
ဒီကားလေးဟာမိန်းကလေး၆ယောက်ရဲ့ဘဝအခြေအနေကိုရိုက်ကူးပြထားတဲ့ဟောင်ကောင်ကားကောင်းလေးတစ်ကားပါ။ပထမဆုံးတစ်ယောက်ကထောင်ထွက်တစ်ယောက်ဖြစ်ပြီးထိပ်ပြောင်သူကြီးတစ်ယောက်ကသူ့အတွက်အလုပ်အကိုင်တွေရှာဖွေပေး၊စိတ်ဓာတ်ပြုပြင်ရေးတွေလုပ်ပေးပါတယ်။ဘယ်လိုလုပ်လဲတော့မသိဘူးနော်အဟမ်းဒုတိယနဲ့တတိယမိန်းကလေးနှစ်ယောက်ကနိုက်ကလပ်ကိုလာတဲ့သူတွေဆီက၊သူတို့ရဲ့ဖောက်သည်တွေဆီကလစ်ရင်လစ်သလို၊ခိုးလေ့ရှိတဲ့နိုက်ကလပ်မယ်နှစ်ယောက်ပါ။သူတို့နှစ်ယောက်လုံးခိုးဖို့ပစ်မှတ်ထားနေတဲ့ဖောက်သည်တစ်ယောက်ရှိပြီးအဲ့လူဆီကလိုချင်တာခိုးယူဖို့ဘယ်လိုလုပ်မလဲဆိုတာတော့ဇာတ်လမ်းအညွန်းထဲမှာဆင်ဆာပါတဲ့၊နောက်ထပ်မိန်းကလေးကတော့သူရည်းစားနဲ့ဥရောပကို၊ခရီးအတူသွားရဖို့အတွက်ဘီယာအရောင်းမြှင့်တင်ရေးဝန်ထမ်းအဖြစ်၊အလုပ်လုပ်နေတဲ့သူပါ။တကယ်သူတို့သွားတဲ့အခါမှာဘာတွေဖြစ်ကြမလဲ၊မိန်းကလေး၆ယောက်လုံးဇာတ်သိမ်းမှာဘာတွေဖြစ်ကြမလဲဆိုတာသိချင်ရင်တော့ရုပ်ရှင်ကိုအမြန်ဆုံးသာကြည့်ရှုလိုက်ပါ။
Patrick Kong-produced look at promotion girls mildly serves his devotees – which, all things considered, does account for something. Closer to PG-13 than PG, if you’re looking for a ratings guide.