
မင်းသမီး နာတလီပေါ့တ်မန်းနဲ့ မင်းသား Ashton Kutcher တို့ရဲ့ Comedy, Romance အမျိုးအစားနာမည်ကြီးဇာတ်ကားဖြစ်ပါတယ်။အမျိုးသမီးတွေရဲ့ လိင်မှုကိစ္စနဲ့ပတ်သတ်ပြီး အတွေးအမြင်ပြောင်းလဲနိုင်တဲ့ဇာတ်ကားပါ။သာမန်အားဖြင့်တော့ အမျိုးသမီးနဲ့ လိင်မှုကိစ္စဟာ ပွင့်လင်းမှုအားနည်းတဲ့သဘောရှိပါတယ်။(အရှေ့တိုင်းယဉ်ကျေးမှုမှာတော့ ပိုမိုအားနည်းပါတယ်။)ဒီဇာတ်ကားမှာတော့ လိင်မှုကိစ္စကို ဦးဆောင်သူက အမျိုးသမီးလဲဖြစ်ချင်ဖြစ်မယ်…အမျိုးသားလဲဖြစ်ချင်ဖြစ်မယ်…ဒါ လူသားတွေရဲ့ သဘာဝပါလို့ မက်စေ့ပေးထားပါတယ်။ လိင်မှုကိစ္စနဲ့ အိမ်ထောင်ပြုခြင်းကို ခွဲခြားပြထားပါတယ်။နာတလီပေါ့တ်မန်းနဲ့မင်းသားတို့က စိတ်ရဲ့စေရာအတိုင်း နေနေတဲ့ အတူနေသူငယ်ချင်း….(အတူနေချစ်သူမဟုတ်ပါ…)အဲ့လို Sex သက်သက်ဘဝထဲ Love ဝင်လာတဲ့အခါ……..။နာတလီပေါ့တ်မန်းရဲ့သူငယ်ချင်းကောင်လေးက မင်းသားကိုပြောတဲ့စကားတစ်ခွန်းကလဲအတော်လေးရိုက်ခတ်နိုင်ပါတယ်….သူပြောတဲ့ စကားက “မင်းကို သူမက လိင်ဆက်ဆံချင်ဆက်ဆံမယ်..ဒါပေမယ့်သူမက ငါနဲ့ပဲလက်ထပ်မှာပါ” တဲ့။လက်ထပ်ခြင်းနဲ့ လိင်ဆက်ဆံခြင်းကို သီးခြားဆီ ခွဲခြားရှုမြင်ထားသလို အဲ့လိုရှုမြင်ထားတာကိုလဲအနောက်တိုင်းလူနေမှုပုံစံမှာ လက်ခံထားတဲ့သဘောကိုပြသနေပါတယ်။သုံးသပ်ချက်တွေကိုနားပြီး ဇာတ်လမ်းအကြောင်းပဲပြောရရင်တော့……Sex နဲ့ Love မှာဘယ်ဟာတွေက အရေးကြီးပြီး ဘယ်ဟာတွေက ကိုယ့်အတွက်အရေးပါလဲဆိုတာပြသသွားတဲ့ အချစ်ဇာတ်ကားကောင်းလေးပါ။ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါ။
Crd fofMyanmar
Emma is a busy doctor who sets up a seemingly perfect arrangement when she offers her best friend Adam a relationship with one rule: No strings attached. But when a fling becomes a thing, can sex friends stay best friends?