
ဒီကားလေးကတော့ နာမည်ကြီး Naked Weapon လို ခပ်မိုက်မိုက် ခပ်လန်းလန်းကားလေးပါပဲ ။ဇာတ်လမ်းကျောရိုးလေးကတော့ …တီနမ်လို့ခေါ်တဲ့ ရဲလေးဟာ အမှုတစ်ခုမှာ မတော်တဆဖြစ်ပြီးညီဖြစ်သူကို ဆုံးရှုံးခဲ့ရလို့ စိတ်ကို ခက်ခက်ခဲခဲ ပြန်လည်တည်ဆောက်နေရတဲ့ ကောင်လေးဖြစ်ပါတယ်။တစ်နေ့တော့ ဟောင်ကောင်ကနေ ပြောင်းလာတဲ့ ကစ်တီဆိုတဲ့ ခပ်လန်းလန်းကောင်မလေးတစ်ယောက်နဲ့မတော်တဆ တွေ့ဆုံခဲ့ပြီး သံယောဇဉ်တွယ်ခဲ့မိပါတယ် …ပျော်ရွှင်နေတဲ့ သူတို့ဘဝထဲကို ကံဆိုးမိုးမှောင်ကျခဲ့ပြီး ကတ်တီရဲ့ အဖေဖြစ်သူဟာ အသတ်ခံလိုက်ရပါတယ်….ကစ်တီဟာလည်း ပြန်လည်လက်စားချေရင်း ကြေးစားလူသတ်သမားတစ်ယောက် ဘဝကို ရောက်ရှိခဲ့ရပါတယ်။ရဲတစ်ယောက်နဲ့ လူသတ်သမားတစ်ယောက်ရဲ့ မေတ္တာရေးက ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကို ကြည့်ရှုအားပေးကြပါဦးနော်…။
Crd ChannelMyanmar
A young woman is trained by a martial arts specialist to become a professional assassin.
Marcelo Gomies