What's happening?

Revolutionary Road MMSub

Revolutionary Road MMSub

How do you break free without breaking apart?Dec. 19, 2008United Kingdom119 Min.R
Your rating: 0
8 1 vote

Synopsis

ကြည့်ရှု့ရန် ဒီမှာနှိပ်ပါ

(Press Here)

Titanic စုံတွဲ လီယိုနာဒိုနဲ့ကိတ်ဝင်းစလတ်တို့ကို ပူးတွဲပြီး ထပ်မံမြင်တွေ့ရမယ့်ဇာတ်ကားပါ။ ဒီဇာတ်ကားနဲ့ မင်းသမီးကိတ်ဝင်းစလတ်ဟာ Golden Globe Awards ဆုကိုရရှိခဲ့ပါတယ်…ရုပ်ရှင်အညွှန်းကိုတော့ ကိုဝဏ္ဏသန်းထွန်းရဲ့ ခံစားမှုဆောင်းပါးနဲ့ မိတ်ဆက်ပေးပါရစေ။——————————————-
Revolutionary Road အား ဆင့်ပွားခံစားခြင်းပထမဆုံး မိတ်ဆက်ပေးချင်တာတော့ ဒီ ဇာတ်လမ်းကို ရေးသားခဲ့သူ စာရေးဆရာ Richard Yates နဲ့ သူ့ ဝတ္တုအကြောင်းပါ။ ဒီ ဝတ္တုဟာ ရစ်ချက် ရဲ့ ပထမဆုံး ဖန်တီးမှု တစ်ခုဖြစ်ခဲ့ပြီး (၁၉၆၂) ခုနှစ်ရဲ့ National Book Award မှာ နောက်ဆုံး စကာတင် သုံးဆုထဲ ပါခဲ့ပါတယ်။ ပရိသတ်အကြိုက်ဖြစ်ခဲ့ပြီး (၂၀၀၅) ခုနှစ်မှာ Time မဂ္ဂဇင်းက ရွေးချယ်တဲ့ (၁၉၂၃) ခုနှစ်ကနေ လက်ရှိအချိန်ထိ အကောင်းဆုံး အင်္ဂလိပ်ဘာသာနဲ့ ရေးသားတဲ့ စာအုပ်တစ်ရာ အတွင်း ပါဝင်ခဲ့တယ်လို့ အင်တာနက် မှတ်တမ်းများအရ သိရပါတယ်။ ဒီ Revoultionary road နဲ့ ပါတ်သတ်ပြီး ရစ်ချက်က အင်တာဗျူး တစ်ခုမှာ … “ကျွန်တော် ဒါကို ရေးခဲ့တာ (၁၉၅၀) ခုနှစ်များဆီက အမေရိကန်တွေရဲ့ ဘဝတွေကို ပုံဖော်ပြချင်တာထက် ပိုပါတယ်။ ခင်ဗျားတို့လည်း သိမှာပါ။ အဲဒီကာလတွေ တုန်းက ဆင်ခြေဖုန်းရပ်ကွက်တွေမှာ နေတဲ့ သာမန် လူတန်းစား အလွှာ တစ်ခုတင် မကပါဘူး။ တစ်နိုင်ငံလုံးမှာ ကြပ်တည်းမှုတွေ၊ ရုန်းကန်ရပ်တည်ရတာတွေ၊ ဘဝအာမခံချက်မရှိ၊ လုံခြုံမှု မရှိတဲ့ အခြေအနေတွေကို ကျနော်တို့ ရင်ဆိုင်ခဲ့ရတာ မှတ်လား” ဆိုပြီး ဖြေကြားသွားပါတယ်။အဲဒီခေတ်ကာလ က လူနေမှုပုံစံတွေကို ထင်ဟပ်ပြတဲ့ အိမ်ထောင်ရေး ဇာတ်လမ်းတစ်ခုပေါ့။ (၁၉၅၀) နှစ်များဆီက အမေရိကန် တောင်ပိုင်းပြည်နယ် တစ်ခုရဲ့ မြို့ တစ်မြို့မှာ Frank နဲ့ April တို့ နှစ်ဦးက Bar တစ်ခုမှာ တွေ့ဆုံပြီး ချစ်ကြိုက်ခဲ့တယ်။ အဲဒီ အချိန်မှာ ဖရန့်ခ် က အလုပ်ကိုင် မယ်မယ်ရရမရှိ ကြုံရာကျပန်း လုပ်နေရသလို၊ အေပရယ်ကလည်း မင်းသမီးဖြစ်ချင်လို့ ကြိုးစားနေဆဲ ကာလ၊ အေပရယ်ကို လက်ထပ်ပြီး ဖရန့်က ကုမ္ပဏီ တစ်ခုမှာ အရောင်းစာရေးနေရာက ဝင်လုပ်တယ်။ နောက်ပိုင်း အေပရယ် ကိုယ်ဝန်ရလာတဲ့ အချိန်ကျမှ ဆင်ချေဖုန်းရပ်ကွက် တစ်ခု ရဲ့ Revolutionary road လို့ အမည်ရတဲ့ လမ်းက နေအိမ်ကို ပြောင်းရွှေ့ပြီး နေထိုင်ခဲ့ကြပါတယ်။(သူတို့နဲ့ တစ်ရပ်ကွက်တည်း နေတဲ့အိမ်နီးချင်းတွေကတော့ ရုန်းကန်ရပ်တည်ရမှုတွေနဲ့ အသားကျနေတဲ့ Revolutionary လမ်း က မိသားစုတွေထဲ မှာ သူတို့ ဇနီးမောင်နှံက အဒီ အခြေအနေတွေကို တော်လှန်ပြီး ပျော်ရွှင်တဲ့ အိမ်ထောင်သည် ဘ၀ တွေကို ထူထောင်နိုင်သူများ အဖြစ် သတ်မှတ်ခဲ့ပါတယ်။)အများရဲ့ အမြင်မှာ သာယာချမ်းမြေ့တဲ့ လူငယ်စုံတွဲ အိမ်ထောင်သည် ဘဝကို ဖရန့်ခ် နဲ့ အေပရယ် တို့က ပိုင်ဆိုင်ထားတယ်လို့ ဆိုနိုင်ပေမယ့် တကယ့် လက်တွေ့ဘဝမှာ တော့ သူတို့ နှစ်ဦးအိမ်ထောင်ရေးက အဆင်မပြေလှပါဘူး။သားသမီးတွေရလာချိန်မှာ အေပရယ်က ဘဝနောင်ရေးအတွက် ခိုင်မာချင်လာတယ်။ ခင်ပွန်းဖရန့်ခ် ကိုလည်း သူ ဝါသနာဗီဇ နဲ့ ကိုက်ညီတဲ့ အလုပ်တစ်ခု လုပ်စေချင်တယ်။ ဒါကတော့ မထူးဆန်းပါဘူး။ မိခင်ကောင်း၊ အိမ်ထောင်ရှင်မတိုင်း ဖြစ်ချင်ကြတဲ့ စိတ် ဆန္ဒမျိုးပါပဲ။ ဖရန်ခ့်ဘက်က ကြည့်တော့လည်း သူ ဝါသနာမပါလှတဲ့ အလုပ်ထဲမှာ တစ်နေ့ (၁၀) နာရီ အချိန်ပေးပြီး အလုပ် လုပ်နေတယ်။ သားသမီးတွေကို အဆင်ပြေအောင် ကျွေးမွေးနိုင်တယ်။ ဒါပေမယ့် သူ အိမ်ထောင်ရေးဘဝက အဆင်မပြေလှဘူး။ ဇနီးဘက်က Demanding တွေ များလွန်းတယ်ပေါ့။မပျော်ရွှင်တဲ့ အိမ်ထောင်သည် ဘဝကို ဖြေရှင်းဖို့ အမျိုးမျိုး ကြိုးစားနေပေမယ့် မအောင်မြင်၊ ဒါကိုပဲ ဖုံးကွယ်ဖို့ ကြိုးစားရင်း နဲ့ လုံးခြာလိုက်နေတော့တာပဲ။ ဧပရယ်က ပြင်သစ်မှာ အခြေကျဖို့ စီစဉ်တယ်။ ဖရန့်ခ်ကလည်း သဘောတူပြီးကာမှ ဧပရယ် မှာ တတိယ ကိုယ်ဝန်လွယ်လာရချိန်၊ ဖရန့်ခ် အလုပ်ကလည်း လခ ကောင်းကောင်းနဲ့ ရာထူးတိုးပေးလို့ တိုင်ပင်ထားတဲ့ အစီအစဉ်က ပျက်၊ အဲဒီ မလိုချင်တဲ့ ကိုယ်ဝန်ကို ဧပရယ်က ဖျက်ချပစ်ချင်၊ ယောက်ကျားလုပ်သူက သဘောမတူ၊ အခြေအနေရ ဒီမှာပဲ ဆက်နေဖို့ လက်ခံလိုက်ရပေမယ့် ဇနီးဖြစ်သူရဲ့ စိတ်ထဲမှာတော့ ပဲရစ် အစီအစဉ် အကောင်အထည် ဖော်ခွင့်မရလိုက်တာ ကြီးမားတဲ့ မကျေနပ်မှု အစိုင်အခဲပဲ။ သူ့ရဲ့ မျှော်လင့်ချက်ကို ခင်ပွန်းဖြစ်သူက ရိုက်ချိုးခဲ့တယ်လို့ပဲ ထင်နေတယ်။အဲဒီ နောက်ပိုင်းမှာ သူတို့ လင်မယား နှစ်ယောက် ရဲ့ ကြားက ဆက်ဆံရေးက အရမ်း အေးခဲသွားခဲ့ပြီ။ အဲဒီ အခြေအနေကြားမှာ ဖရန့်ခ် က သူ့ အလုပ်ထဲက အမျိုးသမီး မော်ရင်း နဲ့ ဖောက်ပြန်ခဲ့သလို၊ အေပရယ်ကလည်း အိမ်နီးချင်း ကလေးအဖေ တစ်ဦးနဲ့ ငြိစွန်းသွားခဲ့တယ်။ ဒါက ဘယ်လိုမှ လက်သင့်ခံစရာ မရှိတဲ့ အမည်းစက်ပါ။ ဒါပေမယ့် …လူတွေရဲ့ အပြုအမူကို ခေတ်ကြောင့်လို့ အတိအကျ လက်ညိုးထိုးလို့ မရပေမယ့် ဒီ scene တွေကို ထည့်ရိုက်ပြထားတာဟာ အိမ်တွင်းရေးမပြေလည်တဲ့ ဘဝတွေနဲ့ The age of anxiety လို့ သုံးနှုန်းရလောက်တဲ့ အဲဒီခေတ်မှာ စိတ်ညစ်ညူးမှုတွေကို ပုံစံအမျိုးမျိုး နဲ့ ထွက်ပေါက်ရှာတတ်တဲ့ အနေအထားမျိုးလို့ပဲ တွေးယူမိပါတယ်။ ဖရန့်ခ်က သူ ဖောက်ပြန်ခဲ့တဲ့ အကြောင်း ဇနီးဖြစ်သူကို ပြန်ပြောပြတဲ့ အချိန်မှာတောင် ဧပရယ်ဘက်က တုန်လှုပ်မှု မရှိတော့ဘူး။ သူ တို့ နှစ်ယောက်ကြားက အမုန်းအစိုင်အခဲ က ထုထည်ကြီးမားနေခဲ့ပြီ။ အဲဒီ အစိုင်အခဲ ပေါက်ကွဲတဲ့ အချိန်မှာ၊ သူတို့ မိသားစုရဲ့ domestic violence ကမီးတောင် တစ်ခုပေါက်ကွဲသလို ရန်ဖြစ်စကားများမှုတွေ ခဏခဏ ဖြစ်လာရတဲ့ အဆုံးမှာတော့ …..ဒီရုပ်ရှင်ကနေ ပျော်ရွှင်မှုတွေ၊ စိတ်ကြည်နူးစရာ romance လေးတွေကို ခံစားရမှာ မဟုတ်ပါဘူး။ ဒေါသတကြီး ပေါက်ကွဲ အော်ဟစ်သံတွေ၊ ဆဲဆို ရန်ဖြစ်သံတွေ နဲ့ ပြည့်နှက်နေတဲ့ မပြေလည်တဲ့ အိမ်ထောင်သည် လင်မယားကို ပဲ မြင်ရမှာပါ။ အပေါ်ယံပဲ ကြည့်ရင်တော့ ခေတ်တစ်ခေတ် ရဲ့ နောက်ခံ အိမ်ထောင်ရေး ဇာတ်လမ်းပေါ့။ မပြေလည်တာတွေကို fix မလုပ်နိုင်ဘဲ အပေါ်ယံဟန်ဆောင်မှုတွေနဲ့ ပြေလည်သယောက် ဖုံးကွယ်ထားတဲ့ အခါ ကြာလာလေလေ၊ အနာယဉ်းလာလေလေ နဲ့ အဆုံးသတ် မကောင်းတဲ့ ဖြစ်စဉ်မျိုးပါပဲ။ အဲဒါကြောင့်ပဲ သူတို့ နိုင်ငံတွေမှာ Marriage ဆိုတာကို အယုံမကြည် မရှိသူတွေ များလာပြီး လက်မထက်ခင် အတူနေ၊ သဘောထားချင်း မတိုက်ဆိုင်ရင် လွယ်လွယ်လေး ကွဲ လိုက်ကြ၊ နောက် တစ်ယောက်နဲ့ ပြန် တွဲ လိုက်ကျ နဲ့ .. complicated relationships တွေကို ပိုင်ဆိုင်နေကြသလား မသိပါ။ဒီ ဇာတ်ကားထဲမှာ သတိပြုမိတာ တစ်ခုရှိတယ်။ အဲဒါက အိမ်ထောင်မပြုခင်မှာ ကိုယ်စီ စိတ်ကူးတွေ၊ အိပ်မက်တွေ ရှိတယ်။ဥပမာ – ဧပရယ် ဆိုရင် မင်းသမီး ဖြစ်ချင်နေတယ်။ တကယ်တမ်း အိမ်ထောင်ပြုလိုက်တဲ့ အချိန်မှာ အဲဒီ စိတ်ကူးတွေ အကောင်အထည်ဖော်ခွင့်မရှိတော့ဘူး။ မိသားစုဘဝထဲ မြုပ်နှံလိုက်ရတယ်။ သားသမီး ရလာတဲ့အချိန်မှာ ပို လို့တောင် မဖြစ်နိုင်တော့တယ်။ အဲဒီ အချိန် အိမ်ထောင်ရေးမှာ အဆင်မပြေတာလည်း ကြုံရော .. ကိုယ်ဖြစ်ချင်တာတွေ မဖြစ်ခဲ့တဲ့ ဒါဏ်ရာဟောင်းက ပြန် ပေါ်လာတယ်။ အဲဒါ ပြသနာ အစ ပဲ။ယောက်ကျားတွေရဲ့ ဗီဇကို မသိမသာလေး ပြသွားတဲ့ ဇာတ်ကွက်လေးတွေ ရှိတယ်။ ဥပမာ ဧပရယ် (Kate) နဲ့ ဖောက်ပြန်ခဲ့တဲ့ Shep ဟာ သူတို့ရဲ့ အိမ်နီးချင်း၊ ဧပရယ်ရဲ့ အချစ်ဆုံး သူငယ်ချင်း မီလီ ရဲ့ ခင်ပွန်း။ မီလီက အိမ်ထောင်ရှင်မကောင်း တစ်ယောက်၊ ယောက်ကျားက ရှင်ဆိုရှင်၊ သေဆိုသေ၊ ဒါကို သူ့ယောက်ကျား လုပ်တဲ့သူက ဖောက်ပြန်တယ်။ နောက်ဆုံးခန်းမှာ မီလီက ဖရန့် နဲ့ ဧပရယ်အကြောင်း ခင်ပွန်းဖြစ်သူကို ပြောပြချင်တယ်ဆိုတော့ “သူတို့ အကြောင်းတွေ ငါဘာမှ မကြားချင်တော့ဘူးကွာ” ဆိုပြီး ထွက်သွားပါလေရော ..။ အဲဒါက တစ်ချက်။ဖရန့် တို့ရဲ့ နောက်ထပ် အိမ်းနီးခြင်း ဟဲလင် ဆိုလည်း သူ့ သား စိတ္တဇ ဝေဒနာသည်အတွက် တစ်ယောက်တည်း ရုန်းကန်နေရတာ။ ခင်ပွန်းလုပ်တဲ့သူက ဟောင်းဝဒ်က ဇနီး အပေါ် ထောက်ခံတဲ့ အပြုအမူမျိုးတစ်ခါမှ မပြခဲ့ဘူး။ တစ်ခုခု တိုင်ပင်ချင်တဲ့အချိန်တောင် နားမှာတပ်ထားတဲ့ ear phone ကို အသံမြင့်ပစ်လိုက်တယ်။ အဲဒီ အချက်တွေကို ကြည့်ချင်းအားဖြင့် ခင်ပွန်းတွေဟာ ဇနီးဖြစ်သူရဲ့ ဖွင့်ဟတိုင်ပင်တာမျိုးကို နားထောင်ချင်တဲ့ ဆန္ဒမရှိဘူး ဆိုတဲ့ သဘောမျိုး ဖြစ်နေတယ်။ နှစ်ယောက်ကြားက ထိတွေ့မှု နဲ့ ဝေမျှခံစားမှု အားနည်းခြင်း (lack of communication and sharing) က အိမ်ထောင်တစ်ခု ကျိုးပျက်စေနိုင်ဖို့ လုံလောက်တဲ့ အကြောင်းရင်းတစ်ခု ဖြစ်နေပြီ မဟုတ်လား။ဒီ ဇာတ်လမ်းရဲ့ နောက်ထပ် စိတ်ဝင်စားစရာ အချက်တစ်ခုက ဒီ ရုပ်ရှင်ကို ပုံဖော်ခဲ့သူ American Beauty တို့ Skyfall တို့လို နာမယ်ကြီး ရုပ်ရှင်တွေရဲ့ ဒါရိုက်တာ Sam Mendes က အဲဒီ ဇာတ်ကားရိုက်တဲ့ အချိန် ကိတ် ရဲ့ ခင်ပွန်းဖြစ်ပြီးတော့ အဲဒီ ဇာတ်ကားထွက်ပြီး နှစ်နှစ်အကြာ (၂၀၁၀) မှာ သူတို့ နှစ်ဦး လမ်းခွဲလိုက်ကြပါတယ်။ ဇာတ်ဝင်ခန်းတွေမှာ လင်မယားစရိုက် အနမ်းအရှုပ်၊ အပွေ့အဖက်တွေကို ပီပြင်အောင် ရိုက်ကူးရတာနဲ့ ပါတ်သတ်လို့ ဇနီး ဖြစ်သူ ကိတ် နဲ့ လီယို တို့ သရုပ်ဆောင်တဲ့ အပေါ် ကြီးကြပ်ရတာကို သူအနေနဲ့ စိတ်ထဲ ဘာမှ မရှိလှပါဘူးလို့ ဆန် က အင်တာဗျူး တစ်ခုမှာ ဖြေခဲ့ပါသေးတယ်။ထူးချွန်ဆုတွေနဲ့ ပါတ်သတ်ပြီး ပြောရရင် ရွှေကမ္ဘာလုံးဆု (Golden Globe) အတွက် စံကာတင် သုံးဆု ပါခဲ့ပြီး ကိတ် က အကောင်းဆုံး အမျိုးသမီးထူးခွန်ဆု ဆွတ်ခူးခဲ့ပါတယ်။ Silver Lingings Playbook က ဂျနီဖာ လောရင့်စ် ကို ကြည့်ပြီး ဒီ သူငယ်မ အတော် သရုပ်ဆောင်ကောင်းတာပဲလို့ တွေးခဲ့မိတာ။ ဒီ ဇာတ်ကားထဲက ကိတ် ကို ဘယ်မှီမလည်း။ (အသက်အရွယ်နဲ့ သဘာ ကတော့ အတော်ကွာပါတယ်။)အထူးသဖြင့် သူ စိတ်တွေအရမ်းလှုပ်ရှားနေလို့ စီးကရက် သောက်ပြီး စိတ်ထိမ်းရတဲ့ အခန်းတွေ၊ လင် ဖြစ်သူကို အားမလို အားမရ ဖြစ်နေလို့ .. “ဘာမှ အားကိုးလို့ မရဘူး။ ဘယ်လို ယောက်ကျားမျိုးလည်း” ဆိုပြီး လက်ညိုးငေါက်ငေါက်ထိုးပြီး ရန်တွေ့တဲ အခန်းတွေနဲ့၊ ယောက်ကျားလုပ်သူက တခြား မိန်းမတစ်ယောက်နဲ့ ဖောက်ပြန်ခဲ့တယ်ဆိုတာ ပြန်ပြောတဲ့အချိန်မှာတောင် မျက်နှာ တစ်ချက်ကလေး မပျက်ဘဲနဲ့ “ အခုချိန်မှ ဘာရည်ရွယ်ချက်နဲ့ ဒါတွေ လာပြောနေတာလည်း၊ ရှင် အပေါ် ကျွန်မ ဘာ ခံစားချက်မှ မရှိတော့ဘူး” ဆိုပြီး သွေးအေးအေး ပြန်ပြောနေတဲ့ အခန်းတွေက အတော် သရုပ်ပါ ပါတယ်။ဒီ ဇာတ်လမ်းကနေ တွေးမိတာတော့ အိမ်ထောင်မှု တစ်ခုဆိုတာ ဘက်ပေါင်းစုံက ရှု့ထောင့်အမျိုးမျိုးနဲ့ ချဉ်းကပ်စဉ်းစားရတဲ့ ကျုယ်ပြန့်တဲ့ ဘာသာရပ်တစ်ခုပါပဲဗျာ။ ဘ၀ ခရီးရှည်ကြီးကို မသေမချင်း အတူတူ လျှောက်လှမ်းရတဲ့ အချိန်မှာ သူ့ ဆီမှာ ကိုယ် လက်မခံနိုင်စရာ ဘယ်လိုအချက်တွေ ပါလာနိုင်လည်း ဆိုတာလည်း ကြို မသိနိုင်ဘူးလေ။ အဲဒါကြောင့် လက်ထပ်ပြီးစ စုံတွဲတွေကို Honeymoon ပျားရည်ဆမ်းခရီး ထွက်ခိုင်းကြတာ။ အဲလို သွားတယ်ဆိုတဲ့ သဘောကလည်း ခရီးရှည်ကြီးကို နှစ်ယောက်အတူ မသွားခင် ခရီးတို တစ်ခုကို နှစ်ယောက်အတူ သွားကြည့်တာ။ လူ တစ်ယောက်အကြောင်းဆိုတာ ခရီးအတူ ထွက်ရင်ကို ဘယ်လို စရိုက်တွေ ရှိလည်း သိနိုင်တာမျိုးတဲ့။ အဲလို ခရီးတိုလေး ထွက်တဲ့အချိန် ကိုယ် မကြိုက်တဲ့ အမူအကျင့်တွေ ကိုယ့် ဘဝခရီးဖော်ဆီက တွေ့လာခဲ့ရင် သည်းခံစိတ်ရှည် နားလည်နိုင်အောင်လို့တဲ့ဗျာ။စာလည်း အတော်ရှည်သွားပြီ။ စဉ်းစားစရာ ကောင်းတဲ့ အချက်လေး နှစ်ချက်နဲ့ ဒီ အညွန်းကို ပိတ် ပါရစေ …A man is incomplete until he is married. After that, he is finished.ယောက်ျားတစ်ယောက်ဟာ အိမ်ထောင်မပြုသေးမချင်း မပြီးပြည့်စုံဘူး။ အိမ်ထောင်ပြုပြီးသွားရင်တော့ နိတ္ထိတံ သွားပြီ။
Crd fofMyanmar

A young couple living in a Connecticut suburb during the mid-1950s struggle to come to terms with their personal problems while trying to raise their two children. Based on a novel by Richard Yates.

Revolutionary Road MMSub
Revolutionary Road MMSub
Revolutionary Road MMSub
Original title Revolutionary Road
IMDb Rating 7.3 203,835 votes
TMDb Rating 6.9 2,933 votes

Director

Sam Mendes
Director

Cast

Leonardo DiCaprio isFrank Wheeler
Frank Wheeler
Kate Winslet isApril Wheeler
April Wheeler
David Harbour isShep Campbell
Shep Campbell
Kathryn Hahn isMilly Campbell
Milly Campbell
Kathy Bates isMrs. Helen Givings
Mrs. Helen Givings
Michael Shannon isJohn Givings
John Givings
Dylan Baker isJack Ordway
Jack Ordway
Richard Easton isHoward Givings
Howard Givings
Zoe Kazan isMaureen Grube
Maureen Grube
Jay O. Sanders isBart Pollock
Bart Pollock

Similar titles

Slow West MMSub
Escape to Victory MMSub
Two Days, One Night MMSub
Sarangbang Guest MMSub
Classic Again MMSub
X-Deal MMSub
Death of a Fisherman MMSub
ADN 170 MMSub
JUL 245 MMSub
Once in a Summer MMSub
The Bridge on the River Kwai MMSub
ADN 281 MMSub

Leave a comment

Name *
Add a display name
Email *
Your email address will not be published