
ခုတစ်ခါမှာတော့ 11 ရက်နေ့ကမှ ပူပူနွေးနွေး ထွက်ရှိထားတဲ့ Action Thriller အမျိုးအစားဖြစ်တဲ့Rogue Hostage ကို တင်ဆက်ပေးပါရစေမင်းသားကတော့ Fast&Furious ပရိသတ်တွေတော့ မှတ်မိမယ်ထင်ပါတယ် ဟုတ်ပါတယ် သူကတော့ မင်းသားTyrese Gibson ပဲဖြစ်ပါတယ် သူဟာ ဒီကားမှာတော့ ကိုင်ဆိုတဲ့ ဇာတ်ကောင်ကို ရိုက်ကူးပုံဖော်သွားပါဇာတ်လမ်းအကျဥ်းပြောပြရမယ်ဆိုရင်တော့ စစ်ဆင်ရေးတစ်ခုကို အစပြုရမှာပါ
မရိန်းတပ်သားတစ်ဦးဖြစ်တဲ့ ကိုင်ဟာ ကံအကြောင်းမလှစွာနဲ့ အဆိုပါစစ်ဆင်ရေးမှာ သူ့ရဲ့ရဲဘော်ရဲဖက်ကို ဆုံးရှုံးလိုက်ရပါတယ် ကိုယ့်ရဲ့ပါတနာရဲဘော်တစ်ယောက် ဆိုးဆိုးရွားရွားသေဆုံးတာကို မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရခြင်းဟာ ကိုင်ကိုအလွန်သွေးပျက်ပြီး စိတ်ခြောက်ခြားဖြစ်စေခဲ့ပါတယ် ကိုယ်နဲ့သေမတူရှင်မကွာ သွေးသောက်ညီအစ်ကိုလို အမြဲတာဝန်ထမ်းဆောင်နေရတဲ့ပါတနာကို ဆုံးရှုံးလိုက်ရတာ ခံစားချက်က အလွန်ဝမ်းနည်းစရာကောင်းလှပါတယ် အဲ့ဒီဆုံးရှုံးမှုကို မျက်မြင်တွေ့လိုက်ရတဲ့ ကိုင်အဖို့ ရူးမတတ်ခံစားရမှာပါ အဲ့ဒီအဖြစ်အပျက်ပြီးတဲ့နောက်မှာလည်း ကိုင်ဟာသွေးထွက်သံယိုတွေ သေနတ်ပစ်သံတွေကို Trauma တစ်ခုလို ဆက်ပြီးခံစားခဲ့ရပါတယ်အဲ့လိုနဲ့ ကိုင်တစ်ယောက် မရိန်းတပ်ကနှုတ်ထွက်ပြီး ခိုနားရာအိမ်ပြန်လာတဲ့အခါမှာလည်းကံကြမ္မာက ကိုင်ကို မျက်နှာသာမပေးခဲ့ပြန်ပါဘူးကိုင်ရဲ့မိန်းမဖြစ်သူက သမီးဖြစ်သူကို ထားရစ်ခဲ့ပြီး နောက်အိမ်ထောင်ပြုဖို့ ထွက်သွားပါတော့တယ်ရဲဘော်ကိုဆုံးရှုံးရတဲ့အပြင် အိမ်ထောင်ရေးပါ ပျက်စီးခဲ့ရတဲ့ ကိုင်တစ်ယောက်ဟာ နောက်ဆုံးတော့ကလေးသူငယ်စောင့်ရှောက်ရေးအလုပ်ဘက်ကိုပဲ ခြေချခဲ့ပါတယ်ဒီလိုနဲ့ တစ်နေ့မှာ ကလေးသူငယ်စောင့်ရှောက်ရေးကနေ ကလေးတစ်ဦးကို ခေါ်ဆောင်ဖို့ ကိုင်တာဝန်ယူရပါတယ် သူတာဝန်ယူမဲ့ကလေးလေးကို မုန့်ဝယ်ကျွေးမယ်ဆိုပြီး စတိုးဆိုင်တစ်ဆိုင်မှာ ခဏဝင်နားခဲ့ပါတယ်ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို ထိုစတိုးဆိုင်က ကိုင်နဲ့မတည့်တဲ့ သူ့ပထွေးရဲ့ဆိုင်ဖြစ်နေတဲ့အခါ……တိုက်တိုက်ဆိုင်ဆိုင် အကြမ်းဖက်သမားတွေကလည်း ထိုစတိုးဆိုင်ကို ဝင်စီးရင်းကိုင်တို့လည်း ထိုဆိုင်ထဲမှာပဲ ဓားစာခံအဖြစ် ပိတ်မိနေခဲ့ပါတယ်…….သေနတ်သံတွေကြောင့် Trauma ရနေတဲ့ မရိန်းတပ်သားဟောင်း ကိုင်တစ်ယောက်အကြမ်းဖက်သမားတွေကို ဘယ်လိုနှိမ်နင်းမလဲ….ဓားစာခံတွေကို ဘယ်လိုကယ်တင်မလဲ….သူ့ကို အမြင်မကြည်တဲ့ ပထွေးကိုရော ကယ်တင်ဦးမလားဆိုတာ….စိတ်ဝင်တစား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်
A former Marine races against time to save a group of hostages — including his young daughter and a congressman — when armed militants take over his stepfather’s store.