက်ရှိသည့် ဂျပန်စပိုင်များ အလိုတော်ရိများဖြင့် ဟောင်ကောင်သည် ကျီးလန့်စားစား ကာလကို ဖြတ်သန်းနေရသည့် အချိန်ဖြစ်လေသည်။တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်သည့် wong chi သည် အတန်းဖော်သူငယ်ချင်းများနှင့် တက္ကသိုလ်တွင် မျိုးချစ်စိတ်ဖြစ်ထွန်းရန်ရည်ရွယ်သည့် တော်လှန်ရေးပြဇာတ်တစ်ခုတွင် ဝင်ရောက်သရုပ်ဆောင်ခဲ့ပြီး အဆိုပါပြဇာတ်သည် အောင်မြင်မှုရခဲ့၏။ထို့ကြောင့် သူမကို တိတ်တခိုး ချစ်ကြိုက်နေသည် Kuang Yu Min (wang leehom)က အစဉ်တစ်ခုကို သူမတို့အား ပြောပြခဲ့၏။အစီအစဉ်က ရှန်ဟိုင်းတွင်ရှိနေသည့် ဂျပန်အလိုတော်ရိ mr yee(tony leung chiu wai)အား လုပ်ကြံရန် ဖြစ်သည်။kuang yuသည် သူ၏အစ်ကိုမှာ ဂျပန်တွေလက်ချက်ကြောင့် သေဆုံးခဲ့ရသည်ဖြစ်၍ ဂျပန်တွေအပေါ်နာကျည်းချက်ရှိနေသူဖြစ်သည်။ကျန်တဲ့သူငယ်ချင်းတွေကတော့ နိုင်ငံရေးနဲ့ ပတ်သက်လို နားလည်းမလည်။အတွေ့အကြုံလည်း မရှိကြပေ။ wong chi မှာလည်းထို့အတူပင် အပေါင်းအဖော် ကောင်းလွန်းသဖြင့်သာ ပါသွားခဲ့ရသည်။သူမစိတ်ထဲတွင် အဝေးရောက်ဖခင်ဖြစ်သူနဲ့သာတွေ့လိုစိတ်ရှိသူဖြစ်ပေသည်။သူမသည် လှပချောမောသူတစ်ဦး ဖြစ်၍ အဓိက နေရာတွင် ပါဝင် ရန် သူငယ်ချင်းများက အကြံဉာဏ် ပေးခဲ့သည်။wong chi ဆိုတဲ့ကောင်မလေးခမျာ အိမ်ထောင်ပျက် လူကုံတန် တစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့လေသည်။ တကယ်တော့ သူမထင်သလောက် mr yeeကို လုပ်ကြံဖို့မလွယ်လှပါ။သူသည် စွန်ရဲတစ်ကောင်မျက်လုံးလို တစ်ဖက်သား၏လျှို့ ဝှက်ချက်ကို ရှာဖွေနိုင်သူဖြစ်သည်။wong chi သည် မာယာ ပရိယာယ် အသွယ်သွယ်သုံးပြီး သူ့အနားကို ချဉ်းကပ်ခဲ့သည်။သူသည် ဘယ်သူ့ကိုမှအယုံအကြည်မရှိ။အမြဲတမ်း အလုပ်ကိစ္စတွေနဲ့ရှုပ်ထွေးနေသည်။တစ်ညတွင် သူမအိမ်ထဲကို ဖိတ်ခေါ်ခဲ့သော်လည်း သူက လိုက်မလာခဲ့ပါ။အိမ်ထဲတွင် သူဝင်လာပါက လုပ်ကြံဖို့ စောင့်နေကြသည့် သူငယ်ချင်းတွေရှိသည်။သူက ပါးနပ်လှ၏။လှည့်ထွက်သွားခဲ့၏။သူမသည် mr yeeကိုလုပ်ကြံရန် ကြိုးစားရင်းနဲ့ သူမ နှလုံသားထဲတွင် သူကို တစ်စ တစ်စ နေရာပေးလာပြီမှန်းသတိမပြုမိခဲ့ပါ။mr yee ပေးထားသည့် တိုက်အိမ်ကြီးမှာ နေထိုင်ရင်း သူပြန်လာမယ့် အချိန်ကို အလှပဆုံးပြင်ဆင်ဖြီးလိမ်းပြီးစောင့်နေရ၏။သူပြန်လာပြီဆို သူမ ပျော်ရ၏။သူ၏ ပုံသဏ္ဍာန်သည် နာနတ်သီးခွံများကြားတွင် လပေါင်းများစွာ နေထိုင်ခဲ့ရသည့် ဝါးရင်းတုတ်တစ်ချောင်းသဖွယ် မာကျောခက်ထန်လွန်းလှ၏။သူ့ဘဝကောင်းကျိုးသာကြည့်ပြီး အရာရာကိုစတေးဝံ့သူဖြစ်သည်။ပြုံးခဲ ရယ်ခဲသည်။တစ်ခါတစ်ရံ သူမက သီချင်းဆိုပြသောအခါ သူမျက်နှာသည် နူးညံ့ပျော့ပျောင်းပြီး ခလေးလေးတစ်ယောက်လို ချစ်စရာကောင်းလွန်းလှပါသည်။ကျားရဲတစ်ကောင်လို ခက်ထန်မှုတွေနဲ့ သူမအပေါ် ရမ္မက်မိုးတွေ သွန်ချသောအခါတွင် wong chiခမျာ နာကျင် မိန်းမောစွာ ရမ္မက်နွံထဲမှာ နစ်ကျွံခဲ့ရသည်။ရက်စက်လွန်း၍ မုန်းတီးခဲ့ရသည်။ထို့အတူ ဆန့်ကျင်စွာ ချစ်လွန်းမိခဲ့ပြန်သည်။တစ်ခါတစ်လေမှာ သူ့ရဲ့ မျက်ဝန်းရိပ်တွေထဲကို သူမဆီ ထားရှိသည့် အကြင်နာမေတ္တာကို အငမ်းမရ ရှာဖွေဘူးပါသည်။တိမ်ရေးပန်းချီနှယ်။အခိုက်အတန့်မျှသာပဲ။သူပြောလေ့ရှိသည့်ငါဘဝမှာ ယုံကြည်မှု နဲ့ တည်ဆောက်လို့မရပါဘူး။တစ်ဦးတစ်ယောက်ကိုယုံကြည်လိုက်ရင် အဲဒီအချိန်ဟာ ငါ့ဘဝအဆုံးသတ်မယ့်နေ့ပဲ။ဒါပေမယ့်။ငါမယုံကြည်မှုထဲမှာ မင်းမပါပါဘူးမိန်းကလေး ရယ်။သူ့ပါးမို့မို့လေးနှစ်ဘက်ကို ယုယစွာပွတ်သပ်ပြီး ပြောလေ့ရှိတဲ့ စကားတွေပါပဲရှင်။အမြဲတမ်း ဒေါသမောဟတွေရစ်ထွေးနေတဲ့ သူ့မျက်နှာလေးက ကျွန်မကြောင့် ပြေလျော့ချောမွေ့သွားပြီဆို လမိုက်ညက ကြယ်ပွင့်ကလေး တွေ့လိုက်ရသလိုပဲလေ။တကယ်ဆို သူလိုလူမျိုးကို ကျွန်မခါးခါးသီးမုန်းရမှာ။ကိုယ့်တိုင်းပြည်ကို တစ်ပါးသူလက်ထဲ ထိုးထည့်နေတဲ့ သစ္စာဖောက်တစ်ယောက်ကို ရက်ရက်စက်စက် နင်းချေပစ်ရမှာ။ဒါပေမယ့်အသည်းနှလုံးထဲက လှိုက်လှိုက်လှဲလှဲ ချစ်မိနေသတဲ့။ကိုယ့်အပေါ် အပျင်းပြေ ဖျော်ဖြေရုံ မယားငယ်သာသာ တစ်ယောက်လောက်သဘောထားတဲ့သူကို ကျွန်မ ချစ်မိနေသတဲ့။အံ့သြဖို့မကောင်းဘူးလား။ရာသီဥတုသာယာပြီး သူအလုပ်အပါးတဲ့ တစ်နေ့မှာ သူမကို လက်စွပ်ဝယ်ပေးဖို့ mr lee က လက်ဝတ်ရတနာ ဆိုင်ကို ခေါ်သွားခဲ့သည်။ လမ်းတစ်လျှောက်တွင် သူ့ကို လုပ်ကြံရန် တော်လှန်ရေးသမားတွေစောင့်ဆိုင်းနေလေပြီ။သူမဘာလုပ်ရမလဲ။သူသေတာကို ကြည့်ရက်နိုင်လို့လား။သူသေသွားလျှင် သူမ တာဝန်ပြီးသွားပြီပဲ။သူမဖေဖေဆီကိုလည်း ပြန်လို့ရပြီ။တိုင်းပြည်အတွက်လည်း တာဝန်ကျေပွန်ပြီ။အတွေးတို့ဖြင့် ဘာသာ မွန်းကျပ်လျက်ရှိနေသည်။သူ၏လက်အစုံကို ပိုပြီးဆုပ်ကိုင်မိသည်။ဘာတွေဖြစ်မလဲ။ဘာတွေဆက်ဖြစ်မလဲ။ဒီဇာတ်ကားကို Life Of Pi. Brokeback Mountain စတဲ့ဇာတ်ကားတွေနဲ့ အော်စကာဆုတွေရခဲ့တဲ့ ဒါရိုက်တာကြီး Anglee ရဲ့ လက်ရာပါ။အရမ်းကောင်းတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဒီဇာတ်ကားနဲ့ပဲ အဓိက သရုပ်ဆောင် tony leungဟာ 2007 ဟောင်ကောင်ရုပ်ရှင်ပွဲတော်မှ အကောင်းဆုံးဇာတ်ဆောင်ဆုကိုရ ရှိခဲ့ပါတယ်။ဒါပေမယ့် မိသားစုကြည့်လို့မရသလို 18နှစ်အောက်အရွယ်တွေကြည့်ဖို့မသင့်တော်ပါဘူး။အဲဒီဇာတ်ကားထဲမှာပါတဲ့ အချို့သော ချစ်တင်းနှီးနှောခန်းတွေက ညစ်ညမ်းတဲ့အမြင်ကကြည့်ရင်း ရိုင်းပေမယ့် အနုပညာအမြင်နဲ့ကြည့်ရင် လူတွေရဲ့ တဏှာ သဘာဝကို ဒါရိုက်တာက ရှင်းလင်းစွာ သဘာဝကျကျ ချပြခြင်းလို့သာ ယူဆမိပါတယ်။သေချာတာကတော့ ကျွန်တော်တို့အားလုံး ဒီဇာတ်ကားကို ကြည့်ပြီးချိ်န်မှာ အဲဒီအခဏ်းတွေအတွက် စိတ်လှုပ်ရှားမိမှာမဟုတ်ပဲ ဒါရိုက်တာ ဆွဲခေါ်သွားတဲ့ သောကဘုံတစ်ခုကို ရောက်သွားမည်သာ ဖြစ်တယ်ဆိုတာ။
Crd ChannelMyanmar
During World War II a secret agent must seduce, then assassinate an official who works for the Japanese puppet government in Shanghai. Her mission becomes clouded when she finds herself falling in love with the man she is assigned to kill.