
ကဲအားလုံးပဲစောင့်မျှော်နေကြတဲ့ChrisEvansပါဝင်သရုပ်ဆောင်ထားတဲ့အမေရိကန်ကျောင်းသားဟာသကားအမြူးလေးပါ။၂၀၀၀ခုနှစ်ကထွက်ရှိခဲ့းBoxOffice 66.5သန်းရရှိခဲ့ပါတယ်။American Pieကားတွေလိုမျိုးကျောင်းသားလူငယ်ဟာသကားဆိုတဲ့အတိုင်း၁၈++လေးတွေပါဝင်တယ်။ရယ်လည်းရယ်ရတယ်ပေါ့နော်။ဇာတ်လမ်းလေးကတော့ ဂျွန်ဟူးဆိုတဲ့အထက်တန်းကျောင်းလေးမှာအခြေတည်ထားတာပါ။ကျောင်းမှာနာမည်ကြီးCheerleaderဖြစ်တဲ့ပရစ်ဆယ်လာနဲ့တွဲနေတဲ့ကျောင်းနာမည်ကြီးဘောလုံးကစားသမားဖြစ်တဲ့ဂျိတ်ခ်ဝိုင်လာ(ChrisEvans)တယောက်ရုတ်တရတ်အခြားအူကြောင်ကြောင်ကျောင်းသားတယောက်ကြောင့်ရည်းစားဖြတ်တာခံလိုက်ရပါတယ်။အဲဒါနဲ့ဂျိတ်ခ်ရဲ့သူငယ်ချင်းတယောက်ဖြစ်သူကကျောင်းမှာရိုးအအလူရာသိပ်မသွင်းတဲ့ကျောင်းသူတယောက်ကိုQueenဖြစ်အောင်လုပ်ပေးဖို့လောင်းကြေးထပ်ပါတယ်။အဲဒီကစပြီးဂျိတ်တယောက်ဂျေနီဘရစ်ဆိုတဲ့ကောင်မလေးနဲ့နီးစပ်ဖို့အမျိုးမျိုးကြံပါတော့တယ်။သို့ပေမယ့်ကြားထဲမှာသူ့ကိုဇွတ်ကြိုက်ချင်နေတဲ့အစ်မဖြစ်သူကတ်သရင်းရော၊ဂျေနီရဲ့လူမသိသူမသိအချစ်ဆုံးသူငယ်ချင်းရစ်ကီလစ်မန်းရော၊
သူ့ရဲ့အတိတ်ကဘောလုံးပွဲအတိတ်ဆိုးတွေကပါအနှောင့်အယှက်ပေးနေခဲ့တာကြုံနေရပါတယ်။အစ်မဖြစ်သူကတ်သရင်းကတော့သူ့မောင်ကိုတဖြေးဖြေးကူညီပေးရင်းဂျေနီကိုပုံစံလုံးဝပြောင်းပေးပြီးအလန်းလေးလုပ်ပေးလိုက်ပါတယ်။ဒီကြားထဲဂျေနီရဲ့မောင်လေးမစ်ချ်နဲ့သူ့သူငယ်ချင်းတွေရဲ့ပေါက်ကရလုပ်တာတွေဟာသတွေအမေရိကန်ကျောင်းသားဟာသကားတွေရဲ့ထုံးစံတွေလိုပေါက်ကရတွေလုပ်တာတွေ[(၁၈+)တွေလည်းပါတာပေါ့နော်]လူငယ်ဆန်ဆန်ပုံစံတွေကိုလည်းတွေ့ရမှာပါ။ကြည့်ရတာတန်စေမှာဖြစ်ပြီညအေးဆေးအချိန်ထိုင်ခွီလိုက်ရအောင်ဗျာ။ဇာတ်ကားကတော့စစချင်းကိုခွီရမှာငိငိ။ဆိုတော့နောက်ပိုင်းကျွန်တော်တို့ဇာတ်လိုက်ကြီးChirsEvanဘယ်လိုအခွီတွေနဲ့ေ့ရှဆက်မလဲဆိုတာတော့ဇာတ်ကားကိုအဆုံးထိကြည့်လိုက်ရအောင်ဗျာ(အဆုံးသတ်မှာပါသေးတယ်နော်)။(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Fridays ပဲဖြစ်ပါတယ်)
On a bet, a gridiron hero at John Hughes High School sets out to turn a bespectacled plain Jane into a beautiful and popular prom queen in this outrageous send-up of the teen movies of the 1980s and ’90s.