
–
အိန္ဒိယ မြန်မာနယ်စပ်ဘက်က ကမ္ဘာကျော် အမျိုးသမီးလက်ဝှေ့သမား တစ်ယောက်ရဲ့ တကယ့် ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်လမ်းလေးဖြစ်ပြီးတော့ Bollywood ရဲ့နာမည်ကျော်မင်းသမီး ပရီရန်ကာချော်ပရာက သရုပ်ဆောင်ထားပါတယ်။ချင်းပြည်နယ် နယ်စပ်တစ်ဖက်ခြမ်း အင်ဖာမြို့က Mary Kom လို့အမည်ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဇာတ်လမ်းက အိန္ဒိယ ရုပ်ရှင်လောကမှာတော့ တကယ် အောင်မြင်ခဲ့တဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။India ရဲ့ အိုလံပစ် လက်ဝှေ့ကျော်ဖြစ်လာခဲ့တဲ့ မေရီကွန်းရဲ့ စိတ်ဓာတ်သန်မာမှု တွေ ဖြတ်သန်းရာဘဝတွေနဲ့ ကိုယ်ဖြစ်ချင်ရာ ပန်းတိုင်ကို ရောက်အောင် ကျားကုတ်ကျားခဲ ကြိုးစားခဲ့ရပုံတွေ တင်ဆက်ထားပါတယ်။ဇာတ်လမ်းရဲ့အစမှာ အင်ဖာမြို့က မထင်မရှား ကျေးရွာလေးတစ်ရွာက မေရီဆိုတဲ့ ဆတ်ဆတ်ထိမခံ ကျောင်းသူ ကောင်မလေးနဲ့ စထားပါတယ်။ကျောင်းက ယောက်ျားလေးတွေနဲ့ သူတင်ကိုတင် ထိုးကြိတ်ရန်ဖြစ်တတ်တဲ့ မေရီဟာ တစ်ရက်တော့ အဲဒီမြို့က လက်ဝှေ့ရုံထဲရန်ဖြစ်ရင်းနဲ့ ရောက်သွားပြီး အဲဒီလက်ဝှေ့ရုံမှာ စတင်သင်ကြားပါတော့တယ်။လက်ရဲဇက်ရဲနဲ့ စိတ်၀င်စားမှုပြင်းထန်တဲ့ မေရီဟာ အဲဒီလက် ဝှေ့ရုံရဲ့ ထင်ရှားတဲ့ လက်ဝှေ့သမားအဖြစ်သာမက ပြည်နယ်တိုင်း ပြိုင်ပွဲတွေအထိပါ တဖြည်းဖြည်း တက်လာတယ်။ဒီကြားထဲမှာ သူ့မိသားစုကလည်း အဆင်ပြေလှတဲ့မိသားစုမဟုတ်တော့ တစ်ခါတလေ မြေ၀ိုင်းလက်ဝှေ့ပွဲတွေမှာ ယောက်ျားတွေနဲ့ ၀င်ထိုးတဲ့အထိ မေရီက မိုက်ရူးရဲဆန်တတ်သေးတယ်။လက်ဝှေ့ဇာတ်ကားတွေရဲ့ ဇာတ်လမ်းအသွားအလာအတိုင်း မေရီပြိုင်ပွဲတွေ၀င်ပြိုင်တယ်။ နိုင်ငံအဆင့် အိုလံပစ်အဆင့်အထိ အဆင့်ဆင့်တက်ပြိုင်။ နိုင်သွားတယ်။ ဒီသဘောပါပဲ။ဒါပေမဲ့ ဒီဇာတ်ကားရဲ့ အလှည့်အပြောင်းကတော့ တက် လမ်းရှိတဲ့ မိန်းကလေးတစ်ယောက် အိမ်ထောင်ကျပြီးနောက်မှာ သူ့ ဘ၀ရဲ့ အောင်မြင်မှုတွေအားလုံး ရေစုန်မျောရမလို ဖြစ်သွားတယ်။ကံကောင်းတာက မေရီ့မှာ ချစ်စ ရာကောင်းတဲ့ အမြွှာကလေး နှစ် ယောက်အပြင် မေရီရဲ့ လက်ဝှေ့ အားကစားနဲ့ ပတ်သက်ရင် ကိုယ် ကျိုးစွန့်ချစ်တတ်တဲ့ သူယောက်ျားက သူ့တက်လမ်းတွေကို ပြန်ဖွင့် ပေးခဲ့တယ်။ကြားထဲမှာတော့ စိတ်ဓာတ်ကျစရာတွေ ခါးဆက် ပြတ်သွားတဲ့ လက်ဝှေ့သမားတစ် ယောက်ရဲ့ အခက်အခဲတွေတော့ တစ်ပုံကြီးနဲ့ပေါ့။ဒီဇာတ်လမ်းက ကြည့်သင့်တဲ့အထဲမှာ ပါပါတယ်။ အထူးသဖြင့် ဒီကားထဲမှာပြောစရာက အိန္ဒိယ နာမည်ကြီးမင်းသမီး Priyanka Chopra ပရီယန်ကာချိုပရာဖြစ်ပါတယ်။ဒီလို လက်ဝှေ့သမား တစ်ယောက်ရဲ့ သဏ္ဌာန်ကို သရုပ်ဖော်နိုင်တဲ့ ဒီမင်းသမီးကတော့ အထင်ကြီးစရာပါပဲ။နောက်ထပ် ဒီဇာတ်ကားရဲ့စိတ်၀င်စားစရာတစ်ခုက ဇာတ်ကောင်ရဲ့ မူလဇာတိက မိုရေးမြို့က ဖြစ်တာကြောင့် ချင်းလူမျိုးတွေနဲ့ ရုပ်သွင်ပြင်သာမက နေထိုင်ပုံတွေကပါ ကိုယ့်တိုင်းရင်းသားတွေ ချင်းလူမျိုးတွေကို ကြည့်ရသလားထင်ရပါတယ်။
A chronicle of the life of Indian boxer ‘Mary Kom’ who went through several hardships before audaciously accomplishing her ultimate dream.