
Yoo Da Hee က တရုတ်နိုင်ငံရဲ့ လျှို့ဝှက်လုံခြုံရေးအရာရှိတစ်ဦး ဖြစ်ပါတယ်။သူမရဲ့ဌာနက တောင်ကိုရီးယားက သေနတ်မှောင်ခိုမှုတစ်ခုရဲ့သတင်းကို ရရှိတဲ့အခါမှာတော့မှောင်ခိုသမားတွေကို ချဉ်းကပ်ဖို့ သူမ ကြိုးစားရပါတော့တယ်။အစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းကတော့ ကိုရီးယားက အေးဂျင့်တစ်ယောက်နဲ့ လက်တွဲလုပ်ကိုင်ရမှာပဲ ဖြစ်ပါတယ်။ဒါပေမယ့် မှတ်ပုံတင် မှားယွင်းမှု တစ်ခုကြောင့်မမျှော်လင့်ဘဲ Woo Soo-Han နဲ့ ဆုံတွေ့ဖို့ ဖြစ်လာပါတော့တယ်။
Woo Soo-Han ဆိုတာကတော့ ကိုရိုးကားရားနိုင်ပြီးတော့ အတွေ့အကြုံမရှိတဲ့ အလွတ်တန်းစုံထောက်တစ်ယောက်ပဲ ဖြစ်ပါတယ်။သူ လုပ်တဲ့ စုံထောက်အလုပ်ကလည်း ခွေးရှာကြောင်ရှာ အလုပ်လောက်ပဲ တတ်တာပါ။Yoo Da Hee ကတော့ Woo Soo-Han အကြောင်းကို မသိဘဲနဲ့သူမနဲ့ လက်တွဲလုပ်ကိုင်စေတာပဲ ဖြစ်ပါတယ်။Woo Soo-Han ကတော့ သူ့ကို လျှို့ဝှက်အေးဂျင့်အနေနဲ့ အရွေးခံရပြီလို့ မှားပြီးတော့ ထင်နေတာပါပဲ။ဒါပေမယ့် အဓိကသက်သေတွေ အသတ်ခံလိုက်ရချိန်မှာတော့ ……ကိစ္စတွေက တကယ်ကို အတည်ကြီး ဖြစ်လာပါတော့တယ်။စုံထောက်အက်ရှင်ကားကို ဟာသသဘောနှောပြီး ရိုက်ထားတာမို့ အတော်လေး ကြည့်ကောင်းတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
A chinese secret agent Da-hee receives intel that a large number of illegal firearms are being smuggled into Korea and is sent to investigate the case. She meets Su-han, who was supposed to help her with the case but due to his lackluster skills, they keep fighting over really trivial things. But as their witnesses are suddenly murdered, the two of them quickly become the prime suspects.