
ဗိုလ်ကြီး အာတီမစ်ဟာ သူ့ရဲ့ အထူးတပ်ဖွဲ့နဲ့အတူ စစ်ဆင်ရေး ထွက်ရင်း မုန်တိုင်းတစ်ခုကြားထဲကို ရောက်သွားခဲ့ပါတယ်။မုန်တိုင်းထဲကနေ အပြင်ထွက်လာချိန်မှာတော့ မတူတဲ့ ကမ္ဘာသစ်တစ်ခုထဲကိုရောက်နေပြီး အဖျက်စွမ်းအားကြီးလှသလိုအချိန်မရွေးလူသားတွေကို အရေခွံဆုတ်နိုင်တဲ့ ထူးဆန်းသတ္တဝါကြီးတွေနဲ့ရင်ဆိုင်ရပါတော့တယ်။ ရင်ဆိုင်ရင်းနဲ့ ကမ္ဘာသစ်ထဲက လူသားမိတ်ဆွေသစ်တွေရဲ့အကူအညီကိုယူပြီး မူလကမ္ဘာကိုပါ ပြန်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်…နင်းကန်လန်းတဲ့ အကြမ်းစားအက်ရှင်ခန်းတွေမြင်ရမှာဖြစ်သလို သတ္တဝါဆန်းတွေရဲ့စူပါ ပါဝါတွေကိုလည်းစိတ်လှုပ်ရှားရင်ခုန်စွာနဲ့ ကြည့်ရမှာြဖစ်ပါတယ်….
A portal transports Cpt. Artemis and an elite unit of soldiers to a strange world where powerful monsters rule with deadly ferocity. Faced with relentless danger, the team encounters a mysterious hunter who may be their only hope to find a way home.