
ဒီတစ်ခါတော့ အမျိုးသမီး ဂျွန်ဝစ်ခ် အကြောင်းပေါ့ဗျာ။မင်းသမီးကတော့ 007 Quantum of Solace, Hitman, Johnny English 3 စတဲ့အမိုက်စားကားတွေမှာပါခဲ့ဖူးတဲ့ ပြင်သစ်မင်းသမီး Olga Kurylenko က အဓိကဇာတ်ကောင်အဖြစ် ပါဝင်ထားတဲ့ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ကလယ်ရာ ဟာ ကင်းစောင့်စစ်ဆင်ရေးမှာ တာဝန်ကျတဲ့ အထူးတပ်သားတစ်ယောက်ဖြစ်ပါတယ်။နိုင်ငံရပ်ခြားကစစ်ဆင်ရေးမှာ အဖြစ်ဆိုးကြီးတစ်ခုကြောင့်စိတ်ဒဏ်ရာရခဲ့ပြီးအမေနဲ့ညီမ ရှိတဲ့ မိမိနေထိုင်ရာပြင်သစ်ကို ရွှေ့ပြောင်းခံခဲ့ရပါတယ်။ညီမဖြစ်သူ တာနီယာနဲ့အတူ ကလပ်တက်ခဲ့ပြီးနောက်တစ်နေ့မှာ တာနီယာဟာအဓမ္မပြုကျင့်ခံခဲ့ရတာကို စိတ်ပျက်ဝမ်းနည်းစွာသိလိုက်ရပါတယ်။နိုက်ကလပ်ရဲ့လုံခြုံရေးဗီဒီယိုကတစ်ဆင့်သူ့ညီမတာနီယာဟာ ရုရှားအမျိုးသားတစ်ယောက်နဲ့နောက်ဆုံးထွက်သွားခဲ့တာတွေ့လိုက်ရပြီးထိုအမျိုးသားရဲ့ဖခင်ဟာ အရှိန်အဝါကြီးတဲ့ နည်းပညာရှင်တစ်ယောက်ဖြစ်နေလို့
ဥပဒေရစုံစမ်းစစ်ဆေးဖို့အခက်တွေ့နေတဲ့အခါကလယ်ရာဟာ ဥပဒေဘောင်ကထွက်ပြီး လက်စားချေဖို့ အမျိုးသမီးဂျွန်ဝစ်ခ် လုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အရင်ခေတ်တုန်းက ဂျက်မ လို့ ခေါ်တဲ့ အမျိုးသမီး အက်ရှင်ကားကောင်း ကြိုက်နှစ်သက်သူများ အကြိုက်တွေ့ကြဦးမှာပါ။မင်းသမီးတွေရဲ့ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်ရဲ့အလှတရားကို ခံစားရမယ့် အခန်းတွေလည်း ပါဦးမှာဆိုတော့ကာ …..ဘာများစောင့်နေဦးမလဲ …. ပရိသတ်ကြီးရယ်
Transferred home after a traumatizing combat mission, a highly trained French soldier uses her lethal skills to hunt down the man who hurt her sister.