
အက်ရှင်ကားဆို “အသေကြမ်းမှ ဖိုက်တင်ကောင်းမှ ကြည့်ချင်တယ်” ဆိုတဲ့ဘဒိုတွေအတွက်ဒီနှစ် ၂၀၂၁ခုနှစ် ဧပြီလ ၉ ရက်နေ့က လတ်လတ်ဆတ်ဆတ် ထွက်ရှိထားတဲ့ခပ်ကြမ်းကြမ်း လူဆိုးအက်ရှင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ကိုရီးယား အက်ရှင်ကားထဲမှာ တော်တော် ကောင်းတဲ့ကားလေးတစ်ကားဖြစ်ပြီးသရုပ်ဆောင် ဇာတ်လမ်းဇာတ်ကွက်တွေကလည်းသွေးအေး လူမိုက်ကာရိုက်တာ အရသာကိုထိထိမိမိပေးနိုင်တဲ့ ကားတစ်ကားလည်းဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းကိုပြောရရင်တော့ ပတ်ထယ်ဂူဆိုတဲ့ ကြေးစားလူမိုက်တစ်ယောက်အကြောင်းပါပဲ။သူက သူ့ခေါင်းဆောင် ယန်းသူဌေးပေါ်မှာ အလွန် သစ္စာစောင့်သိသူတစ်ယောက်ဖြစ်ပြီးတစ်ရက်မှာ သူ့သူဌေးရဲ့ ပြိုင်ဖက်ဖြစ်တဲ့ ဘို့ဆွန်းအဖွဲ့က သူဌေးယန်းဆီက ခွာပြီးသူတို့အဖွဲ့ဝင်အဖြစ် လာခဲ့ဖို့ ပတ်ထယ်ဂူကို ကမ်းလှမ်းလာပါတယ်။ဒါပေမယ့် သစ္စာရှိလူမိုက် ပတ်ထယ်ဂူက ဘို့ဆွန်းအဖွဲ့ဆီသွားဖို့ငြင်းပယ်ခဲ့တဲ့အတွက်
သူ့ရဲ့ခင်တွယ်ရာ မိသားစု ဖြစ်တဲ့ သူ့အစ်မနဲ့တူမလေးက ရန်ငြိုးထားအသတ်ခံလိုက်ရပါတယ်။ဒီအတွက် ထယ်ဂူတစ်ယောက် အစ်မနဲ့တူမလေးအတွက် လက်စားချေဖို ဘို့ဆွန်းဂိုဏ်း ဥက္ကဌဒိုကိုတစ်ယောက်တည်းသွားတွေ့ပြီး ရက်ရက်စက်စက် ရှင်းပစ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ ဂျယ်ဂျူကျွန်းမှာ ထွက်ပြေးတိမ်းရှောင်ရင်းနဲ့ ဂျယ်ယွန်းဆိုတဲ့ အမျိုးသမီးလေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ဂျယ်ယွန်းမှာလည်း လျှို့ဝှက်ချက်တွေနဲ့ပါပဲ။အသက်ပြင်းလွန်းတဲ့ ဘို့ဆွန်းဂိုဏ်းခေါင်းဆောင် ဥက္ကဌဒိုက မသေသွားဘဲဒဏ်ရာအပြင်းအထန်ရပြီး ဆေးရုံတက်ရချိန်မှာတော့ ……လူဆိုးဂိုဏ်းတွေအကြား သွေးချောင်း စီးတဲ့ လက်စားချေမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ဘာတွေ ဆက်ဖြစ်လာမယ်ဆိုတာကတော့ ……အက်ရှင်ကားဆို ကြမ်းမှကြိုက်တယ်ဆိုတဲ့သူတွေအတွက် တော်တော်လေး ကြည့်ကောင်းမယ့် ကားလေးတစ်ကားဖြစ်မယ်လို့ညွှန်းပေးချင်ပါတယ်။IMDB ကတော့ 10/6.6 ရထားပြီး Rotten Tomatos က 75% ထိ ရထားတဲ့ ကားလည်းဖြစ်ပါတယ်။ဒီကားကို စက်တင်ဘာလ ၃ရက် ၂၀၂၀ခုနှစ်မှာ ၇၇ခုနှစ်မြောက် ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပြီး၂၀၂၁ခုနှစ် ဧပြီလ ၉ရက်မှာ Netflix ကတရားဝင်ထုတ်လွှင့်ပေးခဲ့ပါတယ်။
An assassin named Tae-goo is offered a chance to switch sides with his rival Bukseong gang, headed by Chairman Doh. Tae-goo rejects the offer that results in the murder of his sister and niece. In revenge, Tae-goo brutally kills Chairman Doh and his men and flees to Jeju Island where he meets Jae-yeon, a terminally ill woman. Though, the henchman of the Bukseong gang, Executive Ma is mercilessly hunting Tae-goo to take revenge.