
–
ဒီနေ့မှာတော့ အသစ်စက်စက် ထွက်ရှိထားတဲ့ Donnie Yan ရဲ့သိုင်းကားအသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ ။ မင်းသမီးလေးကလဲချန်ယွီချီ (yukee chen) ဖြစ်တာမို့ သရုပ်ဆောင်တွေနဲ့တင် ကြည့်ရတာ တကယ်တန်နေစေမှာပါ ။ဇာတ်လမ်းအကျဥ်း –မြောက်ပိုင်း စုန့်မင်းဆက် အုပ်စိုးစဥ်အချိန်ကာလ သူတောင်းစားဂိုဏ်းရဲ့ဂိုဏ်းချုပ်ဖြစ်သူ ချောင်ဖုန်းဟာ သူရဲကောင်းတစ်ယောက်အဖြစ် သိုင်းလောကမှာ ကျော်ကြားခဲ့ပါတယ် ။ ဒါပေမဲ့ တစ်နေမှာတော့ ရုတ်တရက်ဆိုသလို ချီတန်း(မြောက်ပိုင်းတရုတ်နိုင်ငံရဲ့ လူမျိုးစုတစ်ခု) အဖြစ်စွပ်စွဲခြင်းခံရတဲ့အပြင် သစ္စာဖောက်အဖြစ် သိုင်းလောက လူတိုင်းက သတ်မှတ်ခဲ့ပါတော့တယ် ။ အမှန်တရားကို ရှာဖွေဖို့ သူတောင်းစားဂိုဏ်းကနေ ထွက်လာခဲ့ပြီး ခရီးလမ်းတစ်လျှောက်မှာ အညှိုးအတေးများကို ချောင်ဖုန်းတစ်ယောက် လက်စားချေခဲ့ပါတော့တယ် ။ အဲ့ဒီခရီးလမ်းမှာပဲ မုရုံအိမ်တော်မှမိန်းမလှလေး အားကျူးနဲ့ မေတ္တာမျှကာ အတူတူ သိုင်းလောကမှာ ကျဥ်လည်ခဲ့ပါတယ် ။ ဒါပေမဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်းတွေကို ခံလိုက်တဲ့အခါမှာတော့ –❏ ချောင်ဖုန်းတစ်ယောက် အဲ့ဒီအလှည့်အပြောင်းကို ဘယ်လိုရင်ဆိုင်မှာလဲ?❏ သူ့ရဲ့ ချစ်ရသူ မိန်းကလေး အားကျူးရဲ့ နောက်ကွယ်မှာ ဘယ်လိုအရာတွေရှိနေဦးမှာလဲ?❏ သစ္စာဖောက်အဖြစ် ခံယူထားရတဲ့ ချောင်ဖုန်းတစ်ယောက် သူကိုယ်တိုင်ရဲ့တရားမျှတမှုကို ပြန်လည်ရှာဖွေ နိုင်ပါ့မလားဆိုတာ ကြည့်ရှုလိုက်နော်။
New adaptation of Louis Cha’s wuxia novel Demi-Gods and Semi-Devils.