
“မင်းကိုတန်ဖိုးထားတဲ့လူတစ်ယောက်ကို လက်လွှတ်ဆုံးရှုံးလိုက်ရတာလောက် ကြီးမားတဲ့ဆုံးရှုံးမှုမရှိဘူး” “လူတစ်ယောက်က ကိုယ့်ကိုတကယ်ချစ်နေပြီဆိုရင် နက်နက်ရှိုင်းရှိုင်းပြန်ချစ်လိုက်ပါ” ”ကို့ကိုစွန့်ခွာဖို့ ကြိုးစားနေပြီဆိုရင်တော့ သူနဲ့ပတ်သက်သမျှသံယောဇဉ်အားလုံးကို ဖြတ်တောက်လိုက်သင့်တယ်” ဒီဇာတ်ကားလေးထဲမှာ ဖော်ပြပေးထားတဲ့ ဂရိတွေးခေါ်ပညာရှင်ကြီး ပလေတိုရဲ့ နက်နဲတဲ့အချစ်ဒဿနစာသားလေးတွေဖြစ်ပါတယ်။ ဖန်ဒုံတစ်ယောက် မှားယွင်းဝင်လာတဲ့ဖုန်းတစ်လုံးကို လက်ခံပြောဆိုမိလိုက်ရာက သူ့ဘဝကြီးတစ်ခုလုံး ပြောင်းလဲသွားပါတော့တယ်။ ရှရှောင်းဒိုဆိုတဲ့ ပြည်တန်ဆာမလေးရဲ့ဘဝကြောင်းအမှန်ကို စာနာနားလည်သွားမိရာကတစ်ဆင့် မြတ်မြတ်နိုးနိုးချစ်မိသွားတဲ့အခါမှာတော့ သုံးနှစ်သုံးမိုးလက်တွဲလာခဲ့ကြတဲ့ ချစ်သူကိုတောင်သစ္စာဖောက်ဖျက်နိုင်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ရှရှောင်းဒိုလည်း ဖန်ဒုံကိုပြန်ချစ်မိခဲ့ပေမယ့် သူတို့နှစ်ယောက်ကြားမှာ ကျူအိုရန်ဆိုတဲ့ ရှရှောင်းဒိုရဲ့ရည်းစားကရှိနေပြန်တယ်။ ကျူအိုရန်ကိုဆေးကုဖို့အတွက် ပိုက်ဆံလိုတာကြောင့် ရှရှောင်းဒိုဟာ သူမရဲ့ခန္ဓာကိုယ်ကို ယောကျ်ားတကာဆီမှာ ရောင်းချခဲ့ရတာပေါ့။ ဒါတွေကိုသိလျက်နဲ့တောင် သူမနဲ့နီးကပ်ခွင့်ရဖို့ ဖန်ဒုံကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့တောင်းဆိုမှုကြောင့် အကိုတစ်ယောက်လိုမျိုး ရှရှောင်းဒိုကို စောင့်ရှောက်ပေးခဲ့ပါတယ်။ ရှရှောင်းဒို သူမခန္ဓာကိုယ်ကိုရောင်းစားခဲ့တာကို အိုရန်သိသွားတဲ့အချိန်မှာ သူတို့သုံးယောက်ကြား ဘာတွေဆက်ဖြစ်ကြမလဲ သူ့အတွက်ပေးဆပ်ခဲ့တာဆိုပြီး ခွင့်လွှတ်နားလည်ပေးမှာလား ဘယ်လိုနာကျင်ဝမ်းနည်းဖွယ် အဆုံးသတ်မလဲဆိုတာ ဒီဇာတ်ကားလေးထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါစို့ ပရိသတ်ကြီးရေ
Translated by May Mi Kyaw
Encoded by Lwin Naung
Fang Dong (Yang Run Kun) has everything going for him. He is happily engaged to Yu Ting (Yao Yuan), and his life is going well. But one day, he gets a prank call from Xia Xiao Duo (Zhang Hong Lei), and it unexpectedly changes everything. He drastically changes his views on life and love at the expense of his fiancée.