
–
ဝတ်လစ်စလစ်ခန်းများပါဝင်သဖြင့် အသက်မပြည့်သေးသူများကြည့်ရှုရန်မသင့်ပါ၁၉၈၇… စပိန်နိုင်ငံမှာ နိုင်ငံရေးတင်းမာမှုတွေပြင်းထန်နေခဲ့တဲ့နှစ်။အာဏာရှင်လက်အောက်က လွတ်မြောက်ခါစ အချိန် ဆိုရှယ်လစ်ပါတီရအာဏာရနေတုန်း အလုပ်သမားသမဂ္ဂနဲ့ အာဏာလွန်ဆွဲပွဲတွေဖြစ်နေကြတဲ့အချိန်ဒီရုပ်ရှင်နာမည်ထဲက ၁၉၈၇ ဆိုတဲ့ခုနှစ်ဟာ အဲဒီလိုခေတ်မှာ နေထိုင်ရတဲ့လူတွေရဲ့ဘဝကိုပါ အရိပ်အယောင်ပြထားတယ်။အဲဒီလို အာဏာရှင်ခေတ်မှာ ကြီးပြင်းခဲ့ရတဲ့ စာရေးဆရာကြီး မီဂူရယ်လ်နဲ့ ခေတ်သစ်မှာမှမွေးဖွားတဲ့ အိန်ဂျလာ ဆုံခဲ့ကြတယ်။အိန်ဂျလာက သူ့ကျောင်းမှာရေးဖို့စာတမ်းအတွက် မီဂူရယ်လ်လို ဝါရင့်စာရေးဆရာကြီးကို အင်တာဗျူးချင်ခဲ့တာ။အဲဒီလိုနဲ့ သူတို့ဟာ စာရေးဆရာကြီးရဲ့ မိတ်ဆွေအိမ်ဆီလာခဲ့ကြတာပေါ့။“ငါဟာ တောင်ပံတွေပြိုနေတဲ့ငှက်အို… မင်းတောင်ပံတစ်စုံနဲ့ ငါပြန်နုပျိုပါရစေ”မီဂူရယ်လ်ဟာ တကယ့်မုန်းစရာလူ၊ စတွေ့ကတည်းက အတူအိပ်ဖို့ပဲတဂျီဂျီတောင်းဆိုနေခဲ့တယ်။ အကြောင်းပြချက်ကဘာလဲ။ ငါပြန်နုပျိုကြည့်ချင်လို့ပါတဲ့။ဒီလိုနဲ့ ကံကြမ္မာဆန်းပြားပုံက သူတို့နှစ်ယောက် ရေချိုးခန်းတံခါးပိတ်ရင်း တံခါးညှပ်ပြီး ပိတ်မိသွားတော့တယ်။အဲဒီအချိန်မှပဲ အင်တာဗျူးစရတာပေါ့။ရေချိုးခန်းထဲကတစ်နေ့တာအချိန်မှာ နိုင်ငံရေးတွေ ငယ်ဘဝတွေ ရုပ်ရှင်အကြောင်း စာပေအကြောင်းတွေဆွေးနွေးရင်း သူတို့ကြားက Generation Gap ကို တဖြည်းဖြည်းမြင်လာရတယ်။
အစမှာမြင်ခဲ့ရတဲ့ ဘုကန့်လန့်လူအိုကြီးဟာ တစ်ခါတစ်လေကျ သိပ်သနားစရာကောင်းသွားပြီး တစ်ခါတစ်လေကျလည်း သိပ်ချစ်စရာကောင်းနေပြန်တယ်။ဇာတ်လမ်းပြီးခါနီးမှာ အိန်ဂျလာကိုခေါ်ထိုင်ရင်း ရုပ်ရှင်ကြည့်မယ်ဆိုပြီး စိတ်ကူးယဉ်ပိတ်ကားပေါ် ဇာတ်လမ်းတစ်ခုလုံးကိုပုံဖော်ပြောပြနေပုံက သိပ်နူးညံ့ရိုးသားလွန်းတယ်။ပြောရင်းတန်းလန်း တံခါးဖွင့်ပေးမယ့်လူရောက်လာတော့ သူပြောလက်စဇာတ်လမ်းလေး ဘယ်လိုဇာတ်သိမ်းသွားလဲ အိန်ဂျလာကိုယ်တိုင်ကော ကြည့်နေတဲ့လူတွေပါ မသိရတော့ဘူး။သူကတော့ အိန်ဂျလာကိုပြောပါတယ် “ငါတို့နောက်တစ်ခါတွေ့မှ ဆက်ကြည့်ကြမယ်လေ” တဲ့။နောက်တစ်ခါဆိုတာရှိမရှိ သူတို့နှစ်ယောက်လုံးသိနေခဲ့ကြပါတယ်။ဒီရုပ်ရှင်ဟာ အစပိုင်းမှာတော့အေးအေးလေးသွားပေမယ့် နောက်ပိုင်းမှာ ဇာတ်ထဲမျောသွားတဲ့ ရုပ်ရှင်မျိုးပါ။ဒိုင်ယာလော့ခ်ကောင်းကောင်းလေးတွေအများကြီးပါတဲ့အပြင်
Two characters: old and young; teacher and pupil; man and woman. Four walls within which they conjure intellectualism, relive the profession (journalism), explore politics and discover each other.